Monday, October 28, 2019
အိမ် ခြံ ကား ဝယ်ရန် အခွန် ကင်းရှင်းကြောင်း စာရွက်စာတမ်း ရယူနည်း
စင်ကာပူမှာအလုပ် လုပ်ပြီး အခွန်ဆောင်ထားသူများ မြန်မာနိုင်ငံတွင် တိုက်ခန်း/ကား ဝယ်ယူရာတွင် အခွန်ကင်းလွတ်ခွင့်ရ ရန် စာရွက်စာတမ်း များကိုအောက်ပါ အတိုင်း ဆောင်ရွက်နိုင်ပါသည်။
IRAS ရဲ့ လိပ်စာကတော့
  1. MFA တုန်းထုပြီး ဖိုင် (ဖဲကြိုး အနီနှင့်သာစီးထားသည်)
  2. IC Copy
  3. Passport Copy နှင့်
  4. Legalize လျှောက်ထားကြောင်း Cover Letter
Unicode
စင်ကာပူမှာအလုပ် လုပ်ပြီး အခွန်ဆောင်ထားသူများ မြန်မာနိုင်ငံတွင် တိုက်ခန်း/ကား ဝယ်ယူရာတွင် အခွန်ကင်းလွတ်ခွင့်ရ ရန် စာရွက်စာတမ်း များကိုအောက်ပါ အတိုင်း ဆောင်ရွက်နိုုင်ပါသည်။
၁. NOA (Notice of Assessment) ကို မိမိ၏ SingPass သုံး၍ Online မှ ဝင်ကြည့်လျှင် ၃ နှစ်စာ မှတ်တမ်းသား တွေ့ရမည်ဖြစ်ပါသည်။ ၃ နှစ်ထက်လွန်သော နှစ်စဉ် အခွန်စာရွက် များ သိမ်းဆည်းထားမိခြင်းမရှိပါက IRAS မှ သွားရောက်တောင်းယူနိုင်ပါသည်။
IRAS ရဲ့ လိပ်စာကတော့
55 Newton Rd, Revenue House, Singapore 307987 ဖြစ်ပါတယ်။ အနီးဆုံး MRT Station ကတော့ Novena Station (NS20) ပါ။ Fee ကတော့ အောက်ပါအတိုင်း ကောက်ခံပါတယ်
ဘယ်နှနှစ်စာအတွက် ရှာရှာ Microfilm ပေါ်မှ မဟုတ်လျှင် ဒေါ်လာ ၂၀ ကောက်ခံပါတယ်။ Print ထုတ်ခကိုတော့ တစောင် ၃ ဒေါ်လာ သို့မဟုတ် စင့် ၃၀ ကောက်ခံပါတယ်။ Certified Copy ဖြစ်တဲ့ ၃ ဒေါ်လာတန်သာ Print ထုတ်ဖို့ တိုက်တွန်း ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့နေမှ Certify ပြန်လုပ်ပေးသော အခါ ၅ ဒေါ်လာကောက်ခံသောကြောင့် ၂ ဒေါ်လာပိုကုုန် ကျလို့ပါ။ Nets သို့မဟုုတ် Bank Transfer နှင့် ပေးချေလို့ရပါသည်။
၂. NOA (Notice of Assessment) ရပြီးသည့် အခါ ရှေ့နေဆီ သွားရပါမည်။ HOH Law Corporation က Branch ၈ ခုလောက်ရှိပေမဲ့ Adelphi မှာတော့ မြန်မာ ဝန်ထမ်းရှိတာမို့ ပိုအဆင်ပြေကြမယ် ထင်ပါတယ်။ HOH Law Corporation ရဲ့ လိပ်စာကတော့ 1 Coleman Street #B1-05, Singapore 179803 (The Adelphi).
လက်ရှိ (Oct 2019) မှာတော့ ရှေ့နေက ဝန်ဆောင်က ရ၅ ဒေါ်လာ နှင့် SAL (Singapore Academy of Law) က တော့ ဒေါ်လာ ၈၀ ကောက်ခံ ပါတယ်။ Certified True Copy လုပ်ရလျှင် တစောင် ၅ ဒေါ်လာကောက်ခံပါတယ်။ ကုန်ကျစရိတ် စုစုပေါင်း အပေါ်မှာ မှ GST 7% ထပ်မံပေးဆောင်ရပါတယ်။ နာရီဝက်လောက် ထိုင်စောင့်ပြီးရင်တော့ အောက်ပါ Cover Page နဲ့ Certified True Copy (of NOA) တထပ်ကို တွဲလျှက်သား ရရှိပါမယ်။
၃. စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုသွားဖိုလိုပါတယ်။ MFA (Ministry of Foreign Affairs) ရဲ့ လိပ်စာကတော့ 1 Sherwood Rd, Singapore 248163 ပါ။ Lobby တွင် Q ယူပြီး၊ Q နံပါတ်ခေါ်သည့် အခါ Legalize လုပ်ချင်ကြောင်းပြောပါ။ ရှေ့နေမှ ပေးလိုက်သော စာရွက်ပေါ် ထပ်မံ၍ တုန်းထု ပေးပါလိမ့်မည်။ တုန်းထုခ ကိုတော့ ၁၀ ဒေါ်လာကောက်ခံပါသည်။ Nets နှင့်သာ ပေး၍ ရပါသည်။
၄. MFA မှ တုန်းရပြီးလျှင် မြန်မာ သံရုုံးသို့ နေ့လည် 12 နာရီ မထိုးမိ အရောက်သွားရပါမည်။ သံရုံးတွင် လိုအပ်မည့် စာရွက်စာတမ်းကတော့
    MFA တုန်းထုပြီး ဖိုင် (ဖဲကြိုး အနီနှင့်သာစီးထားသည်)
    IC Copy
    Passport Copy နှင့်
    Legalize လျှောက်ထားကြောင်း Cover Letter
မြန်မာ သံရုံးတွင် တန်းစီးစရာ မလိုပဲ သံရုုံး၏ လုံခြုံရေး အခန်းဘေးတွင်ရှိသော Info Counter တွင် Legalize လုပ်ချင်ကြောင်း ပြောလျှင် တင်ပြသော စာရွက်စာတမ်းများယူထားပြီး Receipt တခုထုုတ်ပေးပါသည်။ တပတ် ကြာလျှင် သွားရောက် ထုတ်ယူနိုင်ပါသည်။ ထုတ်ယူချိန်တွင် ဒေါ်လာ ၅၀ ပေးဆောင်ရပါမည်။
အားလုံးပဲ အဆင်ပြေလွယ်ကူချောမွေ့ကြပါစေ။
Monday, December 31, 2012
၉ တန်းအောင်စာရင်း နှင့် မှတ်မိနေသော ဆရာ ..
ဇန္နဝါရီ ကို မြန်မာပြည် ပြန်ဖြစ်ရင် ကျွန်တော်တို့ ၉ တန်း၊ ၁၀ တန်း က ဆရာတွေ ကို သူငယ်ချင်းတွေ စုပြီး ကန်တော့ဖြစ်ကြမှာ ဆိုတော့၊ အဲဒီ အချိန်တုန်းက မှတ်မှတ်ရရ ဘာများရှိခဲ့သလဲ လို့ ပြန်စဉ်းစားနေမိတယ်။ ခက်တာက ကျွန်တော့ မှတ်ဥာဏ်က ကောင်းတာတွေသာ မမှတ်မိတာ၊ မကောင်းတာတွေတော့ အင်မတန်မှ မှတ်မိတတ်တာပဲ။
မှတ်မှတ်ရရ ကိုတန်းစာမေးပွဲဖြေပြီးလို့ ကိုရင်ခဏ ဝတ်ပြီး၊ တရားစခန်းဝင်နေတုန်းပါ။ တရက် တရားဖြုတ် တဲ့ ခေါင်းလောင် ထိုးပြီးပြီးချင်း...
"ကိုရင် ကိုရင် မြန်မြန်.. " ဆိုပြီး သူငယ်ချင်းတယောက်က ဓမ္မာရုံရဲ့ ပြတင်းပေါက်ကနေ အလောတကြီး လက်ရပ်ခေါ်ပါတယ်။ ကိုရင်ကလည်း တရားထိုင်ကခုမှ ထတာဆိုတော့ အမှတ်ကလေး နဲ့ သူ့ဆီဖြေးဖြေး လျှောက်သွားပြီး
"ဘာဖြစ်လို့လဲ တကာ.." လို့သက်တောင့်သက်သာပဲ မေးလိုက်တယ်။ သူငယ်ချင်းက
"ကိုရင့် နံမည် အောင်စာရင်းထဲမှာ ပါမလားဘူး.. မြန်မြန်လိုက်ခဲ့ ကျောင်းသွားကြမယ်.."
အဲဒီကျမှ ကိုရင်လည်း ပြူးတူးပြာတာနဲ့ "ဟေ့ ဟုတ်လား ဒုက္ခပါပဲ ကွာ ငါလည်းဖြေနိုင် ခဲ့ပါတယ်.. ကျတဲ့ အထိတော့ မဖြစ်နိုင်ပါဘူးကွာ.." ဆိုပြီး အမှတ်တရားတွေလည်း ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး သူငယ်ချင်း စက်ဘီးနောက်က ခုန်တက်ပြီး သင်္ကန်းတလူလူ နဲ့ အထက်တန်းကျောင်းကို ပြေးရပါတော့တယ်။
ကျောင်းရောက်တော့ အောင်စာရင် ဘုတ်ဘေးမှာ တာဝန်ကျနေတာ ကိုးတန်းနှစ်ရဲ့ ပထဝီ ဘာသာ သင်ပေးရတဲ့ ဆရာပါ။ ကိုရင်လည်း ကမန်းကတန်း အောင်စာရင်း ကို တခါထပ်ကြည့် ပြီး၊ မပါဘူးဆိုတာသေချာတော့ မှ ဆရာ့ ကိုမျက်နှာငယ်လေးနဲ့ သွားပြောရပါတယ်။
"ဆရာ.. ကျွန်တော့နံမည် အောင်စာရင်းထဲမှာ ပါမလားဘူးဗျာ.." 
ဆရာက ခပ်သော့သော့ ပြုံးပြီး .."အောင်စာရင်းမှာ ပါမလာတာ ကျလို့ပေါ့ကွ .."
"ဗျာ .." ကျွန်တော့မှာ ဗျာ ဆိုတဲ့ အာမေဋ္ဋိတ် သံက လွဲလို့ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ စာမေးပွဲ ကျမှာ လည်းအရမ်းကြောက်နေပြီ .. အဲဒီအချိန်ကျမှ ဘာတွေ မဖြေနိုင်ခဲ့ သလဲ ဆိုတာ အလောတကြီး ပြန်စဉ်းစာနေတုန်း ....ကျွန်တော့အဖေ ရောက်လာပြီး သံပန်းတခါးတွေ ပိတ်ထားတဲ့ ကျောင်းဆောင် ထဲဝင်ခါ သူ့ငယ်ဆရာ (ဆရာဦးဝင်းလှိုင်) တွေနဲ့ ပြောဆိုပါတယ်။ တချိန်တည်းမှာ ပဲ ကျွန်တော်အမြဲ လေးစား အားကျ ရတဲ့ ကျောင်းအုပ်ဆရာကြီး ဦးကြည်သန်း က ကျောင်းအပေါ်ထက်ရုံးခန်းက ဆင်းလာပါတယ်။ ဆရာတွေ ပြောဆိုနေကြတာကို နားထောင်ပြီး ကျွန်တော့ဆီကို လှမ်းကြည့်ပါတယ်။ ကျွန်တော့ကို တွေ့တာ နဲ့
"ဟာ.. ဒီကိုရင် လား ဒီကိုရင်ဆိုရင် မကျဘူး" ဆိုပြီး ... အောင်စာရင်း ရိုက်တဲ့ ဆရာမကို ချက်ချင်းခေါ်ခိုင်းတော့တာပါပဲ ... ဆရာမ ရောက်တာ နဲ ချက်ချင်း အောင်စာရင်းကို ပြန်စစ်ခိုင်းပါတယ်။ ပြီးတော့ အောင်စာရင်းကို ချက်ချင်း ပြန်ထုတ်ခိုင်းပါတယ်။ မှတ်မှတ်ရရ ကျွန်တော် ကိုးတန်းမှာ အတန်းပတ်လည် ဒုတိယ ရပါတယ်။ အောင်စာရင်းရိုက်ပေးရ တဲ့ ဆရာမ က ၁၀ တန်းက ဆရာမ ဆိုတော့ ၁၀ တန်းကျမှ ပြန်တွေ့ရပါတယ်။ ပြန်တွေ့ပေမဲ့ ဆရာမ ကို ဒီကိစ္စ နဲ့ တွဲပြီး ကျွန်တော် မမှတ်မိပါဘူး။ ၁၀ တန်းစာမေးပွဲ ဖြေခါနီး ၁၀ တန်းကျောင်းသားအကုန်လုံး ရဲ့ ခုန်နံပါတ်တွေကို ဖြည့်ပြီး စာရင်းလုပ်ရ တဲ့ အခါကျတော့ ကျွန်တော်တို့ သူငယ်ချင်း တချို့ ဆရာတွေ ကိုကူရပါတယ်။ ကူနေရင်းနဲ့မှ.. အမှားပါသွားတဲ့ စာရွက်တွေ.. ကို ခေါက်ချိုး ချိုးပြီးသီးသန့် ခွဲထားဖို့ ဆရာမ တယောက်က ကျွန်တော့ကို သတိပေးပါတယ်။ တခါတည်းဆက်ပြီး ဆရာမ က "ဘာလို့ အဲလိုသတိပေးရလဲ သိလား .." လို့မေးပါတယ်.. ပြီးတော့.. "ငါ အဲဒီလို စာရွက်တွေ ခေါက်ရမှာ နှမြောလို့ နင့် အောင်စာရင်း ကို မှားထုတ်ပေးခဲ့ မိတာ.. " လို့ပြောပါတယ်။ အဲဒီအခါကျမှ ပဲ ဆရာမ နဲ့ ကျွန်တော့ ၉ တန်း အောင်စာရင်းကိစ္စကို သွား ဆက်စပ်မိပါတယ်။
ဒီအဖြစ် ကို ပဲ ကျွန်တော် တခြားရှုထောင့်တခုကကြည့်မိပါတယ် .. တကယ်လို့များ ... ကျွန်တော်သေသေချာချာ မှတ်မိနေတဲ့ ဝါကျ လိုမျိုး .."အောင်စာရင်းမှာ ပါမလာတာ ကျလို့ပေါ့ကွ ..." ဆိုတဲ့ အတိုင်းသား လက်ခံလိုက်ရ တဲ့ ကျောင်းသားဆိုရင် .. ဘဝမှာ တနှစ် နစ်နာရမှာပါ။ ပိုဆိုးတာက အဲလိုပြောတဲ့လူက ကျွန်တော့ဆရာပါ .. ကျွန်တော့ရဲ့ အခြေအနေသိနေတဲ့သူက ကျောင်းအုပ်ဆရာ ကြီးပါ။ မိမိ အလုပ်အပေါ် စိတ်ဝင်စားတဲ့သူ နဲ့ စိတ်မဝင်စားသူ ရဲ့ ကွားဟချက်လို့လည်းမြင်မိပါတယ်။
လက်လွတ်စပယ် ပြောတတ်တဲ့ ဆရာတယောက်ကို တွေ့ခဲ့ရပေမဲ့ တချိန်တည်းမှာပဲ ဒီမတော်တဆမှုလေးတခုကြောင့် ကျွန်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတချို့ ရဲ့ သဘောထားကို သိရှိခွင့် ရခဲ့ပါတယ်။ ပူပူပန်ပန် ကြောင့်ကြောင့်ကျကျ နဲ့ ကျွန်တော့ကို လိုက်ကူညီပေးခဲ့ တဲ့ ကျွန်တော့ သူငယ်ချင်း ဇေယျာထူး ကိုတော့ သတိတရ နဲ့ ကျေးဇူးတင်မိပါတယ်။
သူငယ်ချင်း အားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။
Interested Inventions in 2012
Well, 2012 is about to over and we need to usher a brand new 2013 in 3 hour time. It has been too long that I do not write any posts for my blog which is now quite dusty with a single post in 2012.
In fact, I have been very excited with new finding since Oct 2011 which is to prove that there is something faster than light speed. Unfortunately, it was not successful, and light traveling in a vacuum is still the universal speed limit according to Einstein's theory.
Particularly in 2012, I am interested in two inventions though there are a lot of new inventions in this year.
The first is the creation of a small, perfect white cloud in the middle of a room. The Dutch artist Berndnaut Smilde has developed a way to generate it using a smoke machine though he needs to carefully monitor the temperature,humidity and lighting.
You can explore more of artist Berndnaut Smilde's works at his website.
Another invention that I am interested is Self-Inflating Tires though main idea and technology has been started introducing since 2008. Now it is specifically highlighted for Goodyear tires which can detect the pressure level in the tires. Once the pressure gets too low in these tires, an internal pressure regulator opens to allow air to flow into a pumping tube, and as the wheel turns, the flattened part helps squeeze air from the tube through an inlet valve into the tires. When the air pressure reaches to maximum allowable level in the tires, the regulator closes automatically.
The similar basic operating procedure can be found on youtube website as well.
There will definitely be many more inventions in 2013, and personally I wish all the inventions to be able to help the daily life of human beings and no invention of life threatening weapons to be successful.
Wishing you and your loved ones a Happy and Prosperous New Year 2013!!  
Saturday, June 16, 2012
It's Crime. It is NOT a religion clash.
During these days, I have been reading news about the clash between Arakanese which is one of Myanmar ethnics and Rohingya, illegal immigrants. What I realized is that all news agencies could not present the case to the readers around the world to have thorough understanding on this issue. Therefore, I decided to put an effort to convey the exact situation to International Communities who might have interested in this issue.
First of all, I would like to highlight that this clash is not something in between Muslim and Buddhist because all religions have been living in Burma peacefully and harmonically to date. However, after reading so many news reports, it seems all news agencies tried to give an idea like the clash is between Muslim and Buddhist. In fact, it is not about any religions, and it is just a matter of how they report. I guess there might be the reason why they reported in such a way to mislead from reality. Perhaps, they tried to extend the case in view of religions or they bought the news from unreliable sources. They themselves would be able to answer on their true intention.
Second on my list to clarify is that Rohingya is NOT one of Myanmar ethnics. Again, this is nothing to do with any religions or human rights. It is simply because they are not Myanmar ethic from the beginning. Many people might want to debate on this fact. If so, I will make myself clear by giving an example. Can I claim that Burmese is one of British ethics after staying in Britain for more than ten years or so? Furthermore, there is no county in the world who will accept illegal immigrants happily. Only Arakanese is very good in nature, and allows Rohingya to stay in their State harmonically though. I can imagine how Arakanese got angry when they (the host) were insulted by illegal immigrants in a way not acceptable by any societies.  
Since three Rohingya guys raped and killed a lady of Arakanese, this is a crime that they had committed. Arakanese should have seriously pushed authorities to take actions against such crime instead of retaliating by killing ten Rohingya guys. As a consequence, Rohingya set fire to thirty villages of Arakanese. In the end, both committed different kinds of crime.
All in all, the rule of law is the most important as it has been repeatedly highlighted by democratic icon, Daw Aung San Suu Kyi. The reason why I echo her opinion is that I am trying to get to the very beginning of Rohingya case.
How could those Rohingya cross the border line and stay in Arakanese State?
How is Immigration Authority handling on those illegal immigrants (not only Rohingya, also other illegal immigrant)?
In the long run, the population of Rohingya will also grow up. We cannot always keep them in refugee camps. I think this is something that Myanmar Government to set a proper procedure or assessment (on characters/behaviors/quality and so on) for them to be Myanmar citizens even though their country of origin is not willing to accept back. Also, I believe this is NOT something to pressurize Myanmar to accept Rohingya as citizens. If someone wishes to insist to accept them, I might need to raise a counter question, “why don’t you try on them by bringing them to your home country as your own citizen right away?”
In view of Human Rights, I agree that Rohingya need to be taken care in terms of education, health care, not to be forced labor and things like that. (Reason being a developing and poor country, personally I do not think Myanmar would be able to cover for all those requirements.) On the other hand, Rohingya need to respect the rules of the area they are staying, and local cultures.  
After all, we all human beings need to live together by taking care of one another, also respecting the rules and regulations that have been set for the territory where we are living and contributing to. That will definitely bring the peace and harmonious society for each and every one of us.
LLZ
Sunday, December 25, 2011
Let's go together
I am NOT a politician, but I have been thinking about the process of democratization in Burma. Recently I found a website which has many posts like personal attack on opposition leader Aung San Su Kyi. Then I realize there are two big groups in contradiction. On one hand, opposition party has been criticized by those people who are just trying to defame the party perhaps by earning money but doing nothing for people and country of Burma. On the other hand, the opposition party is too entrusted for political changes in Burma by those people who are always ready to agree to the decision of democratic icon, Aung San Su Kyi. It is very crucial for latter ones in case something happen to current leaders like in 1947. Consequently people will be lost and country will suffer for several decades until they find another leader. Also, it should not forget about that Aung San Su Kyi is just human being which has the chances of making mistakes for people and for herself.
So, I wanna say both groups are at two extreme ends without having valuable contribution to the process of democratization in Burma. Reason being a low education system in Burma, it is obvious that it will be too difficult to start and maintain the stability of Democracy in Burma. Basically, education is the major element for democratic political system. That might be the reason why UN ex-General Secretary U Thant didn't really believe in Democracy to start in Burma according to his articles.
In my personal point of view, we need many more trained people who have proper thinking, passion to contribute to society & country and depth & breadth of knowledge on political system which needs to be customized for our own country. We need a lot of cooperation in the process of democratization rather than just criticizing though you have your own right to do so.
Last but not least, the security of our leaders, opposition leader and the President, is really really crucial for the time being. Therefore, I would like to suggest those people who are dissatisfied with the current trend of political change to put it on the table and try to digest by discussing with those leaders in power. In turn, all authorized leaders should have open mind to discuss with any groups and/or minorities. All in all, we need to take consideration for all 60 million people together, and please try NOT to classify as minority or majority.
Tuesday, May 31, 2011
စိတ္တဇ..အတွေးများ..
အားရပါးရ ရယ်နေတဲ့ ကျွန်တော် ဟာ... စိတ်ဓါတ်ကျနေသူ တယောက်လို့ ဘယ်သူကထင်ပါ့မလဲ..
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေ ကို အားကျိုး မာန်တက် အားပေးနေတဲ့ ကျွန်တော်ဟာ.. စိတ်လေလွင့်နေသူတဦးဖြစ်နေတယ်ဆိုတာကို သူတို့ကိုပြောမပြရက်တဲ့ အခါ...
ကျွန်တော်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကို ကျွန်တော်ကိုယ်တိုင် မလိုက်နာတော့ တဲ့ အခါ..
ကျွန်တော့ရဲ့ ဘဝ ရည်မှန်းချက် တွေ ပျောက်ဆုံး ကုန်တဲ့ အခါ...
ဘဝ မှာ ရှေ့ဆက်လျှောက်ဖို့အတွက် တွန်းအားမှန်သမျှ ပျောက်ဆုံးသွားတဲ့ အခါ...
စာမေးပွဲကျသလိုမျိုး အရှုံးတော်တော် များများကို ရင်မှာ ပိုက်ထားရတဲ့ အခါ...
အောင်မြင်မှုတွေအတွက် စွန့်လွှတ်မှုတွေ များရပါလားလို့ သဘောပေါက်နားလည် လာတဲ့အခါ..
မစွန့်လွှတ်နိုင်သော တန်ဖိုးထားရသော အရာများအတွက် ထိုအောင်မြင်မှုဆိုတာတွေကို နာကြည်းမှုအပြည့် နဲ့ ပြစ်ထိုးလိုက်မိတဲ့ အခါ...
ဝေ့ဝါးလာတဲ့ မျက်ဝန်းအိမ်ဟာ ကျွန်တော့ပါးပြင်ပေါ် ပြိုကျမလာဖို့.. ခေါင်းကို ခတ်ဆတ်ဆတ် ခါပြစ်ရင်း...
ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်ဓါတ်ကျနေဦးမှာလဲ...
ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်လေလွင့်နေဦးမှာလဲ....
ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်အလိုလိုက်နေဦးမှာလဲ...
မေးခွန်းတွေအတွက် မဖြေမရှိတော့တဲ့ အခါ...
ကျွန်တော်ဟာ ဘာကြောင့်များ ဆက်အသက်ရှင်နေတာပါလိမ့်...
Wednesday, March 23, 2011
သစ္စာမြေ ဝယ်...
ဂိမ္မာန်နွေ ခါခါကျော့ ပြန်တော့
နှော့ပြန်ပေါ့လေရူးတွေ
ရွက်ဝါကြွေ မြေဝယ်ခကာပ
လောကကို အလှဆင်တယ် အချင်းနဲ့လေ။
တာတခူးမှာလ ပျော်မြူးကြဖေါ်ချင်းတွေ
ဆွေးမြေ့ကာ မရွှင်အား
တပြည်သူ ခင်ခင်ထားကိုမှ
ပွါးမိတဲ့..မောင့်မေတ္တာ
ဗျာဘာ သာကြွင်းပီမို့
ဝင်းကြည်တဲ့ ခင့်မျက်နှာ
မျှော်မှန်းကာ ပြောချင်ပ
တသက်မှာ ဒီတချစ်
တချစ်တယောက်တည်းရယ်မို့
မသွေတဲ့ သစ္စာမြေဝယ်...
လွမ်းရစ်မယ်..မငိုတမ်း။   ။
Saturday, March 12, 2011
စူနာမီ
မတ်လ ၁၁ ရက်၊ သောကြာ နေ့ ဂျပန်တွင်လှုပ်ခတ်သွားသော ငလျှင်ကြောင့် တရုံးလုံး လှုပ်လှုပ် ရွရွဖြစ်နေသည်။ ဤရုံးတွင်ရှိသော ဝန်ထမ်းတော်တော်များများမှာ အင်္ဂလန် မှဖြစ်သော် လည်း ကော်မာရှယ် မန်နေဂျာ က စူနာမီ သတိပေး သတင်းထွက်နေကြောင်း အရေးတကြီး ဆွေးနွေးစရာလို ဖြတ်သွားသမျှ လူကိုပြောပြနေသဖြင့် အားလုံးကပြူးတူးပြဲတဲ နှင့် အရေးစိုက်စရာဖြစ်နေခဲ့သည်။ အမှန်တော့ စင်ကာပူရော၊ အင်္ဂလန် ပါ စူနာမီ သတိပေး ဒေသတွင်မပါပေ။ သို့သော် ထိုဒေသတွင် နေထိုင်သည့် လူများခံစားရမည့် ဒုက္ခ ကို ပမာမျှ စဉ်းစာရုံနှင့် အသေအပျောက်များမည့် အရေး၊ အိုးပျက် အိမ်ပျက်ဖြစ်မည့်အရေး၊ ရောဂါဘယ များခံစားရမည့် ဘေး၊ ချစ်သူခင်သူတို့နှင့်ကွေကွင်းရမည့်ဘေး၊ ခံစားရမည့် စိတ္တဒုက္ခ ကာယဒုက္ခ အပေါင်းတို့မှာ စဉ်းစားကြည့်ရုံနှင့်ပင် အင်မတန်မှ စိတ်မကောင်းဖြစ်ရသည်။ အမှန်တော့လည်း စူနာမီဆိုသည်မှာ သတ္တန္တရကပ် လို့ပင်ဆိုရမည်၊ ကြိုတင်ခန့်မှန်း၍ သတိပေးနိုင်သော်လည်း ဖြစ်ချင်မှ ဖြစ်၍၊ သတိပေးထားသော နေရာဒေသ မဟုတ်သော်လည်း ဖြစ်ချင်ဖြစ်နေတတ်သည်။
စူနာမီ ဆိုသောအမည် မှာ ဂျပန် နိုင်ငံ မှစတင်ခဲ့သော အမည်ဖြစ်သည်။ "စူ" မှာ ဆိပ်ကမ်းကို ရည်ညွန်း၍၊ "နာမီ" မှာ လှိုင်း ကို ရည်းညွန်းသည်။ စူနာမီရေလှိုင်းတို့သည် ပင်လယ်သမုဒ္ဒရာ ရေနက်ပိုင်း ဒေသတွင်ဖြစ်ပွါးသေား ပြင်းထန်သည့် ငလျှင်ကြီးများမှ စတင်ဖြစ်ပေါ်လေ့ရှိသည်။ သမုဒ္ဒရာအတွင်း နေ့စဉ်တိုက်ခတ်နေ သော လေကြာင့်ဖြစ်ပေါ်နေသော သမုဒ္ဒရာလှိုင်းတို့မှာ ပျှမ်းမျှအားဖြင့် လှိုင်းအလျှား မှာ မီတာ ၁၀၀ ခန့်ရှိပြီး၊ လှိုင်းအမြင့်မှာ ၂ မီတာ (လူတရပ်ကျော် ခန့်) ရှိသည်။ စူနာမီကြောင့်ဖြစ်ပေါ်သော လှိုင်းတို့မှာမူ လှိုင်းအလျှား ကီလိုမီတာ ၂၀၀ ခန့် (မိုင် ၁၂၀ ခန့်) ရှည်လျှား၍၊ လှိုင်းရွေ့လျှားနှုန်းမှာ တနာရီ ကီလိုမီတာ ၈၀၀ ခန့် (တနာရီ မိုင် ၅၀၀ ခန့်) ရှိသည်။ လှိုင်းအလျှား အင်မတန်မှ ရှည်လျှား၍ စူနာမီကြောင့်ဖြစ်ပေါ်သောလှိုင်းတို့ မှာ ပင်လယ်ရေနက်ပိုင်းတွင် သိသာထင်ရှားမှုမရှိဘဲ လှိုင်းအမြင့်မှာ ၁ မီတာ (၃ ပေကျော်ခန့်) သာရှိ သည်။
ပင်လယ် သမုဒ္ဒရာရေနက်ပိုင်းမှ ဖြစ်ပေါ်လာသော စီနာမီလှိုင်းတို့သည် ပင်လယ်ကမ်းရိုးတန်း သို့ရောက်သောအခါ ကမ်းဦးရေတိမ်ပိုင်း၏ ဆီးကြိုတားဆီး မှုကြောင့် လှိုင်းအလျှားမှာ ကီလိုမီတာ ၂၀ ခန့်အထိ လျှော့ကျသွားပြီး ရွေ့လျှားနှုန်းမှာ တနာရီ ၂၀ ကီလိုမီတာခန့် (၁ နာရီ ၁၂ မိုင်နှုန်းခန့်) အထိလျှော့ကျသွားသည်။ ဤကဲသို့ ရွေ့လျှားနှုန်း နှင့် လှိုင်းအလျှားတို့ကို ရုတ်တရက် လျှော့ချ ခံလိုက်ရ၍ စူနာမီ လှိုင်းတို့သည် ကမ်းခြေ အရောက်တွင် အင်မတန်းကြီးသော လှိုင်းလုံးကြီးများ အသွင်ပြောင်းလိုက်ကြ သည်။
 ပင်လယ်ပြင်တွင် ပြင်းထန်သောငလျှင်ကြီး များလှုပ်ခတ်ပြီး တိုင်း ကမ်းရိုးတန်းဒေသများတွင် စူနာမီ လှိုင်းကြီး များဖြစ်ပေါ်မည်၊ မဖြစ်ပေါ်မည်ကို မည်သည့်နိုင်ငံက မျှသေချာတိကျစွာ ခန့်မှန်းပြောဆိုနိုင်ခြင်း မရှိသေးပေ။ သို့သော် စူနာမီလှိုင်းများ မဖြစ်ပေါ်မီ ကမ်းရိုးတန်း ဒေသများတွင် ဖြစ်ပေါ်လေ့၊ ဖြစ်ပေါ်ထရှိသော အချင်းအရာမှာ ပင်လယ်ရေများ ရုတ်ချည်း ကျသွားပြီး၊ ယ္ခင် ရေအောက်ဖုံးနေသော ကမ်းဦးရေတိမ် ပိုင်းပေါ်လာခြင်းဖြစ်သည်။ ထိုအချင်းအရာကို သိရှိ၍ သတိထားမိပြီး ၂၀၀၄ ခုနှစ် ယိုးဒယား စူနာမီ မှ အသက်ချမ်းသာ ခဲ့ရသော မိသားစုသတင်း ကိုလည်း အတိအကျမှတ်တမ်းတင်နိုင် ခဲ့ကြသည်။
စူနာမီဖြစ်ပေါ်မည် ကို အတိအကျ ကြိုတင် မပြောဆိုနိုင်ကြသော်လည်း၊  ရေအောက် ဖိအားတိုင်း ကိရိယာ ဖြင့် စူနာမီ ဖြစ်ပေါ်နိုင်ချေရှိသည် ကို အချိန်မှီ ကြိုတင် အကြောင်းကြာနိုင်ကြသည်။ စူနာမီ ဖြစ်ပေါ်နိုင်ခြေ အများဆုံး ရှိသောဒေသများတွင် ထိုကဲ့သို့သော စူနာမီ အချက်ပေး စနစ်များ တပ်ဆင်၍ ကမ်းရိုးတန်းနေပြည်သူ တို့အားကြိုတင်အကြောင်းကြားလေ့ရှိသည်။ အမေရိကန် နိုင်ငံတွင် စူနာမီအတွက် အရေးပေါ် ကယ်ဆယ်ရေး လမ်းကြောင်းများထားရှိပေး၍၊ ဂျပန် နိုင်ငံတွင်လည်း စူနာမီ ကယ်ဆယ်ရေး အစမ်းလေ့ကျင့်မှု များမှာ မဖြစ်မနေလုပ်ရသော လေ့ကျင့်ခန်းများဖြစ်သည်။
ပစိဖိတ် သမုဒ္ဒရာ အတွင်းဖြစ်ပွါးခဲ့သော သေကြေ မှုအများ ဆုံး စူနာမီ များ ကိုလည်းအောင်ပါအတိုင်းတွေ့ရ သည်။
စူနာမီမှာ သဘာဝ ဘေးအန္တရယ် ဖြစ်သောကြောင့် မဖြစ်ပွါးအောင် ကြိုတင်၍တာဆီးမရပေ။ ထို့ကြောင့် ငလျှင်မကြာခဏ လှုပ်လေ့ရှိသောဒေသများ၊ စူနာမီ ဖြစ်ပေါ်လေ့ရှိသော ဒေသများတွင် နေထိုင်သော သူများ (သို့မဟုတ်) ထိုသို့သော ဒေသများသို့ သွားရောက်ရမည့် သူများ မှာ ကြိုတင်ပြင်ဆင်မှု များပြုသင့်သည်။ ဥပမာ အားဖြင့် ထိုအရပ်သို့သွားမည့် သူများမှာ
၁) အချိန် နှင့် အမျှ စူနာမီ နှင့် ငလျှင် သတင်းများ ရရှိနေ ရန် ဘက်ထရီ ရေဒီယို တလုံးဆောင်သွားသင့် သည်။ Text Message Earthquake Notification တွင် Sing Up လုပ်ခါ ငလျှင်သတင်း များကိုလည်း အချိန်နှင့် အမျှ ရယူ နိုင်သည်။
၂) ကယ်ဆယ်ရေး လမ်းကြောင်းများ အဆင်သင့် မရှိသော ဒေသများတွင်၊ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၅၀ ကျော်မြင့်သော အရပ်သို အမြန်ဆုံးရောက် ရှိနိုင်သော လမ်းကြောင်းများကို မိမိ ဖာသာရှာဖွေ မှတ်သား ထားသင့်သည်။
၃)  ငလျှင်လှုပ်ခါပြီးသည် နှင့် ရေဒီယိုဖွင့် ကာ စူနာမီ သတိပေးသတင်းထုတ်ပြန်ခြင်း ရှိ၊ မရှိ သတိထား၍ နားထောင် သင့်သည်။ စူနာမီ သတိပေး ကြေညာပြီးသည် နှင့် နာရီဝက် အတွင်း ကုန်းမြင့်ရာ အရပ်သို့ အရောက် သွားသင့်သည်။ ဘေးကင်းရာ အရပ်သို့ ရောက် ရန်ထို့ထက်ပို၍ အချိန်လိုအပ်ပါက စူနာမီ သတိပေး သည့်အထိ မစောင့်ဆိုင်း သင့်ပေ။
စူနာမီကြုံတွေ့ နေရဆဲ အခြေ အနေ တွင် ဘေးကင်းရန်ကွာရန် အောက်ပါအချက်တို့ ကိုလည်း ဥပမာ အားဖြင့် မှတ်သား ထားသင့်လှပေသည်။
၁) မိမိ ရောက်ရှိနေသောနေရာသည် စူနာမီ မသက်ရောက်နိုင် ဟု ထင်သော်ညားလည်း၊ သတင်းများ ကို ဂရုစိုက်၍ မပြတ်နားထောင်သင့်လှသည်။
၂) စူနာမီ ကို စောင့်ကြည့်မနေဘဲ ကုန်းမြင့်ရာ သို့ အမြန်ဆုံး ရွှေ့ပြောင်းသင့် သည်။
၃) မိမိ အနီးတွင် ကုန်းမြင့် မရှိပါက အနီးရှိ အထပ်မြင့် အဆောက်အဦး အပေါ်ဆုံးထပ် သို့ တက်ရောက်နေ့သင့် သည်။
၎) မိမိသည် သင်္ဘောပေါ်တွင်ရှိနေပြီး၊ ကမ်းပေါ်မှ ရေကြောင်းအာဏာပိုင် တို့နှင့် အဆက်အသွယ်မရတော့ ပါက ရေနက်ရာ ပင်လယ်ဘက် သို့ အမြန်ဆုံးထွက်ခွါသင့်သည်။
 စူနာမီ ဖြစ်ပွါးပြီးချိန်တွင်မတော့ သတိထားရမည့် အချက်များမှာ...
၁) သက်ဆိုင်ရာ အာဏာပိုင်တို့ မှ "All Clear" မကြေညာ မချင်း၊ စူနာမီ အရပ်သို ပြန်မသွားခြင်း
၂) ရေပြန်မကျ သရွေ့ အဆောက်အဦးအတွင်းသို့ ပြန်လည်မဝင်ရောက်ခြင်း
၃) အဆောက်အဦး များသို့ ပြန်လည်ဝင်ရောက်၍ ရသည် အခါတွင်လည်း၊ Gas ပိုက်၊ မီး - ရေ တို့ကို စနစ်တကျစစ်ဆေးခြင်း
၎) တောစီး ဖိနပ်မျိုးကိုသာဝတ်ဆင်၍ စူနာမီ ရေလှိုင်းနှင့်အတူ ပါရှိခဲ့သော မြွေ နှင့် အခြားအန္တရယ် ရှိသောသတ္တဝါများ အားသတိထားခြင်း
၅) စူနာမီ ရေလိုင်းတို့ လွှမ်းမိုးခံရပြီးသော ရေ နှင့် အစား အစာတို့ကို မစားသုံးခြင်း
စသည်ဖြင့် စူနာမီ ဖြစ်ပေါ်မှုကို မတားဆီးနိုင်သော်ငြားလည်း၊ အလွှဲသာမရှောင်သာကြုံတွေ့ခဲ့ လျှင် ဥစ္စာကံ စောင့်၊ အသက်ဥာဏ်စောင့် ဆိုသော မြန်မာစကားပုံအတိုင်း၊ အထက်ပါ အချက်များကို သတိထား၍ လိုက် နာခြင်းဖြင့်၊ ဘေးကင်းခြင်းအဖြစ်သို့ ရောက်ရှိကြပါစေကုန်။
(စာမရေးတာကြာပြီး ပြန်ရေးမယ် ဆိုတော့ တော်တော် ပျင်းနေပြီ။)
Ref: ၁)  ဝီကီ
       ၂) http://www.about.com/
       ၃) http://www.ngdc.noaa.gov/hazard/tsu.shtml
       ၄) https://sslearthquake.usgs.gov/ens/
       ၅) http://www.nationalgeographic.com/
Saturday, October 16, 2010
ဥပမာ.....လူကြီး နှင့် လူငယ်
ကျွန်တော် အလုပ်ပြောင်းလိုက်တာ ၅ လကျော်ပဲ ရှိသေးသည်...လူကြီးအသစ်ရဲ့ အမြင်နဲ့ ကျွန်တော့ရဲ အမြင်တွေ အတန်ကွာဟနေသည် ကို လကြာလာတာနှင့်အမျှ ပိုမိုသိမြင်လာရသည်။ ထို့ကြောင့် အလုပ်မပင်ပန်းသမျှ၊ လူကြီး နှင့် အဆင်မပြေ မဖြစ်ရလေအောင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာစဉ်းစားတာက စလို့ ဤ ပို့စ်လေးရေးဖို အကြောင်းဖြစ်လာရသည်။
ကျွန်တော်ငယ်ငယ် က လူကြီးနှင့် လူငယ် အမြင်ကွာဟမှုတွေ ရှိလားဟု ပြန်စဉ်းစာမိသည်။ သတိတရနှင့် ကွာဟမှုတွေ ရှိခဲ့ကြောင်း အမှတ်ရနေသည်။
ဥပမာ..ကျွန်တော် အပြင်စာများ စဖတ်ကာ စ ကပါ။ လူငယ်သဘာဝအတိုင်း ကျွန်တောစဖတ်တာ သိုင်းဝတ္ထုတွေပါ။ ထိုမှတဆင့် ယုဝတီကြည်ဝေ၊ ဘုန်းနိုင်၊ ဒဂုန်ရွှေမြှား၊ ဂျာနယ်ကျော် တို့ကိုစဖတ်ခါစ...ဝတ္ထုဖတ်လို့ စိတ်ကူးယဉ်ကောင်းတုန်း ကာလ ဖြစ်သည်။ တနေ့တော့ကျွန်တော့မိခင်က
"ဥပမာ..သားမှာ စာတအုပ်ပဲဖတ်ဖို့ အချိန်ရှိမယ် ဆိုပါတော့၊ ဝတ္ထုတအုပ် နဲ့ မဂ္ဂဇင်း တအုပ် သားမှာ ရှိတယ်ဆိုရင်၊ ဘယ်ဟာကို ဦးစားပေးပြီး ဖတ်မလဲ" ဟု မေးပါသည်။
ကျွန်တော်ကလည်း မဆိုင်းမတွ
"ဝတ္ထုပဲ ဖတ်မှာပေါ့ မေမေရ၊ မဂ္ဂဇင်း က အခန်းဆက်တွေရော၊ အခန်းဖျက်တွေရော၊ အခန်းရပ်တွေ ရော ရှုပ်နေတာပဲ။ ပြီးတော့ သားက အချိန်ဆွဲ ပြီး စောင့်ဖတ်ချင်တာ မဟုတ်ဘူး၊ တထိုင်တည်း ဖတ်ပြီး ..ပြီးရော" ဟုပြန်ဖြေလိုက်သည်။
ကျွန်တော့အဖြေ ရတော့မှ မေမေ က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"မေမေ ဆိုရင်တော့ မဂ္ဂဇင်း ကို ရွေး မှာ ကွ၊ မဂ္ဂဇင်း တအုပ်ကိုဖတ်လိုက်မယ်ဆိုရင် ကိုယ့်နယ်ပယ်ဒေသ နဲ့ ပက်သက်တဲ့ သတင်း အချက်အလက်တွေ၊ ကိုယ့်နယ် အနေနဲ့ အရေးမကြီးပေမဲ့ တနိုင်ငံ လုံးအနေနဲ့ အရေးကြီးတဲ့ သတင်းတွေ၊ စီးပွါးရေးသတင်းတွေ၊ အခန်းဆက် ဆောင်းပါးတွေ စသဖြင့် သုတတွေ ရသတွေ အများကြီး ပေး နိုင်တယ်" ဟု စိတ်ကူးယဉ် နေသော သားကို လက်တွေ့ပေါ်ရောက် အောင်ဆွဲတင်ပေးသည်။ ဒါက ကျွန်တော် မှတ်မိတဲ့ ပထမ ဆုံး လူကြီး လူငယ် အမြင် ကွဲ လွဲမှုပါ။
နောက် ဥပမာ က ကျွန်တော် ၁၀ တန်းအောင်ပြီးခါစ၊ ဆိုင်မှာ ကူနေတုန်းက ဖြစ်သည်။ ကျွန်တော်တို့ ရဲ့ တိတ်ခွေဆိုင်သေးသေး လေး မှာ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ကို ရန်ကုန် က သွားသွားဝယ် ရပါသည်။ တနေ့တော့ လူငယ် ကြိုက် တိတ်ခွေ ၂ ခွေတပြိုင်တည်းထွက်လာ၏။ ပုံမှန်အားဖြင့် ထုတ်ဝေသူတို့သည် တိတ်ခွေကောင်း ၂ ခု ကို တပြိုင်တည်း ဖြန့်လေ့မရှိပေ။ အဘယ့်ကြောင့် ဆိုသော် တခွေက အရမ်းပေါက်သွား လျှင် တခြား အခွေ မှာ ကောင်းပါ လျှက် ရောင်းရသင့်သမျှ မရောင်းရတော့သောကြောင့်ဖြစ်သည်။ ထိုအချိန်က ထွက်သည့် အခွေ ၂ ခွေကို တိတ်ခွေ A နှင့် တိတ်ခွေ B ပဲဆိုပါတော့။ ကျွန်တော်တို့ စမ်းနားထောင်ပြီးသည် အခါ ကျွန်တော့မိခင်က ပဲ မေးပါသည်။
"ဘယ် အခွေပေါက်မယ်ထင်သလဲ သား"
၂ ခွေယှဉ်နားထောင်ပြီး.. ကျွန်တော်က အခွေ A ကိုကြိုက်နေသည် မို့
"အခွေ A ကပေါက်မယ်ထင်တယ် မေမေ ရ"
"မေမေ ကတော့ အခွေ B ပေါက်မယ် ထင်တယ်" ဟု မေမေ က သူ့အမြင်ကိုပြောသည်။ သူ့ရွေးချယ်မှု(အမြင်) မှန်ပါသည်။ ထိုတိတ်ခွေ မှာ ယနေ့တိုင်လူငယ်များကြားတွင် အရောင်းတွင်ကျယ်ဆဲ ဖြစ်သည်။ ကျွန်တော့၏ ဒုတိယ မြောက်ကွဲလွဲသော မှားယွင်းသော အမြင်လည်းဖြစ်ပေသည်။
နောက်ထပ် ဥပမာ က တော့ကျွန်တော် တက္ကသိုလ် တက်နေတုန်းက ဖြစ်သည်။ အဆောင် နေရင်း ခင်နေသော ညီတယောက် ရှိသည်။ သူကလည်း စာ အလွန်ဖတ်သည်။ ထိုညီ မှာ ကျွန်တော် နှင့်အသက်ကွာ လှ အများဆုံ ၂ နှစ်သာရှိမည်။ တနေ့တော့ အင်းယား မှာ ထိုင်ကြရင်း ငြင်းကြတော့တာပါပဲ။ သူက မော်ဒါန် ကဗျာ ကို ကဗျာ အဖြစ် မှတ်ယူ စေလိုသည်။ ကျွန်တောက လည်း မော်ဒါန် ကဗျာက မော်ဒါန် ကဗျာ၊ ကဗျာ က ကဗျာ.. နံမည် သာဆင်တူယိုးမှား ရှိပေမဲ့ မတူညီသော အနုပညာ ၂ ခုဟုပြောဆိုငြင်းဆန်သည်။ ကျွန်တော်က
"ကဗျာ ရဲ့ အသက်က ကာရန် ကွ။ ကာရန်ကြောင့်သာ ကဗျာ ဆိုတာ အရှည်သဖြင့် ကျန်သကွ၊ ကာရန် မပါရင် ဖတ်လို့ကောင်းလည်း ခဏဆို မေ့သွားတာပဲ"
"ကိုလင်းဇော် က လည်း တုန်းလိုက် တာ အင်္ဂံလိပ်မှာတောင် Free Verse ဆိုတဲ့ ကာရန် မဲ့ကဗျာတွေ ရှိတယ်ဗျ" ဟု ကျွန်တော့ကို ပြန်နှိပ်ကွပ်ပါသည်။
"မရှိဘူးလို့မပြောပါဘူဗျာ...မတူတာကိုသာ ပြောပြတာပါ...ဥပမာ.. နေခြည်ဖြာမှ နွေးသောကြောင့်၊ လေပြည်လာက အေးသောကြောင့်၊ ရွှေပြည်ဌာန ဝေးသောကြောင့်၊ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ စတာတွေဟာ ကာရန် ပါလို့သာ ခုထိ ကျန်တာဟ" ကျွန်တော်ကပဲ ဆက်ပြီး "ပြီးတော့လည်း ရှေးက လူတွေ ဟာ မှတ်ချင်သားချင် ရင် ကာရန် နဲ့သာ မှတ်တာပါပဲ ဥပမာ...လှည်းဝန်ရိုးသံတညံညံတို့...အုတ်ကြစ်ကျော်အေးတို့..စတာတွေဟာ ကာရန်ပါလို့သာ...ရွတ်ဆိုရာမှာ အသံချိုတယ် မှတ်ရလွယ်တယ် မျိုးဆက်တခုမှတခုထိ မှတ်မိနိုင်ကြတာကွ...ကာရံမပါတဲ့ မင်းတို့မော်ဒါန် ကဗျာတွေ ဟာ..ဒီနေ့ဆိုပြီး နက်ဖန်ကျ..ဘာရွတ်ခဲ့လဲ ဆိုတာတောင် မမှတ်မိနိုင်ဘူး"
အဲဒီလို ငြင်းခဲ့ကြပေမဲ့ ခုချိန်ထိ သူလည်းသူ့အမြင်ကို မစွန့် ကျွန်တော်ကလည်း မော်ဒါန် ကဗျား များဖတ်လေ့ရှိပေမဲ့.. သိပ်မထိလှပေ။ လူကြီး နဲ့ လူငယ် လို အသက်မကွာ ပေမဲ့ ကျွန်တော်တို့ အမြင်မတူခဲ့ကြပါ။
နောက်ဆုံး ဥပမာ ကတော့ လုပ်ငန်း ခွင်မှာပါ။ ကျွန်တော် ပထမ ဆုံး အလုပ်မှာ ကျွန်တော် နှင့် ရာထူးတူ တွဲအလုပ်လုပ် လုပ်ရသူမှာ ကော်ကေးဆပ် လူမျိုး အဖိုးကြီး ဖြစ်သည်။ အလုပ်စိမံ ခန့်ခွဲမှုပေါ်တွင် ကျွန်တော်နှင့် နည်းနည်း မျှ အမြင် မတူသူ ဖြစ်သည်။ သူက ဖြည်းဖြည်း လေးလေး သာ ဆွဲ၍ အလုပ်လိုသည်။ သူ့အကြောင်းပြချက် က အမှားအယွင်း နည်းအောင်၊ ကာစတမ္မာ ရဲ ကွန်ပလိန်း နည်းအောင်၊ အမှားကြောင်ထပ်ခါ ထပ်ခါလုပ်ရပြီး ကုန်ကျစရိတ် မတက်အောင် ဟု အကြောင်း ပြပါသည်။ ကျွန်တော့အမြင်က တမျိုးဖြစ်ပြီး အချိန်တိုင်းသည် ငွေ ဟု မြင်ထားသည်။ ပရောဂျက်ကို နှေးနှေး လုပ်၍ ဆွဲဆန့် လျှင် ကုန်ကျစရိတ်ပိုများပြီး၊ အမြတ်အစွန်းနည်းမည်၊ သတ်မှတ်ထားသော ရက်ထက် စော၍ ပြီးလျှင် ကုန်ကျစရိတ် ဖြတ်တောက်နိုင်၍ ကုမ္ပဏီအတွက်အမြတ်ပိုရမည်၊ ကျွန်တော်တို့အတွက် ဘောနပ်စ် ပိုရမည် ဟုတွက်သည်။ ပြီးတတ်သမျှ တွန်းလုပ်သော ကျွန်တော်နှင့် နှေးနှေး ဆွဲ လုပ်သော သူ့အကြား နေ့တိုင်းလိုလို စကားများကြရသည်။ ကျွန်တ်ာဝင်ပြီး ၆ လ အကြာမှာပဲ သူအလုပ်ထွက်သွားသည်။
ဒုတိယ အလုပ်တွင်တော့ ကျွန်တော့လူကြီး မှာ အမျိုးသမီး ဖြစ်သည်။ အသက်မှာလည်း ကျွန်တော့ထက်ကြီး လျှင် ၅ နှစ် ၆ နှစ် လောက်သာ ရှိမည်။ ဒုတိယ အလုပ်ကို စဝင် ခါစတွင် ထိုအမျိုးသမီးနှင့် အနည်းငယ် မျှမတည့်ပေ။ သူကလည်း သူ့စည်းမျဉ်း စည်းကမ်းတွေ စံတွေနှင့် မကိုက်ညီ သမျှ ကျွန်တော့ကို ဆူပူပါသည်။ ပရောဂျက် တခု၏ အတိုင်ပင်ခံ အဖွဲ့တွင် ပါဝင်ရသည် မို့ လည်း စနစ်တကျ အမြင်ကျယ်ကျယ် နှင့် အလုပ်လုပ်ကြရသည်။ ကျွန်တော်ကိုတိုင်ကလည်း သူ့စံများ၊ စည်းကမ်း များမှာ အင်မတန်ကောင်းသည် ဟု လက်ခံသောကြောင့် အစွမ်းကုန်ကြိုးစားပါသည်။ သူကိုယ်တိုင်ကလည်း စိတ်တံခါး ဖွင့်ထားသူ၊ Open Door ပေါ်လစီ ကျင့်သုံး သည်မို့ လက်တွဲလုပ်၍ အင်မတန် မှ အဆင်ပြေသွားသည်။ အလုပ်ဝင်ပြီး လေလ အကြာတွင် မျက်နှာလွှဲသွားသည်။ ကျွန်တော်ကိုင်တွယ်ရသော ကဏ္ဏကို ဝင်မစွက်တော့ပါ။ ပြဿနာ တခုကို ကိုင်တွယ်ဖြေရှင်းတိုင်း ကျွန်တော်တို့ အခြေတင်ဆွေးနွေးလေ့ ရှိသည်။ ကုမ္ပဏီ အတွင်းပိုင်းတွင် အားလုံးတူညီသော အမြင်ရပြီ ဆိုမှ ပြင်ပ အဖွဲ့အစည်း နှင့် ရင်ဆိုင်ဖြေရှင်းသည်။ ကြာကြာနေတော့ ကျွန်တော်တို့ အဖွဲ့ မှာ ရင်ဆိုင်ရ မလွယ်သော၊ တန်ဖိုးရှိသောအကြံများ ဆုံးဖြတ်ချက်များကို ပေးနိုင်သော အဖွဲ့အဖြစ် အမြဲနေရာ အပေးခံရသည်။ လူကြီး လူငယ် တို့၏သဘောထား အမြင်တူညီမှု၊ ခေါင်းဆောင်နိုင်မှု၊ မှန်ကန်သော စီမံ ခန့်ခွဲ မှု တို့၏ ရလာဒ်ဟု ပင်ဆိုချင်ပါသည်။
အထက်ပါ ဥပမာ များကို ထည့်သွင်း စဉ်းစားပြီးချိန်တွင်တော့၊ လူကြီး လူငယ်တို့၏ သဘောတူညီမှု၊ ကွဲလွဲမှုတို့သည် နေရာတိုင်းတွင် ရှိနေခဲ့သည်၊ ရှိနေသည်၊ ရှိနေဦးမည် ဖြစ်ပေသည်။ ထိုတူညီမှု ကွဲလွဲမှုတို့ ကို ကောင်းစွာစီမံ ခန့်ခွဲ နိုင်မည် ဆိုလျှင်၊ မိမိပူးပေါင်း ပါဝင်ရာ အဖွဲ့ အစည်း၏ ဖွံဖြိုးစည်ပင်ရာ၊ တဦးချင်းစီ၏ တိုးတက်ရာ သို့ ဦးတည်မည်ဖြစ်သော် လည်း၊ မှားယွင်းစွာ ကိုင်တွယ်ဖြေရှင်း မည်ဆိုလျှင်တော့ အဖွဲ့အစည်း၏ ကျဆုံးရာ၊ တဦးချင်းစီ၏ ဆုတ်ယုတ်ပျက်စီးရာသို့သာ ဦးတည်ပေလိမ့်မည်။ မှားယွင်းသော စီမံခန့်ခွဲမှု၏ အကျိုးဆက်မှာ လည်း ရေတိုတွင် သိသာထင်ရှားခြင်းမရှိပဲ၊ ရေရှည်ကာလ တခုကြာမြင့်ပြီးမှသာ ဗြုန်းကနည်း တွေ့မြင်နိုင်သည်မို့ လက်တလောအနေဖြင့် ကိုင်တွယ်ပုံ မှားသည် မှန်သည် ပြောဆိုဝေဖန် ရန် မလွယ်လှပေ။ မည်သို့ပင်ဆိုစေ အထက်ပါ လူကြီး လူငယ် ဥပမာ များမှာတော့ ကျွန်တော့အတွက် မှတ်မှတ် ရရ ရှိလှပေတော့သည်။
Friday, July 16, 2010
၁ဝ တန်းအောင်ဂါထာ
ဥုံ မပျင်းနဲ့၊ မပျင်းနဲ့
ခုလည်းမပျင်းနဲ့၊ နောင်လည်းမပျင်းနဲ့
ဘယ်တော့မှ မပျင်းနဲ့။
မှတ်ချက်။ ။ ၁ဝ တန်းနှစ် Assembly တွင် ဆရာ ဦးကြည်သန်း ပေးခဲ့သော ဂါထာတပုဒ်ဖြစ်ပါသည်။
ရည်မှန်းချက်
ရည်မှန်းချက် တက်ကြွသောအခါ
အိမ်ရှေ့ ဥပရာဇာ။
ရည်မှန်းချက် ပျက်မွသောအခါ
နောက်ဖေး သုဘရာဇာ။
လောကထဲမှာ ငါ...
တခါတခါ အိမ်ရှေ့ ဥပရာဇာ၊
တခါတခါ နောက်ဖေးသုဘရာဇာ။
မှတ်ချက်။ ၁ဝ တန်းနှစ် ဆရာ ဦးကြည်သန်း ပြောကြားသော ဆုံးမစကားမှ မှတ်မိသော အပိုဒ်ကလေးဖြစ်ပါသည်။
Saturday, July 3, 2010
ဇူလိုင် လ ၏ အတွေးမိုးစက်များ
ဇူလိုင်လ သို့ရောက်လာပြန်ပေပြီ။ ယ္ခင်ကဆိုလျှင်တော့ ကျွန်တော်တို့ပြည်မှာ မိုးဖြိုင်ဖြိုင်ကျ ပြီမို့ တောင်သူလယ်သမား ဦးကြီးများ အလုပ်များရသော အချိန်ပေ။ လယ်သမားဦးကြီး များသာမက၊ ထိုသူတို့၏ သားငယ် သမီးငယ် များပါ လယ်တောလိုက်ဆင်းသူ ဆင်း၊ အိမ်တွင် ကလေးထိန်းသူ ထိန်းပေ မို့ ကျောင်းဖွင့်ပြီးသည့်တိုင် ကျောင်းတက်ပျက်ကွက်သူ များသောကာလ လည်းဖြစ်သည်။ ကျောင်းသူ ကျောင်းသားများကို မိဘများ နည်းတူ မေတ္တာထားကြသော ဆရာ ဆရာမ များ ထီးတချောင်း နှင့် ကျောင်းတက်ရန်၊ ကျောင်တက်မပျက်ကွက် ရန်တိုက်တွန်းနှိုးဆော် ရင်း တအိမ်တက် တအိမ်ဆင်း နှင့် အလုပ်များရသော ကာလလည်းဖြစ် ပေတော့သည်။
ဇူလိုင် လနှင့်ပက်သက်၍ ငယ်ငယ်က အော်ကျက်ခဲ့ရသော အဓိပ္ပါယ်ပြည့်ဝ သည့်ကဗျာလေးများကိုလည်း သတိရမိသည်။
"မျက်ရည် သွန်လို့၊ ဘဝင်ညှိုး
ဇူလိုင် ၁၉"
သြော်...သတိရမဲ့ ရပြန်တော့၊ စိတ်အစဉ်ကို ညို့မှိုင်းအုပ်ဆိုင်းစေ သည့် ထိုအပိုဒ် မျိုးလေတွေမှ ဘာကြောင့် သတိရ မိရပါလိမ်။ အဘယ့်ကြောင် ဆိုသော် ကျွန်တော်တို့ ငယ်ငယ် က ဇူလိုင်လ ၁၉ ရက်နေ့တိုင်းကျရောက်သော အာဇာနည် နေ့ကို စနစ်တကျ ကျင်းပမြဲသာဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီ ၄၅ ဝန်းကျင် တွင်ဖြစ် မည်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဥသြော ဆွဲသည်။ ကြားသမျှပြည်သူ အပေါင်းက လုပ်သမျှ အလုပ်အားလုံးရပ်ကာ တမိနစ်ခန့် ငြိမ်ပေးရသည်။ တဦးတယောက် ကိုမှ လော်စပိကာ နှင့် တိုက်တွန်းရန် မလို့၊ အားလုံးတညီတညာ တည်း အသိတရားအပြည့် နှင့် ခေတ္တြိငိမ် သက်ကြသည်။ ဥသြောသံ မဆုံးမခြင်း၊ ရပ်နေလျှက်ပင် ကြက်သီးဖြန်းဖြန်းထ ၍ မျက်ရည်ဆို့ကြရသည် ဆို့ကြရပါသည်။ ယ္ခုခေတ်တွင်မတော့ ဤအစဉ်အလာ တို့လည်းမရှိတော့ပြီ။ သိမှီ လိုက်သောကျွန်တော်၏ အာရုံတွင်ပင် ရေးရေးမျှ သာ ရှိတော့သော ဤအကြောင်းအရာ အဖြစ်အပျက် တို့သည်၊ ခေတ်လူငယ်များအဖို့ အိပ်ရာဝင် ပုံပြင်မျိုးအဖြစ်သာ ခံစားမိကြပေမည်။ ခေတ်တွေမည်သို့ပင်ပြောင်းပါစေ ၁၉၆၅ ဝန်းကျင်က ဆရာဇော်ဂျီ ရေးသားသော "ပြောလိုက်ပါဘိ ဟောပါဘိ" ကဗျာမှာ လည်း မမေ့နိုင်စရာ သမိုင်းဝင် ကဗျာလေးဖြစ်ရပေသည်။ ထိုကဗျာလေး အားမမေ့ မလျှော့ မှတ်တမ်းတင်ရလျှင်၊
"ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင့်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏၊
ထိုနေ့ကပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ၊ ကြွေလိုက်ရ၏
မြေခ သတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်
သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာဆုံပေါင်း
ယောင်္ကျာံးကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ (၁၉၆၅ - ဇော်ဂျီ)
ပညာတတ် စာပေရှင်တို့၏ စာပေလင်္ကာံတို့ သည် သမိုင်း အားမှတ်တမ်း တင်သလို ခေတ်ကိုလည်း ပေါ်လွင်စေသည်မို့၊ ထာဝစဉ် ကျန်သော လက်စွမ်းများ၊ ခေတ် တစ်ခေတ် ကိုလေ့လာ အကဲခတ်နိုင် သော စာပေလက်ရာများဟုသာဆိုချင်ပါသည်။ ဆရာဇော်ဂျီ ၏ တို့တိုင်းပြည် ကဗျာ ၊ သင်သေသွားသော် ကဗျာ များကိုလေ့လာကြည့် မည်ဆိုလျှင်လည်း ဆရာ့ စေတနာ နှင့် ပွင့်လင်းပြောင်မြောက်သောအရေး အသားတို့ကိုတွေ့ရမည် မှာမလွဲပေ။
သင်သေသွားသော်
သြော်...လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကာ၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်ကျန်စေသတည်း။ ။(ဇော်ဂျီ)
တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲ နှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံးလ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။ (ဇော်ဂျီ)
Tuesday, June 22, 2010
MRT ပေါ်မှ နေ့စဉ်မြင်ကွင်းများ (၁)
ကျွန်တော့အလုပ်က စင်ကာပူရဲ့ အရှေ့ ပိုင်းမှာ ရှိပြီး၊ ကျွန်တ်ာနေတာ က စင်ကာပူအနောက်ပိုင်းဆိုတော့၊ တနေ့ တနေ့ ကို ၄၅ မိနစ်လောက်တော့ အမြဲပဲ ရထားစီရသည်။ နိစ္စဓူဝ ဆိုတော့ ပတ်ဝန်းကျင်ရှု့ခင်းတွေမှာလည်း မသာယာတော့ပါ။ အိပ်တဲ့အခါအိပ်၊ ငိုက်တဲ့အခါငိုက်၊ စာဖတ်တဲ့အခါဖတ်နဲ့ ခရီးသွားချိန်ကို ကုန်ဆုံးရပါသည်။ တခါတလေကျတော့ အိပ်ရေးကဝလို့ ထပ်အိပ်ဖို့ကြိုးစားတော့ လည်း မရ၊ စာကျတော့လည်းမဖတ်ချင်အောင်ကိုပျင်းနေတော့သည်။ ထိုအခါ မျိုးဆိုလျှင်တော့ တွေးချင်ရာတွေး၊ ငေးချင်ရာငေး ဆိုသည့် အလုပ်ကို ကျွန်တော်လုပ်ပါသည်။ ငေးမောတွေးတောရင်း ရထားပေါ် က လူများ၏ အမူ အကျင့် စရိုက် လက္ခဏာများကိုတဖြည်းဖြည်း သတိထားမိလာသည်။
တချို့ကလည်း ရထားပေါ်အော်ကြီး ဟစ်ကျယ် စကားပြောလို့၊ တချို့ကလည်းငိုက်လို့၊ တချို့ကလည်း P2P ဂိမ်းဆော့လို့၊ တချို့ကလည်း i-phone လေးထုတ်ပြီး Video ကြည့်လို့၊ တချို့ကလည်း ရထားရဲ့ အသံလွှင့်စနစ်က ဘာတွေပဲကြေငြာနေ ကြေငြာနေ သူတို့အလုပ်မဟုတ်ဘူး ဆိုပြီး သီချင်းတွေ အကျယ်ကြီးဖွင့်လို့၊ အဲ...ငိုနေတဲ့ ကလေးကပါ ပါလာရင် ရထားတခု လုံးဆူညံပွက်လောရိုက်ပြီး အသံပိုင်းဆိုင်ရာ ငရဲပြည်လို့တောင်ပြောလို့ရပါသည်။ ရထား၏အလိုလျှောက်အသံလွှင့်စနစ် မှာလည်း ၃ မိနစ်တခါလောက်ကြေငြာနေသည် ဖြစ်ရာ ခရီးတိုသွားသော သူအတွက်သိပ်မသိသာသော်ငြားလည်း၊ ၄၅ မိနစ်၊ ၁နာရီ စီးနင်းလိုက်ပါရသူအတွက် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။ ကျွန်တော်ကတော့ ထိုဝိပါကဝဋ် ကို မနက်တခါ၊ ညနေတခါ ခံရပါသည်။ ကြာကြာနေတော့ ကြားသမျှအသံ အားလုံးကို နားမထောင်တတ်သောအကျင့် ကျွန်တော်ရသွားပါသည်။
မြင်သမျှထဲတွင်တော့ ထူးထူးခြားခြားမှတ်မိနေတာလေးတွေရှိသည်။ ထိုအထဲတွင် ယ္ခုညနေ တွေခဲ့ရသော သူတဦးလည်းပါသည်။ ညနေက ကျွန်တော်ရထားပေါ်တွင် နေရာရပါသည်။ ကျွန်တော်တက်ပြီး ဒုတိယ မှတ်တိုင်တွင် တရုတ်တယောက်တက်လာပါသည်။ ထိုသူမှာ သားသားနားနားဝတ်ဆင်ထားပြီး၊ ရှပ်အင်းကျီကိုအပြင်ထုတ်ဝတ်ထားသည်။ i-phone နားကြပ်ကိုနားထဲထည့်၍ ထားပြီး ကျွန်တော်ထိုင်နေသောနေရာ၏ရှေ့တွင်လာရပ်သည်။ မီးရထား ဘူတာမှ စတင်ထွက်ခွါတယ်ဆိုရင်ပဲ အဆိုပါလူမှာ သူ၏လုပ်ငန်းစဉ် ကိုစပါတော့သည်။ ဘယ်ဖက် လက်မောင်းရင်းတွင်ရှိသော နီနီ အဖုကလေးများ ကို တဗျင်းဗျင်း မည်အောင် ကုတ်ပါတော့သည်။ ထိုသူ ကုတ်ရာမှာ ထွက်လာသော အမှုန်အမွှား များမှာ တဖက်မှ နေရောင်တန်းများကြားတွင် အထင်းသားတွေ့မြင်နေရသည်။ ခဏ နား၍ တခါ ညာဖက် လက်ဖျံ တွင်ရှိသော နီနီ အဖုများကိုတဖန် ကုတ်ပြန်သည်။ အမှုန်များ ကတော့ ထိုသူ၏ဘေးတွင် ပျံဝဲလျှက်ရှိသည်။ ထို့နောက် သူ၏ ညာလက်သည်းတွင်ဝင်နေသော ချေးကို ဘယ်ဘက်လက်သည်း နှင့်ကုတ်ထုတ်၍၊ ဘယ်ဘက်လက်သည်းတွင် ဝင်နေသော ချေးကို ညာဖက်လက်သည်းနှင့် ကုတ်ထုတ်သည်။ ထိုသူခေါင်းမှလည်း ယားပုံရပါသည်။ တခါခေါင်းကို ကုတ်ပြန်သည်။ သူ၏ဆံပင်များမှာ မည်းတချို့၊ ဖြူတလီရှိကာ၊ ခေါင်းကုတ်ရသည်နှင့် အားမရဟန် တခါတခါ လက်ညှိုး၊ လက်မ တို့နှင့် ညှပ်ကာ ဆံပင်များ ကိုဆွဲလိုက်သေး သည်။ ထို့နောက် အလောတကြီးပင် ဝင်လာသည့် SMS ကိုပြန်လိုက်သည်။ SMS ပြန်ပြီး ဖုန်းကို ဘောင်းဘီ အိတ်အတွင်းပြန် ထည့်ကာ သူ၏ လုပ်ငန်းစဉ် ကိုပြန်စပါသည်။ ဒီတခါတော့ ဦးခေါင်း နှင့် လက်မောင်း မှ အဖု များ မဟုတ်တော့ပါ၊ ပိုအတွင်းကျလာပါသည်။ အပြင်ထုတ်ဝတ်ထားသော အင်းကျီ အတွင်း လက်နှိုက်ကာ အသံပေါင်းစုံထွက်အောင် သူ၏ ဗိုက်ကို ကုတ်ပြန်ပါသည်။ ထို့နောက် ကနဦးက လုပ်ခဲ့သည့် အတိုင်း လက်သည်းမှ ချေးများကို ထုတ်ပြီး ဘောင်ဘီ နှင့် ပုတ်ခါကာ လက်ကို သန့်စဉ် လိုက်သည်။ ထိုအချိန်တွင် မီးရထား မှာလည်း လူအတက် အဆင်း များသော City Hall ဘူတာကို ကျော်လွန် ခဲ့ပြီ ဖြစ်သည်။ ထိုသူ လည်း လှုပ်လှုပ် ရှားရှား ဖြစ်သွားသော ခရီးသည် အတက် အဆင်းငြိမ် သွားသည် နှင့် နောက် တမျိုးစပြန်ပါသည်။ လက်ကို အင်းကျီအောက်ပြန်ထည့် ခါ ချက်မှ ချေးထုတ်ပြန်ပါသည်။ ပိပိ ရိရိ လျှို့လျှို့ဝှက်ဝှက် ထုတ်သည် မဟုတ်ပါပေ။ ဗိုက်ကို လှန်ထုတ်ပြီးသည့် အပြင်၊ ထွက်လာသည့် ချေးဖတ်ကိုပင် အသေအချာ ကြည့်နေပါသည်။ နေရာ မှပဲ ထပြေးရတော့ မလို ကျွန်တော့မှာ တော်တော် စိတ်ပျက်သွားပါသည်။ ထိုအချိန်တွင် ရထားမှာ Redhill ဘူတာသို့ဝင်လာပြီး ထိုသူမှာကသုတ်ကရက် နှင့် ဆင်းသွားရာ၊ ကျွန်တော့် မှာ ထိုအခါကျမှ အသက်ကိုပြင်းပြင်းရှုမိရတော့သည်။
ထိုမျှ သန့်ရှင်းသော မောင်တရုတ်ဆင်းသွားပြီး၊ ကျွန်တော့ရှေ့ လာရပ်သော ခရီးသည်မှာ အသက် ၅၀ ခန့်အရွယ်ရှိ တရုတ်မကြီး တဦးဖြစ်သည်။ အသက် ၅၀ ခန့် ထင်ရသော်ငြားလည်း၊ ထိုအမျိုးသမီးမှာ ပိန်ပိန် ပါးပါးနှင့် အပျိုလေး ရှုံးရအောင်ပြင်ဆင် ထားသည်။ မျက်နှာမှာလည်း ပေါင်ဒါ၊ နှုတ်ခမ်းနီ၊ အိုင်းလိုင်နာ အပြည့်နှင့် မှုန်လို့၊ ဆံပင်မှာ လည်းအတို အကောက် ကို အနီ ရောင်ဆိုးထားသည်။ အားလုံးထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ သူမ၏ ဝတ်စားထားပုံပင် ဖြစ်သည်။ အပေါ်ပိုင်းတွင် မော်ဒယ်စိမ်း ရောင် တောက်တောက် ကြိုးတချောင်းကိုယ်ကြပ် အင်းကျီကိုဝတ်ဆင်ထားကာ၊ အောက်ပိုင်းတွင်တော့ လူမြင်လျှင်အထူးစိတ်ဝင်စားဖွယ်ကောင်း အောင်ဝတ်ဆင်ထားသည်။ အပြင်က အဖြူရောင်ဘောင်းဘီ၊ ပွပွတိုတို ဝတ်ထားပြီး၊ အရောင်တောက်တောက် အစိမ်း၊အပြာ၊အနီ တို့နှင့် တန်ဆာဆင်အပ်သော ပြောက်ကြား အတွင်းခံ ကိုဝတ် ဆင်ထားသည်။ ကျွန်တော်လည်း မျက်နှာဘယ် ထားရမည်မသိ။ တချိန်တည်းမှာလည်း အင်းကျီလက်ပြတ်တောင်မှ မနည်းတိုက်တိုက် တွန်းတွန်းဝတ်ခိုင်းရသော မိမိ တိုင်းပြည်မှ လူကြီးများ နှင့် နှိုင်းယှဉ်စဉ်းစား မိသည်။ သိပ်မကြာ လိုက်ပါ Jurong East ဘူတာရောက်သော အခါ ထိုအမျိုးသမီး မှာပြာရိပြာယာ နှင့် ဆင်းသွားပြန်သည်။
Jurong East ဘူတာမှ တက်လာသော သားအမိမှ သာ၍စိတ်ဝင်စားဖွယ် ကောင်းပေတော့သည်။ ထိုသားအမိ မှာမြန်မာ များဖြစ်ကြကြောင်း မိခင်အားကြည့်ခြင်းဖြင့်လည်းကောင်း၊ ပြောဆိုနေသောစကားသံများမှလည်းကောင်း သိမှတ်ရသည်။ မိခင်မှာ ဆံပင်ကိုကြက်ဆံမှီး ကျစ်၍ ဆံပင်ကိုသေသေချာချာ ထုံးဖွဲ့ ထားသည်။ အင်ကျီလက်ရှည် ရင်ဖုန်းဝတ်ဆင်ထားပြီး၊ ထမီ ကိုခြေမျက်စေ့ ဖုန်းအောင်ဝတ်ဆင်ထားသည်။ ဖိနပ်မှာလည်း မြန်မာ ပြည်ဖြစ် ပိန္နဲ ဖိနပ်ကိုဝတ်ဆင်ထားသည်။ Made in Burma လို့ရဲရဲ ကြွေးကြော်နိုင်သော အနေအထားပါပေ။ သို့သော်... သို့သော်...သူမ၏သမီးငယ် ဝတ်ဆင်ထားပုံ အားလေ့လာကြည့်ပါဦးစို့။ အပေါ်မှ စွတ်ကြယ်အဖြူ အကြပ်ကိုဝတ်ဆင်ထားသည်။ အောက်ပိုင်းမှာတော့ ပေါင်ကြားညှပ် သည်မျှ တိုနေသော ဂျင်းဘောင်းဘီ ကိုဝတ်ဆင်ထားသည်။ ထိုကဲ့သို့သော ဘောင်းဘီမျိုး မှာ တကယ့်ကို အရှက်လုံသည်ဆိုရုံမျှ ရှည်သော ဘောင်းဘီ မျိုးဖြစ်သည်။ တရုတ်မလေးများလည်း ထိုကဲ့သို့သော ဘောင်းဘီ မျိုး ဝတ်လေ့ရှိကြပါသည်။ သို့သော် သူတို့က ပိန်ပိန်သေးသေး နှင့် သူယာဉ်ကျေးမှုနှင့်သူ။ မြန်မာ မိန်းကလေး များကတော့ ထုံးဆံအတိုင်း ခြေသလုံးတုတ်၊ ပေါင်တုတ်...ထိုမိန်းကလေးတွင် ပိုဆိုးသည်က ခြေသလုံး နှင့် ပေါင်များတွင် ဂျပိုး ကိုက်ထားသလို အနီရောင် ပြင်ကွက် အဖုကြီး များ အထင်းသားရှိနေခြင်းပင် ဖြစ်သည်။ ကိုယ်ခန္ဓာကိုယ် နှင့် ကြိုက်တာဝတ်တယ် ဘာဖြစ်လဲဟုဆိုလျှင်မူ၊ ကျွန်တော်ကရော ဘာပြောနိုင်မည်နည်း...ဘာများပြောနိုင်မည်နည်း။
ထူးဆန်းပါပေ့ စင်ကာပူရယ်....
Friday, April 9, 2010
ထိန်းသိမ်းရမည့် ပတ်ဝန်းကျင်
ဖေဖေါ်ဝါရီ ခရီးသွားကပြန်လာပီး စိတ်ဝင်စားတဲ့အကြောင်းလေးတွေ ကိုစရေးဖြစ်ပေမဲ့ အဆုံးမသတ်နိုင်လို့ ပိုစ် ၃ ခုလောက် Draft မှာအောင်းနေခဲ့ပါတယ်။ စိတ်ဝင်းစား မိနေတဲ့ခေါင်းစဉ်ကလည်းတော်တော် များတာဆိုတော့ ကိုယ့်စိတ် ကိုတိုင်က ကစဉ်ကလျှားနဲ့ ဘာမှပီးမြောက်အောင်မလုပ်နိုင်ဘူး ဖြစ်နေခဲ့တာပါ။ ပီးခဲ့တဲ့အပတ်က စာတိုက်ပုံးစစ်တော့မှ SOS ဆိုပီး စာအုပ်ငယ် တခုနဲ့ CD တပြားတွေ့ရတော့ စိတ်ဝင်စားစရာ တခုထပ်တိုးလာပြန်တာပါပဲ။ ပိုဆိုးတာက အဲဒီ စာအုပ်ပေါ်မူတည်ပြီး ပိုပီးသိစရာတွေ၊ သိချင်လာတာတွေ ပိုများလာပြန်တာပါပဲ။ စာအုပ်လေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လို့ထင်ရပေ့မဲ့ သက်သက်လွတ် စားဖို့ကိုသာစောင်းပေးပီး ရေထားတယ်လို့ ထင်မိတယ်။ အသား နှင့် အသီးအနှံ မျှတအောင် စားရမှာ ပဲ ဟု ငယ်ငယ် ကတည်းကခံယူထားတာ မို့ သူ့ စာအုပ်မှာပါလာတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သာကိုယ်က ပို စိတ်ဝင်စားမိတယ်။
ကမ္ဘာကြီး ပို ပူလာတယ်၊ ကာဗွန်တွေကြောင့် ဆိုတာက လွဲလို့ ကျန်တဲ့ဗဟုသုတ ဘာမျှ မရှိခဲ့တာအမှန်ပါ။ ကမ္ဘာ နဲ့ ကာဗွန် ဘယ်လို ဆက်သွယ် ပက်သက်နေ သလဲ၊ ကာဗွန်က ဘာကြောင့် ကမ္ဘာ ကိုပူစေ တာလည်း ဆိုတာ ကျွန်တော် တခါမှ မစဉ်းစားဖူး တဲ့အကြောင်း အရာတွေပါ။ စိတ်မ၀င်စားခဲတာလည်းပါမှာပါ။ ခုတော့ တကမ္ဘာလုံးကလည်း Global Warming ၊ အိမ်ကို ဖုန်းဆက်တော့လည်း ပူလိုက်တာသားရေ ၄၀ ဒီဂရီ စဲစယက် တောင်ရှိတယ် ဆိုတာတွေကို အဆက်မပြတ်ကြားနေရတယ်။ နောက်ဆုံးတော့ SOS ဆိုတဲ့ စာအုပ် ကလေးက ကျွန်တော့ အတွေးထဲမှာတောင် မရှိတဲ့ မေးခွန်း တွေကို ရှာဖွေဖတ်ရှုဖို့ တွန်းအားပေးခဲ့တယ်။
ပထမဦး ဆုံးစိတ်ဝင်တစား သိလိုက်ရတာတော့ ကျွန်တော်တို့ ကမ္ဘာကြီး ကိုယ်တိုင် က အပူတွေထုတ်လွှတ်နေတယ် ဆိုတာပါပဲ။ ထုတ်လွှတ်လိုက်သော အပူပမာဏရဲ့ ၂၀ ရာခိုင်နှုံး ဟာ ကမ္ဘာ အပါအ၀င် ဂြိုတွေလည်ပတ်မူ စွမ်းအင်ကြောင့်ဖြစ်ပေါ် လာတာဖြစ်ပီး၊ ကျန်တဲ့ ၈၀ ရာခိုင်နှုံး ကတော့ ရေဒီယိုသတ္တိကြွပီး လျှပ်စစ်သံလိုက်လှိုင်းထုတ် လွှတ်မှု့ကြောင့်လို့ဆိုပါတယ်။ အဲဒီနေရာကျ မှ ကာဗွန်က ၀င်ပီး အကျိုး(အဆိုး)ပြုတာပါ။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ တချို့ ဂတ်စ်တွေက ကမ္ဘာမြေက စွန့်လိုက်တဲ့ အပူတွေကို အာကသထဲ အလွယ်တကူရောက်မသွားအောင် စုတ်ယူထိန်းသိမ်း ထားလိုက်တာပါ။ အဲဒီလိုဖြစ်ရပ် ကိုတော့ Greenhouse effect လို့ခေါ်ပါတယ်။
ဒီနေရာမှာ စဉ်းစား စရာက ဟိုးကနဦးအစကတည်းက ကမ္ဘာကလည်နေ တယ်၊ နဂိုကတည်းကလည်း ကာဗွန်ဒိုင်အောက်ဆိုက်တွေရှိနေတယ်၊ ခုမှဘာလို့ Global Warming ထအော်ရသလဲ၊ ဘာလို့ ကမ္ဘာ့ အပူချိန်ပိုတက်လာရလဲ။ အကြမ်းအားဖြင့်တော့ ကမ္ဘာနှင့် အ၀ှမ်း မြို့ပြတွေ တိုးတက်လာကြတယ်...တိုးတက်လာသည်နှင့် အမျှ မြို့ပြလိုအပ်ချက်အရ သစ်ပင်တွေခုတ်ရခြင်း၊ မြို့ပြ အသုံးအဆောင်ပစ္စည်းများမှ ဘေးထွက် ဓါတ်ငွေ့အဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်များ လေထုအတွင်းစွန့်ထုတ်လာကြခြင်း (မော်တော်ကားများ၊ စက်ရုံများ၊ စိုက်ပျိုးမြေအတွက် သစ်တောမီးရှို့ခြင်းများ) ကြောင့်ဖြစ်သည်ဟုဆိုရပေမည်။ သစ်ပင်၊ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဆက်သွယ်မှုကိုတော့ လူတော်တော် များများသိပီးသားမို့ အထွေအထူး အဖြစ်အကျယ်မပြောတော့ပါ။ အကျဉ်းအားဖြင့် သစ်ပင်သည် ကာဗွန်ဒိုင်အောက်ဆိုက်ကို အသုံးပြုကာ အလင်းဖြင့်အစာဖွဲ့စီးပီး အောက်ဆီဂျင်ကို လေထုအတွင်းသို့ဘေးထွက်ဓါတ်ငွေ့အဖြစ်ပြန်လည်ထုတ်လွှတ်ပေးသည်။ ဤဆက်သွယ်ချက်ကို သိသော်ညားလည်း အရွယ်ရောက်ပီးသစ်ပင် တပင်သည် တနှစ်လျှင်ကာဗွန်ဒိုင်အောက်ဆိုက် မည်မျှစုတ်ယူ၍၊ အောက်ဆီဂျင်မည်မျှထုတ်သနည်းဟုမေး လျှင်မူ ရုတ်တရက် ချက်ချင်းဖြေရန် မလွယ်ကူလှပေ။
Breathing Earth ၏အဆိုအရ ကျွန်တော်တို့ ဗမာနိုင်ငံသည် ၅၄ မိနစ် တိုင်း ကာဗွန်ဒိုင်အောက်ဆိုက် တန် ၁၀၀၀ ထုတ်လုပ်နေပီး၊ ပျမ်းမျှခြင်းအားဖြင့် လူတယောက်သည် တနှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၀.၂ တန်လေထု အတွင်းသို့ရှုထုတ်လျှက်ရှိသည်။ အရွယ်ရောက်ပီး သစ်ပင်တစ်ပင်၏ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူနှုံးမှာမူ တနှစ်လျှင်ပျမ်းမျှအားဖြင် ၄၃ ပေါင်နှုံး ရှိ၍၊ အောက်ဆီဂျင်ထုတ်လုပ်နှုံးမှာမူ တနှစ်လျှင် ၁၁၅ပေါင်နှုံးရှိ သည်ဟု Colorado Tree အဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်အရသိရှိရသည်။ အရွယ်ရောက်ပီး သစ်ပင်ဟုဆိုရာ၌ သစ်ပင် ပင်စည်လုံးပတ် သည် ရင်ညွန့်အမြင့်(၁.၅ မီတာ) ၌ ၂၀ လက်မ ၀န်းကျင်ရှိသော သစ်ပင်မျိုးကိုဆိုလို ခြင်းဖြစ်သည်။
အထက်ပါ အချက်အလက်များအရ လက်ရှိ ကျွန်တော်တို့ နိုင်ငံ၏ ကာဗွန်ထုတ်လုပ်နှုံး ကိုထိန်းသိမ်းနိုင်ရန် လူတယောက်အတွက် သစ်ပင် (20 DBH) ၂ ပင်လိုအပ်ပါသည်။ လက်ရှိသစ် ထုတ်လုပ်မှုအခြေအနေ၊ သစ်တောထိန်းသိမ်းမှု အခြေအနေ မည်သိုရှိသည် မသိ၍ ကျွန်တော်တို့နိုင်ငံ ၏ ecosystem မပျက်မစီး ရှိသေးသည်ဟု ပြောရန်ခက်လှသည်။ ဥပမာ သစ်တောများ ရှိသေးသည်ဟု ဆိုသော်ညားလည်း ၀ါးတော သို့မဟုတ် တောပြုတ်စပ် ဖြစ်နေနိုင်ပါသည်။ မြန်မာ့ သစ်တောစီးမံ ခန့်ခွဲမှုနှင့် ပက်သက်၍ သစ်တောဦးစီး မှလည်းကောင်း၊ နိုင်ငံတကာမှ လည်းကောင်း စာတမ်းများစွာ ထွက်ရှိထားသော်လည်း၊ စားတမ်းများ သုတေသနများ နှင့်ဆန့်ကျင်စွာမြန်မာ့ ရာသီဥတုမှာ ဆိုးဝါးသထက် ဆိုးဝါး လာနေပေသည်။ မိုးလေ၀သ ဦးစီးဌာန ၏ ခန့်မှန်းချက် အရ နောင်တွင် မြန်မာ ပြည်ပ၌ အက်ဆစ်မိုး စရွာနိုင်သည် ဟုဆိုပါသည်။ Earth Trends ရဲ့ မြန်မာပြည် နဲ့ ပက်သက်တဲ့ ပေပါတခု ကိုလည်း ဒီမှာတွေ့နိုင်ပါ တယ်။
ဤနေရာတွင် ကျွန်တော်ပြောခဲ့တာလေးတွေ ကို ကောက်ကြောင်းပြန်ဆွဲလိုပါသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့များကြောင့် ကမ္ဘာကြီးပိုမို ပူနွေးလာပီး၊ သစ်တောပြုန်းတီးမှု မြို့ပြဖွံ့ဖြိုး လာမှုတို့က လည်း လေးထုအတွင်းကာဗွန်ဒိုင် အောက်ဆိုက်များပြားစေကာ ကမ္ဘာ့ ပူနွေးမှုကို အရှိန်အဟုန် မြှင့်ပေးလျှက်ရှိသည်။ ဤနှုံး အတိုင်းဆက်လက် သွားမည်ဆိုလျှင် နောင်တွင် ကမ္ဘာပေါ်၌ လူသား အပါအ၀င် သက်ရှိသတ္တ၀ါများ အသက်ရှင်နေထိုင်ရန် အင်မတန် ခက်ခဲပေ လိမ့်မည်။ ထိုအချိန်သည် မျက်မြင်တွေ့ရန်တော်တော် လိုသေးသည်ဟု ဆိုနိုင်ပေသည်။ လက်ရှိ လက်တွေ့ တွေမြင်နိုင်တာကတော့ ရေခဲတောင်များ အရည်ပျော်နေခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်း နှင့် 24 မတ်လ 2010 ရက်နေ့ တိုင်းမ် သတင်း စာတွင် ပါလာသော New Moore Island ပြောက်ဆုံး သွားခြင်းတို့ပင် ဖြစ်သည်။
ပင်လယ်ရေ မျက်နှာပြင်မြင့်တက် လာခြင်းကို သာမာန် မျှ မကြည့်ဘဲ၊ ထဲထဲ ၀င်ဝင် လေ့လာကြည့် မည်ဆို လျှင်လည်း စိတ်ဝင်စား စရာကောင်းလှသည်။ သိပ္ပံ ပညာရှင်တို့၏ အဆိုအရ လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ် 0.2 လက်မ နှုံး နှင့်မြင့်တက်လျှက်ရှိသည်။ လူသားမျိုးနွယ်ဖွံဖြိုး တိုးတက်မှုနှင့် ရေအရင်းအမြစ်သည် ခွဲခြား၍ မဖြစ်နိုင် သလို့ နိုင်ငံများ၏ မြို့တော် များသည် လည်း ပင်လယ်ကမ်းရိုးတန်း အစပ်တွင်သာရှိကြသည်။ ပင်လယ်ရေမျက်နှာပြင် အတိုင်းအတာ တခုအထိမြင့်တက်လာချိန်တွင် ရေလွှမ်းမိုးမှု၊ သဘာဝဘေးအန္တရယ် နှင့် ရောဂါဘယ များကို ထိုမြို့ကြီးများက ပိုမို ခံစားရမည်မှာ မလွဲပေ။
ထိုကြောင့် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာမြေကြီး အရှည်သဖြင့် စိမ်းလန်းသာယာရေး၊ လူသားမျိုးနွယ်နှင့် တခြားသက်ရှိသတ္တ၀ါ များ ပြုန်းတီးပျောက်ကွယ် မသွားစေရန် တဦးခြင်းစီ တယောက်ခြင်းစီ အနေနှင့် တစုံတခု အမြန်ဆုံး လုပ်ပေး သင့်သည်ဟု ကျွန်တော်မြင်မိသည်။ တစ်ဦး ခြင်းစီ တွင် ပိုမို၍ ကောင်းမွန်သော အစီအမံ များရှိနေနိုင်သည် မို့ ဤပို့စ်လေး ကို ဖတ်မိသူများလည်း သစ်ပင် စိုက်ပါ ဆိုသည့် ယျေဘုံယျ အကြံဥာဏ် မျှနှင့် မပိတ်ဆို့လိုပါ။ ကျွန်တော့် တွင်တော့ ထိုထက်ကောင်း သည့် အကြံ မရှိသေးသည် မို့ သစ်ပင်စိုက်ပါမည်။ ကျွန်တော့ အတွက်၊ အများ အတွက်၊ နောက်မျိုးဆက် ၁ ဆက်၊ ၂ ဆက်၊ ၃ ဆက် အတွက် ကျွန်တော်သစ်ပင်စိုက်ပါ မည်။
Other Ref: http://rainforests.mongabay.com/deforestation/2000/Myanmar.htm
http://earthtrends.wri.org/pdf_library/cp/cli_cou_104.pdf
http://www.time.com/time/health/article/0,8599,1974819,00.html
Tuesday, February 23, 2010
မိတ်ဆွေတု (၁၆) ယောက်…
အညဒတ္တုဟရ မည်သော မိတ်ဆွေတု (၄) ယောက်
(၁) အခါခပ်သိမ်း မိမိထံမှ ပစ္စည်းဥစ္စာကိုသာ ဆောင်ယူလေ့ရှိတတ်သော မိတ်ဆွေတု။
(၂) မိမိထံသို့ တစုံတရာ အနည်းငယ်မျှကိုသာ ယူလာပြီး အများအပြားကို ဆောင်ယူလေ့ ရှိတတ်သော မိတ်ဆွေတု။
(၃) ဘေးအန္တရယ် တစုံတခုနှင့် ကြုံတွေ့လာသောအခါ၌ လာရောက်မှီခိုကာ အမှုကိစ္စကို ဆောင်ရွက်ပြီးလျှင် အမှုကိစ္စပြီးစီးသောအခါ ပြန်လှည့်၍ မကြည့်၊ သတိမရတတ်သော မိတ်ဆွေတု။
(၄) သူ၏အကျိုးစီးပွားအတွက် သက်သက်ကိုသာ လာရောက်မှီခိုတတ်သော မိတ်ဆွေတု။
ဝစီပရမ မည်သော မိတ်ဆွေတု (၄) ယောက်
(၁) မိတ်ဆွေ မနေ့ကလာလျှင်ဖြင့် ရနိုင်ပေ၏။ ယနေ့မှ လာသည့်အတွက် မပေးရပါ ဟူ၍ အတိတ်ဖြစ်သော စကားတို့ဖြင့် ချီးမြှောက်ပြောဆိုတတ်သော မိတ်ဆွေအတု။
(၂) မိတ်ဆွေ လာတာ စောနေပါသည်၊ နက်ဖြန် သန်ဘက်လောက် ဆိုလျှင် ရနိုင်ပေ၏ ဟု အနာဂတ်ဖြစ်သော စကားတို့ဖြင့် ချီမြှောက်ပြောဆိုတတ်သော မိတ်ဆွေတု။
(၃) မိတ်ဆွေအား ဤ၀တ္ထု၊ ဤပုဆိုးနှင့် သင့်လျော်သည့် အတွက် ပေးချင်ပါသည်၊ သို့သော်လည်း ကျွန်ုပ်၌ ဤတစ်ခု၊ ဤတစ်ထည်သာ ရှိသည့်အတွက် မပေးရပါ ဟု အချည်းနှီးသော စကားတို့ဖြင့် ချီးမြှောက် ပြောဆိုတတ်သော မိတ်ဆွေတု။
(၄) မိတ်ဆွေအား တစုံတခု ရထားဖြစ်စေ၊ လှည်းဖြစ်စေ အလိုရှိက ငှားချင်ပါ၏။ သို့သော်လည်း လှည်း၌ ၀င်ရိုးကျိုးနေသည် ဟူ၍ လည်းကောင်း၊ ရထား၌ ဘီးပျက်နေသည် ဟူ၍ လည်းကောင်း အပျက်စကားနှင့်သာ ချီးမြှောက် ပြောဆိုတတ်သော မိတ်ဆွေတု။
အနုပိယဘာဏီ မည်သော မိတ်ဆွေတု (၄) ယောက်
(၁) မကောင်းမှုကို ပြုလုပ်ရန် တိုင်ပင်ပါကလည်း ကောင်း၏ ဟူ၍ ပြောဆိုတတ်သော မိတ်ဆွေတု။
(၂) ကောင်းမှုကို ပြုလုပ်ရန် တိုင်ပင်ပါကလည်း မကောင်း၏ ဟူ၍ ပြောဆိုတတ်သော မိတ်ဆွေတု။
(၃) ရှေ့တွင်သာ ကျေးဇူးစကားကို ပြောဆိုတတ်သော မိတ်ဆွေတု။
(၄) မျက်ကွယ်ရာ၌ ကျေးဇူးမဲ့ စကားကို ပြောဆိုတတ်သော မိတ်ဆွေတု။
အပါယသဟာယ မည်သော မိတ်ဆွေတု (၄) ယောက်
(၁) အရက်သေစာ သောက်စားမှု၌ တိုက်တွန်းတတ်သော မိတ်ဆွေတု။
(၂) အလောင်းအစား ကစားမှု၌ တိုက်တွန်းတတ်သော မိတ်ဆွေတု။
(၃) ပွဲလမ်းသဘင် ပျော်ရွှင်မှု၌ တိုက်တွန်းတတ်သော မိတ်ဆွေတု။
(၄) ညအချိန်မတော် လမ်းလျှောက်မှု၌ တိုက်တွန်းတတ်သော မိတ်ဆွေတု။
copy from:http://ashinnyanadipa.blogspot.cc
စိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေ
Wednesday, February 3, 2010
အတွေး အပိုင်းအစများ
ခုတလော ကျွန်တော်စဉ်းစာနေမိတာလေးတွေ တော်တော်များပါတယ်... ဥပမာ၊ နိုင်ငံတခု ဘက်ပေါင်းစုံတိုးတက်စေချင်လျှင် ဘာတွေက အရေးကြီးပါသလဲ...သဘာဝအရင်းအမြစ်လား၊ လူသားများ၏ စဉ်းစားတွေခေါ်နိုင်စွမ်း နှင့် တီထွင်ဖန်တီးနိုင်မှုလား။ ၎င်းအချက်အလက်များ ပြည့်စုံကာမျှ နှင့် သမမျှတသော၊ စည်းလုံးညီညွတ်သော၊ အေးချမ်းသာယာသော ချစ်ကြည်ရင်းနှီးသော လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတခု တည်ထောင်နိုင်မည်လော...စသဖြင့် မဆုံးနိုင်သော အတွေးရေယာဉ်ကြောမှာ မြောနေမိသည်။ ဘာဖြစ်လို့ စဉ်းစားမိလည်း ဆိုတော့ ကျွန်တော်ချစ်တဲ့ နိုင်ငံကို တခြား ကျွန်တော်ရောက်ဖူးတဲ့ အာရှနိုင်ငံလေးတွေနှင့် ယှဉ်ကြည့်မိလို့ ဟုဆိုရမှာပါ ပဲ။ အဆုံးသတ်ကောက် ချက်ချမိတာတော့ နိုင်ငံသားများ၏ ပညာတတ်မြောက်မှု နှုံး နှင့် စဉ်းစား တွေးခေါ်နိုင်မှု နှုံးသည် ထိုနိုင်ငံ၏ ကံကြမ္မာကို ပြုပြင်သည် ဟုသာဆိုချင်ပါသည်။ နိုင်ငံတခု၏ အစဉ်အလာကို လေ့လာကြည့်မည် ဆိုလျှင် လူမျိုးရှိသလား၊ စာပေရှိသလား၊ ယဉ်ကျေးမှုရှိသလား စသည်ဖြင့် ခြေခြေမြစ်မြစ် လေ့လာရပေမည်။ ကျွန်တော်တို့ နိုင်ငံကိုမေးမည် ဆိုလျှင် ရှိတာပေါ့ဟု တပြိုင်တည်းဝိုင်းဖြေကြမှာမနည်းပေ။ တချို့ဆိုလျှင် လူမျိုးကြီး ၇ မျိုးတောင်ရှိသည် ဟုဆိုကြ ပေဦးမည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် ကျွန်တော်ဂုဏ်ယူ ရသော ကျွန်တော့ နိုင်ငံ၏ လူမျိုးကြီးများ သည် ပြည်နယ်အလိုက် လူမျိုးပင်မက၊ သက်ဆိုင်ရာစာပေ နှင့် ယဉ်ကျေးမှုများပါ အသီးသီးရှိကြပါသည်။ သို့သော် သာစဉ်မြေးဆက် အဆင့်ဆင့်တိုးတက်ခဲ့ပါရဲ့လားဟုမေးလျှင် ဆိတ်ဆိတ် နေကြရပေမည်။ ယုတ်လျှော့ပျောက်ကွယ်နေ သည်ကိုပင်တွေ့မြင်နေရသော ယနေ့ခေတ်တွင် တိုးတက်မှုရှိပါသလားဆိုသော မေးခွန်းသည် ရန်စသည်နှင့်ပင် တူကောင်းတူပေလိမ့်မည်။ ဘာ့ကြောင့် ယဉ်ကျေးမှုတွေ၊ စာပေတွေ တိုးတက်မှုမရှိဘဲ ယုတ်လျှော့ပျောက်ကွယ် ကုန်ရပါသလဲ။ ထိုကဲ့သို့ သောမေးခွန်းကို မေးခွန်းနှင့်သာ ပြန်ဖြေရမည်ထင်ပါသည်။ သက်ဆိုင်ရာလူးမျိုးတို့သည် ပညာသင်ကြားခွင့် အလွယ်တကူရကြပါရဲ့လား၊ အသစ်အသစ်ဖြစ်ပေါ်ခဲ့သော မျိုးဆက်တို့သည် အသိအမြင်ကြီးမားပါရဲ့လား၊ အတွေးအခေါ်ရင့်သန်ပါရဲ့ လား၊ အမြော်အမြင်ထွန်းပေါက်ပါရဲ့လား၊ အကျင့်သိက္ခာခိုင်မာပါရဲ့လား၊ အတွေ့အကြုံကျယ်ဝန်းပါရဲ့လား၊ တာဝန်သိစိတ် တာဝန်ယူစိတ်ရောရှိကြပါရဲ့လား ဟူ၍ အဆင့်ဆင့် စမ်းစစ်ရပေမည်။ ထိုကဲ့ သို့သောလူသား စွမ်းရည်များရရှိရန်မည်သူ့ အပေါ်တွင်မူတည်ပါသနည်း၊ မည်သူ့တာဝန်လဲ ဟုမေးလျှင်မူ မိသားစုတိုင်း၏တာဝန် ဟုဆိုရပေမည်။ မိမိ မျိုးဆက်တွင်မှ ဥာဏ်အားစိုက်၍ မိမိ၏နောက်မျိုးဆက်အား အထက်ပါလူသားစွမ်းရည်များရရှိအောင်၊ ရယူနိုင်အောင် အခွင့်အရေးဖန်တီး မပေးနိုင်လျှင် မိမိ မှီတင်းနေထိုင်ရာ ဒေသ၏ ယဉ်ကျေးမှု စာပေတို့မှာ တိုးတက်ခြင်းနှင့် ဆန့်ကျင်ဘက်လမ်းကြောင်းပေါ်သို့ကောင်းကောင်းကြီးရောက်ရပေလိမ့်မည်။ ဘာ့ကြောင့် ထိုလူသားစွမ်းရည်တို့သည် လူ့အဖွဲ့ အစည်းတခု၏ လူတိုင်းလူတိုင်းတွင် ရှိသင့်ပါသနည်း၊ ရှိရပါမည်နည်း။ မေးသင့် မေးထိုက်သော မေးခွန်းဟုပင်ဆိုရပေမည်။ အေးအေး နေလို့ရပါလျှက်နှင့် ထိုရှုပ်ရှုပ်ထွေးထွေး တွေအဘယ့်ကြောင်ရှိရပါမည်နည်း။ လူတဦးသည် အသိဥာဏ်ပညာ၊ အတွေ့အကြုံ ရင့်ကျက်လာသည်နှင့် အမျှ စဉ်းစားဆင်ခြင်နိုင်မှု၊ တွေးခေါ်မြော်မြင်နိုင်မှုသည် ကျွဲကူးရေပါ ဆိုသလို တိုးတက်လာမြဲပေ။ နှိုင်းနှိုင်းဆဆ တွေးတွေး ခေါ်ခေါ် ရှိသောလူတဦး၏ စဉ်းစားလုပ်ကိုင်သော ကိစ္စ၊ ပြောဆိုသော အကြောင်း အရာတို့သည်၊ ဖြစ်သလိုနေထိုင်ခဲ့သော လူတဦး၏ အပြုအမူ နှင့်ယှဉ်လျှင် အမှားနှင့် အတော်ဝေးကွာမည်မှာ မုတ်ချမလွဲပေ။ မိသားတစု ခြင်းစီက လေ့ကျင့်ပျိုးထောင်ပေးပြီးသော ထိုမျိုးဆက်တခု လူလားမြောက်လာချိန်တွင် တနိုင်ငံလုံးအတိုင်းအတာ နှင့် လူတော် လူကောင်း အရည်အချင်းပြည့်ဝသောလူများကိုသာ ပိုင်ဆိုင်ခွင့်ရပေလိမ့်မည်။ ထိုအခါ မည်သည့် စနစ်ကိုတည်ထောင်သည်ဖြစ်ပစေ၊ လူတော်ကလေးများ၏ ကောင်းမွန်သောစေတနာ နှင် ကျယ်ပြန့်သော အမြော်အမြင်ကြောင့်ထိုတိုင်း ပြည်မှာ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ ဘက်ပေါင်းစုံမှာ တိုးတက်မည်မလွဲပေ။ ထိုလူသားတို့၏ စွမ်းရည်ကို တိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သရွေ့ ထိုတိုင်းပြည်သည် တိုးတက်မှုသည် တိုးတက်မှုရစေဖို့ အကြောင်းဖြစ်သကဲ့သို့ အပေါင်းစက်ဝိုင်းအတွင်းမှာ ပင် အလီလီသော တိုးတက်မှုတို့ရရှိပေလိမ့်မည်။
Tuesday, January 26, 2010
Online မှ D-FORM လျှောက်ရန်
မြန်မာပြည် ကိုအလည်ပြန်လည်မယ့် မောင်နှမတွေ D-FORM လျှောက်စရာလို - မလို အတွက် အသုံးဝင်မယ် ထင်လို့ပါ။
E- Departure Form ကင်းလွတ်ခွင့်ပြုသူများ
- Leave, Log, Dependent, Business အဖြစ် သတ်မှတ် ရရှိထားသူ များအနက်မှ ရက်ပေါင်း(၃၀) အတွင်း ပြန်လည်ထွက် ခွာမည့် မြန်မာနိုင်ငံသားများ၊
- ဗီဇာအမျိုးမျိုးဖြင့် ၀င်ရောက်လာပြီးနောက် ရက်ပေါင်း(၃၀) အတွင်း ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများ၊
- မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များ သံရုံးအဖွဲ့ဝင်များ၊၎င်းတို့၏ မိသားစုဝင်များနှင့် ကုလသမဂ္ဂ UN ၀န်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများနှင့် မိသားစုဝင်များ၊
တခြား အချက်အလက်များကိုလည်း အောက်ပါ Website မှာ သွားရောက်ကြည့်ရှု လို့ရပါတယ်...
Tuesday, January 5, 2010
၆ တန်းနှစ် ကျွန်တော့ အမှတ်တရ
သူငယ်ချင်းရဲ့ Blog ထဲက “ရခဲ့တဲ့ ဆု စူးခဲ့တဲ့ စိတ် ဒဏ်ရာ” ဆိုတဲ့ Post လေးဖတ်ရင်း ကျွန်တော် state ကျောင်းသားဘ၀ တုန်းက အမှတ်တရ အတွေ့အကြုံလေးတွေ ကို ပြန်သတိရမိသည်။
ကျွန်တော်ငယ်ငယ်က ကျောင်းစာဆိုတာကို လုံးဝစိတ်ဝင်းစားခြင်းမရှိ ဘဲတချိန်းလုံးကစားဖို့ သာ လုံးပန်းနေခဲ့သည်။ ကျောင်းမှာဆိုလျှင်လည်း ကျောင်းမှသူငယ်ချင်းများနဲ့ မျောက်ရှုံး အောင်ဆော့၊ အိမ်ပြန်လာတော့ လမ်းထဲက သူငယ်ချင်းများနှင့် နေပူပူအောက်တွင် မမောနိုင် မပန်းနိုင် ဆော့ရပြန်ပါသည်။ စာကြည့်ဖို့ မပြောနှင့် ကျွန်တော့မှာဆော့ရတာပင် လက်မလည်ပါ။ ဖေဖေ နှင့် မေမေ မှာ ညနေ ၆ နာရီမှအိမ်ပြန်ရောက်လေ့ ရှိသည့်အတွက် ကျွန်တော်နှင့် ထိတွေ့ချိန် အင်မတန် နည်းပါးလှပါသည်။ သို့သော် မိဘတို့၏ထုံးစံ အတိုင်း ကျူရှင်ပို့ခြင်း၊ ကျွန်တော့၏ တိုးတက်မှု့ အခြေနေကို ဆရာများအားစုံစမ်းမေးမြန်းခြင်းဖြင့် ကျွန်တော့ ၏ပညာရေးအတွက်အရိပ်တကြည့်ကြည့်ရှိခဲ့သည်။ မည်သို့ပင် ဆရာများထံ အပ်နှံ၍ ဆို ဆုံးမစေကာမူ ကျွန်တော့ပညာရေးအခြေအနေ မှာတိုးတက်မလာခဲ့ပါ။ “မရှု့ သား စာမေးရင်မျက်လုံးကြီးကလည်ကလည်နဲ့စားမရ ဘူး” ဟူ၍သာမကြာခဏအတိုင်ခံခဲ့ကြရ သည်။ စာပင်မရသော်လည်း အရှိန်ခပ်ပြင်းပြင်းဖြင့် ရှေ့ မှဖြတ်သွားသော ဆိုက်ကားနောက်မှီး ပေါ်သို ဖတ်ခနဲဆို ပါသွားတတ်သော၊ လူကြီးသူမ များပင်သွားလေ့ မရှိသည့် မြစ်ကမ်းဘေး ချောင်းကမ်းဘေး၊ ရပ်ကွက်ကြို ရပ်ကွက်ကြားပါကျန် သွားရောက် ကစားတတ်သော ကျွန်တော့ ကို ကျွန်တော့မိဘ များက စိတ်အပျက်ကြီး ပျက်လျှက်ရှိကြသည်။ စိတ်ပျက်မည် ဆိုလျှင်လည်း ပျက်စရာပင်။ ကျွန်တော့ အကိုမှာ ထိပ်တန်းမှ စာတော်သူဟု မဆိုနိုင်သော် လည်း စာညံ့သူ၊ စာမရသူအဖြစ် အတိုင်မခံရပေ။ ကျွန်တော့ အမ မှာလည်း ပထမ ဆုကို ကန်ထရိုက် ဆွဲထားသလား ဆိုရအောင် ဆုအမြဲရသူ။ ကျွန်တော့ ကျမှသာ မကြာခဏ အတိုင်ခံရ၍ ဒီတယောက်တော့သွားပြီးဟု (နောင်အခါ ကျွန်တော့မိဘများ ပြန်ပြောပြမှ သိရသည်) စိတ်ညစ်လျှက်ရှိကြသည်။
ကျွန်တော် လေးတန်းနှစ်တွင်တော့ ကျွန်တော့ အမေက ကျွန်တော်စာမရ၍ အတိုင်ခံရသည် ကိုရှက် ကြောင်း၊ ကစားကို ရှော့ ၍ စာကြည့်ရန်ဆုံးမသည်။ ကျွန်တော့ ကြောင့် အမေရှက်သည် ဆို၍၊ ရှက်ခြင်းကို သေသေချာချာ လုံးစေ့ပတ်စေ့ နားမလည်သော် လည်း စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် ကစားခြင်းကိုရှော့၍ ကျွန်တော့ အိမ်၌ရှိစေ ချင်သော မေမေ့ အလိုကျ ကျောင်းမှပြန်လာ လျှင် အိမ်မှာသာ နေ၍ လမ်းအတွင်းမှ သူငယ်ချင်းများ နှင့်ထွက် မကစားဖြစ်တော့ပေ။ ကျောင်းစာ နှင့်နီးလာ သည်ဟု ဆိုနိုင်သော် လည်းကျွန်တော် စာမကြည့်ဖြစ်သေးပါ။ အိမ်၌ အိပ်သည်၊ စားသည် အဖွါးအား မေမေ မေးလျှင် စာကြည့်ကြောင်း ညာခိုင်းသည်။ အဖွါးက လည်းကျွန်တော့ ကို အသည်း ဆိုတော့ “ အမေ့ မြေးစာကြည့်လား” ဟုမေး လျှင် “အေး… အိမ်မှာပဲ စာကြည်တယ်” ဟုကာကွယ် ပေးသည်။
ဤသို့လှုပ်လီ လှုပ်လဲ့ နှင့် ကျွန်တော် ၆ တန်းသို့ရောက်လာသည်။ ၆ တန်းမရောက်မီ ၃ တန်းမှ စတင်၍ ကျွန်တော်ပေါင်း သင်းခဲ့သော သူငယ်ချင်း နှစ်ဦးမှာ စာအင်မတန်စာတော် သော သူငယ်ချင်းများဖြစ်သည်။ ပထမ ဆု နှင့် ဒုတိယ ဆုကို သူတို့ကသာတောက်လျှောက် ယူထားသည်။ ၆ တန်းနှစ် ၏ ပထမ ဆုံး အဂ်လိပ် စာ အချိန်တွင် အဂ်လိပ်စာ ဆရာ ထုတ်ခိုင်းလိုက်သည် က မြန်မာစာ ဖတ်စာ အုပ်ပေ။ ထို့နောက် “ထိပ်ဆုံး သို့” အမည်ရသော ကဗျာ ရှိသည့် စာမျက်နှာသို့ လှန်ခိုင်းကာ၊ ထိုကဗျာလေးအား သံနေသံထား ဖြင့် ဖတ်ပြ၍ ကဗျာ၏ အဓိပ္ပါယ် ကို စေ့စေ့ငုငု ရှင်းပြသည်။ ထိုကဗျာလေး ကိုယနေ့ တိုင်ကျွန်တော် မှတ်မိနေပါသေး သည်။
“ထိပ်ဆုံး သို့”
တတောင်ပေါ် တတောင်ဆင့်၊ တောင်အမြင့် ပတ်ခြံရံ
တတောင်ဆုံးပြန်တော့၊ တလုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်
ခါတလေတကယ်ပန်းတာကြောင့်၊ တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ် မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့ တနေ့မှာ၊ ဆုံးရာရောက်ပါလိမ့်မယ်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့၊ စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေးအေးရယ်နှင့်၊ ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပ၊ ချစ်ဖွယ်လူသား။
ကျွန်တော့ဘ၀ တွင်စိတ်ဓါတ်ကျနေသည့် အချိန်များ၊ အခက်အခဲတခုကို လက်လျှော့လိုက်လို သည့် အခါများတွင် ထိုကဗျာလေး အားသတိရမိကာ အခက်ခဲအား လုံးလွယ်ခဲ့ရသည်။ ထို ကဗျာလေးအား သတိရမိသည် နှင့်အမျှ ထိုကဗျာ လေးအားရွတ်ဆို၍ ဆုံးမခဲ့ သော ကျွန်တော် တို့၏ ဆရာ ဦးညွန်ရွှေ အားလည်း သတိရ ကျေးဇူးတင် မဆုံးရှိရသည်။ ၆ တန်းနှစ် ကျွန်တော် တို့အတန်း၏ အတန်းပိုင်ဆရာမှာ ပထ၀ီဘာသာ သင်သော ဆရာမ ဒေါ်အေးအေးစိုး ဖြစ်သည်။ ပထမဆုံး အချိန်စ၀င် ကတည်းက ဆရာမ က စည်းကမ်းတင်း ကြပ်မည်ဖြစ်ကြောင်း၊ အားကစားရေးရာနှင့် အပန်းဖြေမှု အပိုင်းတွင် သူများအခန်းများ ထက်ရရှိ အောင်လုပ်ပေးမည်ဖြစ်ပြီး၊ ပညာရေးတွင် အနည်းငယ်မျှ အလျှော့ပေးမည် မဟုတ် ကြောင်း၊ ရှက်တတ်သူအား ရှက်တတ်သည့် အလျှောက်၊ ကြောက်တတ်သူအား ကြောက်တတ်သည့် အလျှောက် ဆိုဆုံးမ၍ ကျောင်းသားများ၏ ပညာရေး အရည်အသွေး မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုးစားနိုင်ပါသော ဥာဏ်ရည် ဥာဏ်သွေးရှိလျှက် နှင့် ကြိုးစားချင်စိတ်မရှိသော၊ မကြိုးစားသော တပည့်များအားထိထိရောက်ရောက် ဆုံးမကာ အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။ ကျွန်တော်လည်း ဆရာများထံမှ ကြားနေကျစကား ဖြစ်၍ ဆရာမ၏ စကားအဘယ်မျှ ရည်ရွယ်ကြောင်း မရိပ်မိခဲ့ပေ။ ဆရာမထံ၌ စာသင်ကြားနေ ရင်းတဖြည်းဖြည်း နှင့်မှ ဆရာမသည်ပြော သည့်အတိုင်းဖြစ်အောင် လုပ်ကြောင်းသိရှိလာရ သည်။ အားကစား ၀ါသနာပါသော တပည့်များအတွက် ကျောင်းမှအားကစားပစ္စည်းများ မလုံလောက် လျှင် သူ့ကိုယ်ပိုင်ငွေနှင့် စိုက်ထုတ်ခါ မတည်ပေးသည်။ စားမေးပွဲများ နီးလားလျှင် လည်း ကျေင်းသားများအား လေ့လာရေးခရီးပို့ဆောင် ပေးခြင်း၊ ၆ တန်းအရွယ် ခလေးများ စိတ်ဝင်စားနိုင်မည့် သုတ ရဿ ပေးနိုင်သော ဗီဒီယို များကြည့်နိုင်ရန်စီစဉ် ပေးခြင်း စသည်ဖြင့် နှစ်လုံးပေါက် အလုပ်ရှုပ်လျှက်ရှိသည်။ ၆ တန်းနှစ်တွင် ကျွန်တော့ အတန်း၏ မော်နီတာခေါ် အတန်းခေါင်းဆောင် မှာ ကျွန်တော်ဖြစ်သည်။ ထိုကြောင့် အတန်း မော်နီတာအဖြစ် ဆရာများအား အနီးကပ်ကူညီခွင့်ရ ခဲ့ပြီး ဆရာတော်တော် များများ၏ စိတ်နေစိတ် ထား လုပ်ပုံကိုင်ပုံတို့ကို အတုယူ သင်ကြားခွင့်ရခဲ့ သလို၊ ဆရာများကလည်းသူ တို့တပည့် ကျွန်တော့၏ပညာရေး ခြေအနေကို အရင်းအတိုင်း သုံးသတ်နိုင်ခဲ့သည်။ သို့နှင့် ဆရာမက ကျွန်တော့အားကြိုးစားရန် မကြိုးစားလျှင် နောင်ကျင်အောင် ဆုံးမည်ဟု ဆိုထားခဲ့ သည်။ မည်သို့ပင်ဆရာများက ဆုံးမသောလည်း ကျွန်တော့ ပညာရေးအခြေအနေ မှာတိုး တက်မှုမရှိဘဲ၊ ခုံနံပတ် ၁ မှ ၁၀ အတွင်းပင်မ၀င်ပေ။
သို့နှင့် ကျောင်းနှစ်ပတ်လည် ဆုနှင်းသဘင် နီးလာသော အခါ အတန်း၏မော်နီတာဖြစ်သည့် အားလျှော်စွာ၊ ထိုအခမ်းအနားတွင် ကြိုဆိုနေရာချထား နှင့် ဧည်ခံရေး အဖွဲ့ တွင်ပါဝင် ရမည် ဖြစ်ကြောင်း ဆရာမ ကတာဝန်ပေးသည်။ ထိုအချိန် ထိလည်းဆရာမ ဘာကိုစောင်းပေး၍ လုပ်ကိုင် နေကြောင်း စိုးစဉ်း မျှမရိပ်မိခဲ့ပါ။ ရိပ်မိ သိရှိသည့် အချိန် တွင်တော့ မှာ ရှက်ရွံ့ အား ငယ်မှု၊ ခံပြင်းမှု ဟု မဆိုသာသော ခံပြင်းမှု တို့နှင့် “ကြိုးစားရမည်” ဟူသော စိတ်ဓါတ် ကိုပိုင် ဆိုင်ခဲ့ပေတော့သည်။ ခဏမျှသော ပိုင်ဆိုင်မှု မဟုတ်ပဲ ယ္ခုတိုင် အမြဲ တမ်းအတွက်ပိုင်ဆိုင် ခဲ့ပြီဖြစ်သော ထို စိတ်ဓါတ်အတွက် ဆရာမအားအမြဲ အမှတ်ရကာ၊ အမှတ်ရတိုင်းလည်း ကျေးဇူးတင်လျှက်ရှိ ရသည်။
ဆုနှင်းသဘင် နေ့တွင်ထုံးစံ အတိုင်း အခမ်းအနားဖြစ် မြောက်ရေးအဖွဲ့ဝင် အဖြစ်စောစီးကာ ရောက်ရှိပြီး ဆရာ ဆရာမများနှင့် ဧည့်သည်များအား နေရာချပေး၊ အစားအသောက်များစီစဉ် ပေးခြင်းဖြင့် အလုပ်ရှုပ်နေစဉ်၊ ဆရာမက “ဟိုမှာ ငြိမ်းအောင်သက် နဲ့ လင်းထွဋ္ဋ်နိုင် လာနေပြီ နေရာချပေး လိုက်ဦး၊ မင်းသူတို့နေရာသိတယ် မဟုတ်လား” ဟုဆိုသည်။ ထိုသူနှစ်ယောက် မှာ ကျွန်တော်နှင် ခင်လှစွာအမြဲတွဲသည့် သူယ်ချင်း ၂ ဦးပါပေ။ သူတိုကိုကြည့် လိုက်တော့ ကျွန်တော့ လိုပဲ လည်ကတုန်းရှပ်အဖြူ၊ တိုက်ပုံနှင့် ကျောင်းစိမ်းနှင့်ပင်။ ကျွန်တော်တို့ သူငယ်ချင်းပင် ဖြစ်သော်ညားလည်း၊ အခမ်းအနားတစ်ခု ကို တူညီဝတ်စုံဝတ်၍ တက်ရောက်ရ သော်ညားလည်း၊ တက်ရောက်ခွင့် ရပုံရနည်းခြင်း၊ အခမ်းအနားကို ပါဝင်ရပုံခြင်း မတူ ကျွန်တော့မှာ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကူညီပေးရသူ(အကူ)၊ သူငယ်ချင်း များကတော့ ထို အခမ်းအနား ဖြင့် ဂုဏ်ပြုခြင်းခံရသူများ ဟူသော အားငယ်မိသည့် ခံစားချက် ကို သူငယ်ချင်းများ အားလိုက်လံ နေရာချပေးရင်း ခံစားမိသည်။ ထို အခိုက်အတန့်လေး ကို သတိထပ်ချပ် မကွာစောင့်ကြည့်နေသော ဆရာမ က ထိုမျှနှင့် မပြီးသေးပါ၊။ အစားအသောက် ချပေးနေသော ကျောင်းသူ အများအပြားရှိပါ လျှက် ကျွန်တော့ နောက်မှ ကပ်လိုက်လာပြီးလျှင် “သူတို့ကို စားစရာတွေ ချပေးလိုက်ဦး” ဟုဆိုသည်။ ကျွန်တော့ မှာအားငယ်စိတ် နှင့်သူငယ်ချင်းနှစ်ဦးအနား လည်းမသွာလိုတော့ပါ၊ မေ့မေ့ပြောက်ပြောက် အခြားဧည့် သည်များကိုသာ သွားရောက်ဧည့်ခံ လိုသော်လည်း ဆရာမ အမိန့်ကို မလွန်ဆန်ရဲပြန်ပါ။ သို့နှင် စားသောက်ဖွယ်ရာ ပုဂံ များကိုကိုင်လျှက် ထိုသူငယ်ချင်း နှစ်ဦးထံ သွားမည်ဟု လှမ်းအကြည့် မိဘအဆွေအမျိုးများနှင့် ပညာရည်ချွန်ဆု ယူရန်တက် ရောက်လာသော သူငယ်ချင်း နှစ်ဦးမှာစကား ဖေါင်ဖွဲ့လျှက် မိန့်မိန့်ကြီးထိုင်နေကြသည်။ ထိုသူတို့ထံ လှမ်းနေသော ကျွန်တော့ခြေလှမ်းများ ၀မ်းနည်းမှု အားငယ်မှု များနှင့် လေးလံနေ သည်။ ကျွန်တော့ ကိုမှခိုင်းရက်လေ ခြင်းဟု ဆရာမအား ထိုခဏ၌ စိတ်ဆိုး မိ သည်။ ထိုနေ့မှာပင် ကျွန်တော် ဆုံးဖြတ်ချက် ကိုအခိုင် အမာချခဲ့သည်။ ကျွန်တော် ချစ်သော သူငယ်ချင်းများနှင့် ပညာရည်ချွန်ဆု အတူတကွ ယူရန်၊ ထိုနေ့လိုအခမ်းအနားမျိုး၊ ထိုနေ့လိုခံစားမှု မျိုးထပ်မံ မရရန်၊ ကျွန်တော်ချစ်သော မိဘ ကျွန်တော့ကို ပိုင်ဆိုင်ရခြင်း ကြောင့် စိတ်ပျက် အရှက်ရ ရခြင်းမျိုး မဖြစ်စေရန် ကျွန်တော် မဖြစ်မနေကြိုးစားရမည် ဟူသော အသိ၊ ထိုအသိအတိုင်း ကြိုးစားအားထုတ်မည် ဟူသောဆုံးဖြတ်ချက်ပါ တပြိုင်တည်း ချမှတ်လိုက်သည်။
၆ တန်းနှစ်တွင် ကျွန်တော် တတိယ ဆုရရှိခဲ့သည်။ ၇ တန်းနှစ်တွင် ရွှေပြည်သာ အ.လ.က (၃) သို့ ကျောင်းပြောင်းတက်နေသည်ဖြစ်ရာ ၆ တန်းအတွက် ပညာထူးချွန်ဆုကို ကျောင်းတက် ခဲ့ရာ လှည်းကူ၌ ပြန်ယူရသည်။ အတန်းပိုင် ဆရာမနှင့်လည်း ပြန်တွေ့ ကာ ဆရာမ အား အထင်လွဲစွာစိတ်ဆိုးမိကြောင်းတောင်း ပန်၍ နောင်တွင် ကျွန်တော့ မိဘများ၊ ဆရာသမာများ ဖြစ်စေချင်သည့် ပုံစံအတိုင်းကြိုးစားသွား မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ထိုနှစ်မှ စ၍ အထက်တန်းကျောင်းသား ဘ၀တလျှောက် ဆုမရသော နှစ်မရှိခဲ့ သလို စက်မှုတက္ကသိုလ် သို့ တက်ရောက် ပညာသင်ကြားခွင့်ရခဲ့သည်။ အင်ဂျင်နီရာ ဆိုသော ပညာ လေးဖြင့် ဘ၀တွင် အသက်မွေးဝမ်း ကြောင်းခွင့်ရခဲ့သည်။
ကျွန်တော်စဉ်းစားကြည့် မိသည်၊ ထိုအချိန်ကသာ မိဘစကား၊ ဆရာ့စကား အဆိုဆုံးမ တို့ကို နားမ၀င်ပဲ ပညာကိုသာ စိုက်လိုက်မတ်တတ် မသင်ယူခဲ့ပါလျှင်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စာတတ် သော ကျွန်တော် ခုချိန်ဆို ဆိုက်ကားသမား သို့မဟုတ် စာရင်းငှာတော့ ကောင်းကောင်းဖြစ် နေလောက်ပေပြီ။ ကျွန်တော်ဒီနေ့ ဒီအချိန် လူများကြားမှာ ပညာဆိုသော အထောက်အပံ ဖြင့် မားမားမတ်မတ် ရပ်တည်နိုင်အောင် မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ် ခဲ့သော မိဘ၏ကျေးဇူး အထွေထွေကို လည်းကောင်း၊ အတတ်လည်းသင် ပဲ့ပြင်ဆုံးမခဲ့သော အပြားပြားသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အားလည်းကောင်း ဤ ပို့လေးဖြင့် အမှတ်တရ ဂါဝရပြု အပ်ပါသည်။