Friday, September 11, 2009

New International Airport, Myanmar

နိုင်ငံတကာ အဆင့်မှီ လေယာဉ်ကွင်း တခုကို မြန်မာနိုင်ငံ ၏ မြို့တော်သစ် အစိုးရရုံးစိုက်ရာ နေပြည်တော် တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သတင်းစာ များအရသိရှိရ သည်။ ၎င်း လေယာဉ် ကွင်းသစ်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်ခဲ့ သော ပုဂ္ဂလိကပိုင် ကုမ္မဏီ ဖြစ်သည့် Asia World ကုမ္မဏီ မှ တာဝန်ယူ တည်ဆောက်သွား မည် ဖြစ်သည်။ ၎င်းစီမံ ကိန်း တွင် အဆင့် ၃ ဆင့် ပါရှိမည် ဖြစ်ပြီး လ ၃၀ ကြာမြင့် မည်ဖြစ်သည်။ စီမံကိန်း ပထမ အဆင့် ပီးစီးသွားပါ က နှစ်စဉ် ခရီးသည် ၃.၅ သန်းဝင်ထွက် နိုင်မည်ဖြစ်ပြီး၊ စီမံကိန်းတခုလုံး ပီးစီးသွားပါက နှစ်စဉ် ခရီးသည် ၁၀.၅ သန်း ၀င် ထွက် အသုံး ပြု နိုင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ကုန်ကျစရိတ် နှင့် စီမံကိန်းပီးစီးသွားပါက လေကြောင်း လိုင်းများအား မည်သို့ စီမံ ခန့်ခွဲမည် ကိုမူ ထုတ်ဖေါ်ပြော ကြားခြင်း မရှိပေ။


Ref : AFP(NEWS)/MIZZIMA(PHOTO)

No comments: