Thursday, September 10, 2009

သဘာဝ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း တိုးတက်မှု အစီရင်ခံစာ ၃၀ ဇွန် ၂၀၀၆

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများဖြစ်ကြသော ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်း နှင့် တနင်္သာရီ တိုင်း တို့ သည် ကမ်းရိုးတန်းဒေသများဖြစ် ကာ ကမ်းရိုးတန်း အရှည် ၁၉၀၀ ကီလိုမီတာခန့် ရှည်လျှားသည်။ ကမ္ဘာ အရပ်ရပ်ရှိ ဒီ ရေတောများ ပြုန်းတီး ပျောက်ကွယ်နေ သည်နှင့် အမျှ မြန်မာ့ ဒီရေတောများ လည်းလျှော့ပါးပြုန်းတီးလျှက်ရှိကြ သည်။ မြန်မာနိုင်ငံတွင် ဒီရေတော ပြုန်းတီးရခြင်း၏ အဓိက အကြောင်းအရင်းများ မှာ၁) ထင်းနှင့် မီးသွေးများ အလွန် အကျွှံ ထုန်ယူ သုံးဆွဲခြင်း၂) လူနေ ထူထပ်လာခြင်း၃) စိုက်ပျိုးမြေ အတွက် ဒီရေတောများအား ခုတ်ထွင်ရှင်းလင်းခြင်း၎) တရားမ၀င် ပုစွန် မွေးကန်များ အတွက် ဒီရေတောများအား ခုတ်ထွင်ရှင်းလင်းခြင်း တို့ကြောင့်ဖြစ်သည်။၁၉၂၄ မှ ၁၉၈၄ အထိ မှတ်တမ်းများ အရ၊ ၁၉၉၅ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိဒီရေတော များသည် ၁၉၂၄ ခုနှစ် တွင် ရှိခဲ့သော ဒီရေတော ပမာဏ၏ ၁၂.၃ ရာခိုင်နှုံး သာ ကျန်တော့ သည်။ ၁၉၈၁ မှစတင်ကာ သစ်တော ဋ္ဌာန မှ နှစ်စဉ် ဒီရေတော ဧက ၁၀၀၀ ကျော် စိုက်ပျိုးခဲ့သော်လည်း၊ ပြုန်းတီးမှု နှုန်း နှင့် ဧရိယာ ကို မမီနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် UNDP, FAO, JICA နှင့် INGOs တို့မှ မြန်မာ့ ဒီရေတော ထိန်းသိမ်း ရေး အတွက် လိုအပ်သော အကူအညီများပေးခဲ့သည်။ လွန်ခဲ့သော နှစ် အနည်းငယ် အတွင်း တရားမ၀င် ပုစွန်ကန် တူးဖေါ်မှုသည် ဒီရေတော ထိန်းသိမ်း ရေး စီမံကိန်း အတွက် အဓိက ပြဿနာ ဖြစ်လာခဲ့သည်။ ဒီရေတော ပြုန်းတီးလာ သည် နှင့် အမျှ တဖက် တွင်လည်း ဒီရေတောကို မှီ၍ ဖြစ်တည်နေသော ကမ်းရိုးတန်း ကုန်းမြေနှင့် ရေနေ သတ္တ၀ါ တို့ မှာလည်း တိုက်စား ပြုန်း တီး၍ လာကြသည်။သစ်တောဋ္ဌာန သည် Mangrove Action Project (MAP) ၏အကူအညီဖြင့် Mangrove Service Network (MSN) နှင့် ပူးပေါင်းကာ ဒီရေတော စိုက်ပျိုးရေး စီမံကိန်း တခု ကို စတင်ခဲ့ သည်။ ၎င်းစီမံကိန်း၏ ရည် ရွယ်ချက်မှာ ၁) ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိဒီရေတော ပေါက်ရောက်ပုံ အဆင့်ဆင့် ကို လေ့လာစောင့်ကြည့်ရေး ၂) ဒီရေတော စိုက်ပျိုးပုံ အဆင့်ဆင့် ကို သရုပ်ပြ အကောင်အထည်ဖေါ်ရေး ၃) ဒေသ အတွင်း ဒီရေတော စိုက်ပျိုးရေး ကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး တို့ ဖြစ်သည်။

လက်ရှိ မြန်မာပြည်၏ ဒီရေတော ခြေအနေ

မြန်မာပြည်၏ ဒီရေတော များကို ဒေသ ၃ ခုတွင် အောက်ပါ အတိုင်းတွေ့ရှိရသည်။





၁၉၂၃ မတိုင်မီ (သစ်တောစီမံ ခန့်ခွဲမှု မရှိ)၁၉၂၄ မှ ၁၉၄၈ သစ်တောကြိုးဝိုင်း စနစ်ဖြင့် စီမံ ခန့်ခွဲသည်၁၉၄၉ မှ ၁၉၇၂ တော်လှန်ရေးကောင်စီကာလ - သစ်တောဥပဒေပြဋ္ဌါန်းခြင်း မရှိသေး၁၉၇၀ မှ ၁၉၉၂ လူဦးရေ ၄ သန်းခန့်ရှိသော ရန်ကုန်မြို့အတွက် ထင်းနှင့် မီးသွေး စည်းကမ်းမဲ့ထုတ်ယူခဲ့သည်၁၉၉၃ သစ်တော ဥပဒေပြဋ္ဌါန်း၍ ထင်းနှင့် မီးသွေး ထုတ်လုပ်မှုအား ပိတ်ပင်ခဲ့သည်၁၉၉၅ သစ်တော ဋ္ဌာနမှ Community Forest Instruction ကို ထုတ်ပြန်ခဲ့သည်။


စီမံကိန်း အနှစ်ချုပ်


တည်နေရာ: NO.62, လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်း၊ မြန်မာ။(N-15°48¢16², E-94°55¢53² as of GPS reading)
ဧရိယာ: ဧက ၁၀၀
မြေအနေထား: မြေပြန့် (ပုစွန်ကန်ဟောင်း များရှိခဲ့သော မြေလွတ် မြေရိုင်း)
မြေ၏ PH: 5.3 – 5.5, ရွှံ့မြေ
နှစ်စဉ် မိုးရေချိန် ပျှမ်းမျှ: 120 လက္မ (မေလ လယ် မှ စက်တင်ဘာလကုန်ထိ)
ဆားပါဝင်နှုန်း: 27ppt (in April), 30 ppt (in May), အိုးဘိုချောင်း
ဒီရေ အတက်အကျ: တလလျှင် ၁၀ကြိမ်အောက် ဒီရေလွှမ်းခြင်းခံရသော ဧက ၃၀တလလျှင် အကြိမ် ၂၀ မှ ၃၀ ကြား ဒီရေလွှမ်းခြင်းခံရသော ဧက ၆၀တလလျှင် အကြိမ် ၃၀ နှင့် အထက် ဒီရေလွှမ်းခြင်းခံရသော ဧက ၁၀
အဓိကမျိုးစိတ်: Ceriops decandra, Excoecaria agallocha (in surrounding area)
စီမံကိန်းကာလ: ဇန္န၀ါရီလ ၂၀၀၆ မှ ဒီဇင်ဘာ ၂၀၁၀
အကောင်အထည်ဖေါ်မည့် အဖွဲ့အစည်း: Mangrove Service Network (MSN)
ပူးပေါင်း ပါဝင်မည့် အဖွဲ့ အစည်း: သစ်တောဋ္ဌာန

နိုင်ငံ တကာမှ ပူပင်စွာနှင့် စီမံကိန်းချ ဆောင်ရွက်နေစဉ် မှာပင် ဒီရေတောကင်းမဲ့ခြင်း၏ အကျိုးဆက်ကို ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သော Nargis မုန်တိုင်း မှ သက်သေပြခဲ့သည်။ ရေကြီးခြင်းနှင့် မုန်တိုင်း တိုက်ခြင်းသည် ဧရာဝတီ တိုင်း အတွက် အတွေ့အကြုံရှိပြီး ဖြစ်သော်လည်း၊ တကမ္ဘာလုံး ရာသီဥတု ဖေါက်ပြန်နေ သောအချိန်၊ အင်အားကြီးမားလှစွာသော Nagis မုန်တိုင်း၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော ၂၄ပေ အမြင့်ရှိသည့် မုန်တိုင်းဒီရေ၊ ဒီရေတောပြုန်တီး၍ အကာအကွယ်မဲ့နေပြီဖြစ်သောကမ်းရိုးတန်း၊ ထိုအခြေအနေများအား လုံးပေါင်းစည်းမိသောအခါ လူဦးရေ ၁ သိန်းကျော် သေဆုံးခဲ့ရသည့် အဖြစ်ဆိုးကြီးကို မျက်ဝါးထင်ထင်တွေမြင်ခဲ့ရပြီဖြစ်သည်။ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာ ကြီးသာယာရေးအတွက် အလွန်အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊ စသောလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါသည်။


(ဥတုရာသီ တောကိုမှီ၏။)


Ref: http://www.mangroveactionproject.org/

No comments: