ဖေဖေါ်ဝါရီ ခရီးသွားကပြန်လာပီး စိတ်ဝင်စားတဲ့အကြောင်းလေးတွေ ကိုစရေးဖြစ်ပေမဲ့ အဆုံးမသတ်နိုင်လို့ ပိုစ် ၃ ခုလောက် Draft မှာအောင်းနေခဲ့ပါတယ်။ စိတ်ဝင်းစား မိနေတဲ့ခေါင်းစဉ်ကလည်းတော်တော် များတာဆိုတော့ ကိုယ့်စိတ် ကိုတိုင်က ကစဉ်ကလျှားနဲ့ ဘာမှပီးမြောက်အောင်မလုပ်နိုင်ဘူး ဖြစ်နေခဲ့တာပါ။ ပီးခဲ့တဲ့အပတ်က စာတိုက်ပုံးစစ်တော့မှ SOS ဆိုပီး စာအုပ်ငယ် တခုနဲ့ CD တပြားတွေ့ရတော့ စိတ်ဝင်စားစရာ တခုထပ်တိုးလာပြန်တာပါပဲ။ ပိုဆိုးတာက အဲဒီ စာအုပ်ပေါ်မူတည်ပြီး ပိုပီးသိစရာတွေ၊ သိချင်လာတာတွေ ပိုများလာပြန်တာပါပဲ။ စာအုပ်လေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လို့ထင်ရပေ့မဲ့ သက်သက်လွတ် စားဖို့ကိုသာစောင်းပေးပီး ရေထားတယ်လို့ ထင်မိတယ်။ အသား နှင့် အသီးအနှံ မျှတအောင် စားရမှာ ပဲ ဟု ငယ်ငယ် ကတည်းကခံယူထားတာ မို့ သူ့ စာအုပ်မှာပါလာတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သာကိုယ်က ပို စိတ်ဝင်စားမိတယ်။
ကမ္ဘာကြီး ပို ပူလာတယ်၊ ကာဗွန်တွေကြောင့် ဆိုတာက လွဲလို့ ကျန်တဲ့ဗဟုသုတ ဘာမျှ မရှိခဲ့တာအမှန်ပါ။ ကမ္ဘာ နဲ့ ကာဗွန် ဘယ်လို ဆက်သွယ် ပက်သက်နေ သလဲ၊ ကာဗွန်က ဘာကြောင့် ကမ္ဘာ ကိုပူစေ တာလည်း ဆိုတာ ကျွန်တော် တခါမှ မစဉ်းစားဖူး တဲ့အကြောင်း အရာတွေပါ။ စိတ်မ၀င်စားခဲတာလည်းပါမှာပါ။ ခုတော့ တကမ္ဘာလုံးကလည်း Global Warming ၊ အိမ်ကို ဖုန်းဆက်တော့လည်း ပူလိုက်တာသားရေ ၄၀ ဒီဂရီ စဲစယက် တောင်ရှိတယ် ဆိုတာတွေကို အဆက်မပြတ်ကြားနေရတယ်။ နောက်ဆုံးတော့ SOS ဆိုတဲ့ စာအုပ် ကလေးက ကျွန်တော့ အတွေးထဲမှာတောင် မရှိတဲ့ မေးခွန်း တွေကို ရှာဖွေဖတ်ရှုဖို့ တွန်းအားပေးခဲ့တယ်။
ပထမဦး ဆုံးစိတ်ဝင်တစား သိလိုက်ရတာတော့ ကျွန်တော်တို့ ကမ္ဘာကြီး ကိုယ်တိုင် က အပူတွေထုတ်လွှတ်နေတယ် ဆိုတာပါပဲ။ ထုတ်လွှတ်လိုက်သော အပူပမာဏရဲ့ ၂၀ ရာခိုင်နှုံး ဟာ ကမ္ဘာ အပါအ၀င် ဂြိုတွေလည်ပတ်မူ စွမ်းအင်ကြောင့်ဖြစ်ပေါ် လာတာဖြစ်ပီး၊ ကျန်တဲ့ ၈၀ ရာခိုင်နှုံး ကတော့ ရေဒီယိုသတ္တိကြွပီး လျှပ်စစ်သံလိုက်လှိုင်းထုတ် လွှတ်မှု့ကြောင့်လို့ဆိုပါတယ်။ အဲဒီနေရာကျ မှ ကာဗွန်က ၀င်ပီး အကျိုး(အဆိုး)ပြုတာပါ။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ တချို့ ဂတ်စ်တွေက ကမ္ဘာမြေက စွန့်လိုက်တဲ့ အပူတွေကို အာကသထဲ အလွယ်တကူရောက်မသွားအောင် စုတ်ယူထိန်းသိမ်း ထားလိုက်တာပါ။ အဲဒီလိုဖြစ်ရပ် ကိုတော့ Greenhouse effect လို့ခေါ်ပါတယ်။
ဒီနေရာမှာ စဉ်းစား စရာက ဟိုးကနဦးအစကတည်းက ကမ္ဘာကလည်နေ တယ်၊ နဂိုကတည်းကလည်း ကာဗွန်ဒိုင်အောက်ဆိုက်တွေရှိနေတယ်၊ ခုမှဘာလို့ Global Warming ထအော်ရသလဲ၊ ဘာလို့ ကမ္ဘာ့ အပူချိန်ပိုတက်လာရလဲ။ အကြမ်းအားဖြင့်တော့ ကမ္ဘာနှင့် အ၀ှမ်း မြို့ပြတွေ တိုးတက်လာကြတယ်...တိုးတက်လာသည်နှင့် အမျှ မြို့ပြလိုအပ်ချက်အရ သစ်ပင်တွေခုတ်ရခြင်း၊ မြို့ပြ အသုံးအဆောင်ပစ္စည်းများမှ ဘေးထွက် ဓါတ်ငွေ့အဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်များ လေထုအတွင်းစွန့်ထုတ်လာကြခြင်း (မော်တော်ကားများ၊ စက်ရုံများ၊ စိုက်ပျိုးမြေအတွက် သစ်တောမီးရှို့ခြင်းများ) ကြောင့်ဖြစ်သည်ဟုဆိုရပေမည်။ သစ်ပင်၊ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဆက်သွယ်မှုကိုတော့ လူတော်တော် များများသိပီးသားမို့ အထွေအထူး အဖြစ်အကျယ်မပြောတော့ပါ။ အကျဉ်းအားဖြင့် သစ်ပင်သည် ကာဗွန်ဒိုင်အောက်ဆိုက်ကို အသုံးပြုကာ အလင်းဖြင့်အစာဖွဲ့စီးပီး အောက်ဆီဂျင်ကို လေထုအတွင်းသို့ဘေးထွက်ဓါတ်ငွေ့အဖြစ်ပြန်လည်ထုတ်လွှတ်ပေးသည်။ ဤဆက်သွယ်ချက်ကို သိသော်ညားလည်း အရွယ်ရောက်ပီးသစ်ပင် တပင်သည် တနှစ်လျှင်ကာဗွန်ဒိုင်အောက်ဆိုက် မည်မျှစုတ်ယူ၍၊ အောက်ဆီဂျင်မည်မျှထုတ်သနည်းဟုမေး လျှင်မူ ရုတ်တရက် ချက်ချင်းဖြေရန် မလွယ်ကူလှပေ။
Breathing Earth ၏အဆိုအရ ကျွန်တော်တို့ ဗမာနိုင်ငံသည် ၅၄ မိနစ် တိုင်း ကာဗွန်ဒိုင်အောက်ဆိုက် တန် ၁၀၀၀ ထုတ်လုပ်နေပီး၊ ပျမ်းမျှခြင်းအားဖြင့် လူတယောက်သည် တနှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၀.၂ တန်လေထု အတွင်းသို့ရှုထုတ်လျှက်ရှိသည်။ အရွယ်ရောက်ပီး သစ်ပင်တစ်ပင်၏ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူနှုံးမှာမူ တနှစ်လျှင်ပျမ်းမျှအားဖြင် ၄၃ ပေါင်နှုံး ရှိ၍၊ အောက်ဆီဂျင်ထုတ်လုပ်နှုံးမှာမူ တနှစ်လျှင် ၁၁၅ပေါင်နှုံးရှိ သည်ဟု Colorado Tree အဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်အရသိရှိရသည်။ အရွယ်ရောက်ပီး သစ်ပင်ဟုဆိုရာ၌ သစ်ပင် ပင်စည်လုံးပတ် သည် ရင်ညွန့်အမြင့်(၁.၅ မီတာ) ၌ ၂၀ လက်မ ၀န်းကျင်ရှိသော သစ်ပင်မျိုးကိုဆိုလို ခြင်းဖြစ်သည်။
အထက်ပါ အချက်အလက်များအရ လက်ရှိ ကျွန်တော်တို့ နိုင်ငံ၏ ကာဗွန်ထုတ်လုပ်နှုံး ကိုထိန်းသိမ်းနိုင်ရန် လူတယောက်အတွက် သစ်ပင် (20 DBH) ၂ ပင်လိုအပ်ပါသည်။ လက်ရှိသစ် ထုတ်လုပ်မှုအခြေအနေ၊ သစ်တောထိန်းသိမ်းမှု အခြေအနေ မည်သိုရှိသည် မသိ၍ ကျွန်တော်တို့နိုင်ငံ ၏ ecosystem မပျက်မစီး ရှိသေးသည်ဟု ပြောရန်ခက်လှသည်။ ဥပမာ သစ်တောများ ရှိသေးသည်ဟု ဆိုသော်ညားလည်း ၀ါးတော သို့မဟုတ် တောပြုတ်စပ် ဖြစ်နေနိုင်ပါသည်။ မြန်မာ့ သစ်တောစီးမံ ခန့်ခွဲမှုနှင့် ပက်သက်၍ သစ်တောဦးစီး မှလည်းကောင်း၊ နိုင်ငံတကာမှ လည်းကောင်း စာတမ်းများစွာ ထွက်ရှိထားသော်လည်း၊ စားတမ်းများ သုတေသနများ နှင့်ဆန့်ကျင်စွာမြန်မာ့ ရာသီဥတုမှာ ဆိုးဝါးသထက် ဆိုးဝါး လာနေပေသည်။ မိုးလေ၀သ ဦးစီးဌာန ၏ ခန့်မှန်းချက် အရ နောင်တွင် မြန်မာ ပြည်ပ၌ အက်ဆစ်မိုး စရွာနိုင်သည် ဟုဆိုပါသည်။ Earth Trends ရဲ့ မြန်မာပြည် နဲ့ ပက်သက်တဲ့ ပေပါတခု ကိုလည်း ဒီမှာတွေ့နိုင်ပါ တယ်။
ဤနေရာတွင် ကျွန်တော်ပြောခဲ့တာလေးတွေ ကို ကောက်ကြောင်းပြန်ဆွဲလိုပါသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့များကြောင့် ကမ္ဘာကြီးပိုမို ပူနွေးလာပီး၊ သစ်တောပြုန်းတီးမှု မြို့ပြဖွံ့ဖြိုး လာမှုတို့က လည်း လေးထုအတွင်းကာဗွန်ဒိုင် အောက်ဆိုက်များပြားစေကာ ကမ္ဘာ့ ပူနွေးမှုကို အရှိန်အဟုန် မြှင့်ပေးလျှက်ရှိသည်။ ဤနှုံး အတိုင်းဆက်လက် သွားမည်ဆိုလျှင် နောင်တွင် ကမ္ဘာပေါ်၌ လူသား အပါအ၀င် သက်ရှိသတ္တ၀ါများ အသက်ရှင်နေထိုင်ရန် အင်မတန် ခက်ခဲပေ လိမ့်မည်။ ထိုအချိန်သည် မျက်မြင်တွေ့ရန်တော်တော် လိုသေးသည်ဟု ဆိုနိုင်ပေသည်။ လက်ရှိ လက်တွေ့ တွေမြင်နိုင်တာကတော့ ရေခဲတောင်များ အရည်ပျော်နေခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်း နှင့် 24 မတ်လ 2010 ရက်နေ့ တိုင်းမ် သတင်း စာတွင် ပါလာသော New Moore Island ပြောက်ဆုံး သွားခြင်းတို့ပင် ဖြစ်သည်။
ပင်လယ်ရေ မျက်နှာပြင်မြင့်တက် လာခြင်းကို သာမာန် မျှ မကြည့်ဘဲ၊ ထဲထဲ ၀င်ဝင် လေ့လာကြည့် မည်ဆို လျှင်လည်း စိတ်ဝင်စား စရာကောင်းလှသည်။ သိပ္ပံ ပညာရှင်တို့၏ အဆိုအရ လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ် 0.2 လက်မ နှုံး နှင့်မြင့်တက်လျှက်ရှိသည်။ လူသားမျိုးနွယ်ဖွံဖြိုး တိုးတက်မှုနှင့် ရေအရင်းအမြစ်သည် ခွဲခြား၍ မဖြစ်နိုင် သလို့ နိုင်ငံများ၏ မြို့တော် များသည် လည်း ပင်လယ်ကမ်းရိုးတန်း အစပ်တွင်သာရှိကြသည်။ ပင်လယ်ရေမျက်နှာပြင် အတိုင်းအတာ တခုအထိမြင့်တက်လာချိန်တွင် ရေလွှမ်းမိုးမှု၊ သဘာဝဘေးအန္တရယ် နှင့် ရောဂါဘယ များကို ထိုမြို့ကြီးများက ပိုမို ခံစားရမည်မှာ မလွဲပေ။
ထိုကြောင့် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာမြေကြီး အရှည်သဖြင့် စိမ်းလန်းသာယာရေး၊ လူသားမျိုးနွယ်နှင့် တခြားသက်ရှိသတ္တ၀ါ များ ပြုန်းတီးပျောက်ကွယ် မသွားစေရန် တဦးခြင်းစီ တယောက်ခြင်းစီ အနေနှင့် တစုံတခု အမြန်ဆုံး လုပ်ပေး သင့်သည်ဟု ကျွန်တော်မြင်မိသည်။ တစ်ဦး ခြင်းစီ တွင် ပိုမို၍ ကောင်းမွန်သော အစီအမံ များရှိနေနိုင်သည် မို့ ဤပို့စ်လေး ကို ဖတ်မိသူများလည်း သစ်ပင် စိုက်ပါ ဆိုသည့် ယျေဘုံယျ အကြံဥာဏ် မျှနှင့် မပိတ်ဆို့လိုပါ။ ကျွန်တော့် တွင်တော့ ထိုထက်ကောင်း သည့် အကြံ မရှိသေးသည် မို့ သစ်ပင်စိုက်ပါမည်။ ကျွန်တော့ အတွက်၊ အများ အတွက်၊ နောက်မျိုးဆက် ၁ ဆက်၊ ၂ ဆက်၊ ၃ ဆက် အတွက် ကျွန်တော်သစ်ပင်စိုက်ပါ မည်။
Other Ref: http://rainforests.mongabay.com/deforestation/2000/Myanmar.htm
http://earthtrends.wri.org/pdf_library/cp/cli_cou_104.pdf
http://www.time.com/time/health/article/0,8599,1974819,00.html
Showing posts with label IDEA. Show all posts
Showing posts with label IDEA. Show all posts
Friday, April 9, 2010
Wednesday, February 3, 2010
အတွေး အပိုင်းအစများ
ခုတလော ကျွန်တော်စဉ်းစာနေမိတာလေးတွေ တော်တော်များပါတယ်... ဥပမာ၊ နိုင်ငံတခု ဘက်ပေါင်းစုံတိုးတက်စေချင်လျှင် ဘာတွေက အရေးကြီးပါသလဲ...သဘာဝအရင်းအမြစ်လား၊ လူသားများ၏ စဉ်းစားတွေခေါ်နိုင်စွမ်း နှင့် တီထွင်ဖန်တီးနိုင်မှုလား။ ၎င်းအချက်အလက်များ ပြည့်စုံကာမျှ နှင့် သမမျှတသော၊ စည်းလုံးညီညွတ်သော၊ အေးချမ်းသာယာသော ချစ်ကြည်ရင်းနှီးသော လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတခု တည်ထောင်နိုင်မည်လော...စသဖြင့် မဆုံးနိုင်သော အတွေးရေယာဉ်ကြောမှာ မြောနေမိသည်။ ဘာဖြစ်လို့ စဉ်းစားမိလည်း ဆိုတော့ ကျွန်တော်ချစ်တဲ့ နိုင်ငံကို တခြား ကျွန်တော်ရောက်ဖူးတဲ့ အာရှနိုင်ငံလေးတွေနှင့် ယှဉ်ကြည့်မိလို့ ဟုဆိုရမှာပါ ပဲ။ အဆုံးသတ်ကောက် ချက်ချမိတာတော့ နိုင်ငံသားများ၏ ပညာတတ်မြောက်မှု နှုံး နှင့် စဉ်းစား တွေးခေါ်နိုင်မှု နှုံးသည် ထိုနိုင်ငံ၏ ကံကြမ္မာကို ပြုပြင်သည် ဟုသာဆိုချင်ပါသည်။ နိုင်ငံတခု၏ အစဉ်အလာကို လေ့လာကြည့်မည် ဆိုလျှင် လူမျိုးရှိသလား၊ စာပေရှိသလား၊ ယဉ်ကျေးမှုရှိသလား စသည်ဖြင့် ခြေခြေမြစ်မြစ် လေ့လာရပေမည်။ ကျွန်တော်တို့ နိုင်ငံကိုမေးမည် ဆိုလျှင် ရှိတာပေါ့ဟု တပြိုင်တည်းဝိုင်းဖြေကြမှာမနည်းပေ။ တချို့ဆိုလျှင် လူမျိုးကြီး ၇ မျိုးတောင်ရှိသည် ဟုဆိုကြ ပေဦးမည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် ကျွန်တော်ဂုဏ်ယူ ရသော ကျွန်တော့ နိုင်ငံ၏ လူမျိုးကြီးများ သည် ပြည်နယ်အလိုက် လူမျိုးပင်မက၊ သက်ဆိုင်ရာစာပေ နှင့် ယဉ်ကျေးမှုများပါ အသီးသီးရှိကြပါသည်။ သို့သော် သာစဉ်မြေးဆက် အဆင့်ဆင့်တိုးတက်ခဲ့ပါရဲ့လားဟုမေးလျှင် ဆိတ်ဆိတ် နေကြရပေမည်။ ယုတ်လျှော့ပျောက်ကွယ်နေ သည်ကိုပင်တွေ့မြင်နေရသော ယနေ့ခေတ်တွင် တိုးတက်မှုရှိပါသလားဆိုသော မေးခွန်းသည် ရန်စသည်နှင့်ပင် တူကောင်းတူပေလိမ့်မည်။ ဘာ့ကြောင့် ယဉ်ကျေးမှုတွေ၊ စာပေတွေ တိုးတက်မှုမရှိဘဲ ယုတ်လျှော့ပျောက်ကွယ် ကုန်ရပါသလဲ။ ထိုကဲ့သို့ သောမေးခွန်းကို မေးခွန်းနှင့်သာ ပြန်ဖြေရမည်ထင်ပါသည်။ သက်ဆိုင်ရာလူးမျိုးတို့သည် ပညာသင်ကြားခွင့် အလွယ်တကူရကြပါရဲ့လား၊ အသစ်အသစ်ဖြစ်ပေါ်ခဲ့သော မျိုးဆက်တို့သည် အသိအမြင်ကြီးမားပါရဲ့လား၊ အတွေးအခေါ်ရင့်သန်ပါရဲ့ လား၊ အမြော်အမြင်ထွန်းပေါက်ပါရဲ့လား၊ အကျင့်သိက္ခာခိုင်မာပါရဲ့လား၊ အတွေ့အကြုံကျယ်ဝန်းပါရဲ့လား၊ တာဝန်သိစိတ် တာဝန်ယူစိတ်ရောရှိကြပါရဲ့လား ဟူ၍ အဆင့်ဆင့် စမ်းစစ်ရပေမည်။ ထိုကဲ့ သို့သောလူသား စွမ်းရည်များရရှိရန်မည်သူ့ အပေါ်တွင်မူတည်ပါသနည်း၊ မည်သူ့တာဝန်လဲ ဟုမေးလျှင်မူ မိသားစုတိုင်း၏တာဝန် ဟုဆိုရပေမည်။ မိမိ မျိုးဆက်တွင်မှ ဥာဏ်အားစိုက်၍ မိမိ၏နောက်မျိုးဆက်အား အထက်ပါလူသားစွမ်းရည်များရရှိအောင်၊ ရယူနိုင်အောင် အခွင့်အရေးဖန်တီး မပေးနိုင်လျှင် မိမိ မှီတင်းနေထိုင်ရာ ဒေသ၏ ယဉ်ကျေးမှု စာပေတို့မှာ တိုးတက်ခြင်းနှင့် ဆန့်ကျင်ဘက်လမ်းကြောင်းပေါ်သို့ကောင်းကောင်းကြီးရောက်ရပေလိမ့်မည်။ ဘာ့ကြောင့် ထိုလူသားစွမ်းရည်တို့သည် လူ့အဖွဲ့ အစည်းတခု၏ လူတိုင်းလူတိုင်းတွင် ရှိသင့်ပါသနည်း၊ ရှိရပါမည်နည်း။ မေးသင့် မေးထိုက်သော မေးခွန်းဟုပင်ဆိုရပေမည်။ အေးအေး နေလို့ရပါလျှက်နှင့် ထိုရှုပ်ရှုပ်ထွေးထွေး တွေအဘယ့်ကြောင်ရှိရပါမည်နည်း။ လူတဦးသည် အသိဥာဏ်ပညာ၊ အတွေ့အကြုံ ရင့်ကျက်လာသည်နှင့် အမျှ စဉ်းစားဆင်ခြင်နိုင်မှု၊ တွေးခေါ်မြော်မြင်နိုင်မှုသည် ကျွဲကူးရေပါ ဆိုသလို တိုးတက်လာမြဲပေ။ နှိုင်းနှိုင်းဆဆ တွေးတွေး ခေါ်ခေါ် ရှိသောလူတဦး၏ စဉ်းစားလုပ်ကိုင်သော ကိစ္စ၊ ပြောဆိုသော အကြောင်း အရာတို့သည်၊ ဖြစ်သလိုနေထိုင်ခဲ့သော လူတဦး၏ အပြုအမူ နှင့်ယှဉ်လျှင် အမှားနှင့် အတော်ဝေးကွာမည်မှာ မုတ်ချမလွဲပေ။ မိသားတစု ခြင်းစီက လေ့ကျင့်ပျိုးထောင်ပေးပြီးသော ထိုမျိုးဆက်တခု လူလားမြောက်လာချိန်တွင် တနိုင်ငံလုံးအတိုင်းအတာ နှင့် လူတော် လူကောင်း အရည်အချင်းပြည့်ဝသောလူများကိုသာ ပိုင်ဆိုင်ခွင့်ရပေလိမ့်မည်။ ထိုအခါ မည်သည့် စနစ်ကိုတည်ထောင်သည်ဖြစ်ပစေ၊ လူတော်ကလေးများ၏ ကောင်းမွန်သောစေတနာ နှင် ကျယ်ပြန့်သော အမြော်အမြင်ကြောင့်ထိုတိုင်း ပြည်မှာ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ ဘက်ပေါင်းစုံမှာ တိုးတက်မည်မလွဲပေ။ ထိုလူသားတို့၏ စွမ်းရည်ကို တိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သရွေ့ ထိုတိုင်းပြည်သည် တိုးတက်မှုသည် တိုးတက်မှုရစေဖို့ အကြောင်းဖြစ်သကဲ့သို့ အပေါင်းစက်ဝိုင်းအတွင်းမှာ ပင် အလီလီသော တိုးတက်မှုတို့ရရှိပေလိမ့်မည်။
Subscribe to:
Posts (Atom)