Sunday, December 25, 2011

Let's go together

I am NOT a politician, but I have been thinking about the process of democratization in Burma. Recently I found a website which has many posts like personal attack on opposition leader Aung San Su Kyi. Then I realize there are two big groups in contradiction. On one hand, opposition party has been criticized by those people who are just trying to defame the party perhaps by earning money but doing nothing for people and country of Burma. On the other hand, the opposition party is too entrusted for political changes in Burma by those people who are always ready to agree to the decision of democratic icon, Aung San Su Kyi. It is very crucial for latter ones in case something happen to current leaders like in 1947. Consequently people will be lost and country will suffer for several decades until they find another leader. Also, it should not forget about that Aung San Su Kyi is just human being which has the chances of making mistakes for people and for herself.

So, I wanna say both groups are at two extreme ends without having valuable contribution to the process of democratization in Burma. Reason being a low education system in Burma, it is obvious that it will be too difficult to start and maintain the stability of Democracy in Burma. Basically, education is the major element for democratic political system. That might be the reason why UN ex-General Secretary U Thant didn't really believe in Democracy to start in Burma according to his articles.

In my personal point of view, we need many more trained people who have proper thinking, passion to contribute to society & country and depth & breadth of knowledge on political system which needs to be customized for our own country. We need a lot of cooperation in the process of democratization rather than just criticizing though you have your own right to do so.

Last but not least, the security of our leaders, opposition leader and the President, is really really crucial for the time being. Therefore, I would like to suggest those people who are dissatisfied with the current trend of political change to put it on the table and try to digest by discussing with those leaders in power. In turn, all authorized leaders should have open mind to discuss with any groups and/or minorities. All in all, we need to take consideration for all 60 million people together, and please try NOT to classify as minority or majority.

Tuesday, May 31, 2011

စိတ္တဇ..အတွေးများ..

အားရပါးရ ရယ်နေတဲ့ ကျွန်တော် ဟာ... စိတ်ဓါတ်ကျနေသူ တယောက်လို့ ဘယ်သူကထင်ပါ့မလဲ..

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေ ကို အားကျိုး မာန်တက် အားပေးနေတဲ့ ကျွန်တော်ဟာ.. စိတ်လေလွင့်နေသူတဦးဖြစ်နေတယ်ဆိုတာကို သူတို့ကိုပြောမပြရက်တဲ့ အခါ...

ကျွန်တော်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကို ကျွန်တော်ကိုယ်တိုင် မလိုက်နာတော့ တဲ့ အခါ..

ကျွန်တော့ရဲ့ ဘဝ ရည်မှန်းချက် တွေ ပျောက်ဆုံး ကုန်တဲ့ အခါ...

ဘဝ မှာ ရှေ့ဆက်လျှောက်ဖို့အတွက် တွန်းအားမှန်သမျှ ပျောက်ဆုံးသွားတဲ့ အခါ...

စာမေးပွဲကျသလိုမျိုး အရှုံးတော်တော် များများကို ရင်မှာ ပိုက်ထားရတဲ့ အခါ...

အောင်မြင်မှုတွေအတွက် စွန့်လွှတ်မှုတွေ များရပါလားလို့ သဘောပေါက်နားလည် လာတဲ့အခါ..

မစွန့်လွှတ်နိုင်သော တန်ဖိုးထားရသော အရာများအတွက် ထိုအောင်မြင်မှုဆိုတာတွေကို နာကြည်းမှုအပြည့် နဲ့ ပြစ်ထိုးလိုက်မိတဲ့ အခါ...

ဝေ့ဝါးလာတဲ့ မျက်ဝန်းအိမ်ဟာ ကျွန်တော့ပါးပြင်ပေါ် ပြိုကျမလာဖို့.. ခေါင်းကို ခတ်ဆတ်ဆတ် ခါပြစ်ရင်း...

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်ဓါတ်ကျနေဦးမှာလဲ...

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်လေလွင့်နေဦးမှာလဲ....

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်အလိုလိုက်နေဦးမှာလဲ...

မေးခွန်းတွေအတွက် မဖြေမရှိတော့တဲ့ အခါ...

ကျွန်တော်ဟာ ဘာကြောင့်များ ဆက်အသက်ရှင်နေတာပါလိမ့်...

Wednesday, March 23, 2011

သစ္စာမြေ ဝယ်...

ဂိမ္မာန်နွေ ခါခါကျော့ ပြန်တော့
နှော့ပြန်ပေါ့လေရူးတွေ
ရွက်ဝါကြွေ မြေဝယ်ခကာပ
လောကကို အလှဆင်တယ် အချင်းနဲ့လေ။

တာတခူးမှာလ ပျော်မြူးကြဖေါ်ချင်းတွေ
ဆွေးမြေ့ကာ မရွှင်အား
တပြည်သူ ခင်ခင်ထားကိုမှ
ပွါးမိတဲ့..မောင့်မေတ္တာ
ဗျာဘာ သာကြွင်းပီမို့
ဝင်းကြည်တဲ့ ခင့်မျက်နှာ
မျှော်မှန်းကာ ပြောချင်ပ
တသက်မှာ ဒီတချစ်
တချစ်တယောက်တည်းရယ်မို့
မသွေတဲ့ သစ္စာမြေဝယ်...
လွမ်းရစ်မယ်..မငိုတမ်း။   ။

Saturday, March 12, 2011

စူနာမီ

မတ်လ ၁၁ ရက်၊ သောကြာ နေ့ ဂျပန်တွင်လှုပ်ခတ်သွားသော ငလျှင်ကြောင့် တရုံးလုံး လှုပ်လှုပ် ရွရွဖြစ်နေသည်။ ဤရုံးတွင်ရှိသော ဝန်ထမ်းတော်တော်များများမှာ အင်္ဂလန် မှဖြစ်သော် လည်း ကော်မာရှယ် မန်နေဂျာ က စူနာမီ သတိပေး သတင်းထွက်နေကြောင်း အရေးတကြီး ဆွေးနွေးစရာလို ဖြတ်သွားသမျှ လူကိုပြောပြနေသဖြင့် အားလုံးကပြူးတူးပြဲတဲ နှင့် အရေးစိုက်စရာဖြစ်နေခဲ့သည်။ အမှန်တော့ စင်ကာပူရော၊ အင်္ဂလန် ပါ စူနာမီ သတိပေး ဒေသတွင်မပါပေ။ သို့သော် ထိုဒေသတွင် နေထိုင်သည့် လူများခံစားရမည့် ဒုက္ခ ကို ပမာမျှ စဉ်းစာရုံနှင့် အသေအပျောက်များမည့် အရေး၊ အိုးပျက် အိမ်ပျက်ဖြစ်မည့်အရေး၊ ရောဂါဘယ များခံစားရမည့် ဘေး၊ ချစ်သူခင်သူတို့နှင့်ကွေကွင်းရမည့်ဘေး၊ ခံစားရမည့် စိတ္တဒုက္ခ ကာယဒုက္ခ အပေါင်းတို့မှာ စဉ်းစားကြည့်ရုံနှင့်ပင် အင်မတန်မှ စိတ်မကောင်းဖြစ်ရသည်။ အမှန်တော့လည်း စူနာမီဆိုသည်မှာ သတ္တန္တရကပ် လို့ပင်ဆိုရမည်၊ ကြိုတင်ခန့်မှန်း၍ သတိပေးနိုင်သော်လည်း ဖြစ်ချင်မှ ဖြစ်၍၊ သတိပေးထားသော နေရာဒေသ မဟုတ်သော်လည်း ဖြစ်ချင်ဖြစ်နေတတ်သည်။

စူနာမီ ဆိုသောအမည် မှာ ဂျပန် နိုင်ငံ မှစတင်ခဲ့သော အမည်ဖြစ်သည်။ "စူ" မှာ ဆိပ်ကမ်းကို ရည်ညွန်း၍၊ "နာမီ" မှာ လှိုင်း ကို ရည်းညွန်းသည်။ စူနာမီရေလှိုင်းတို့သည် ပင်လယ်သမုဒ္ဒရာ ရေနက်ပိုင်း ဒေသတွင်ဖြစ်ပွါးသေား ပြင်းထန်သည့် ငလျှင်ကြီးများမှ စတင်ဖြစ်ပေါ်လေ့ရှိသည်။ သမုဒ္ဒရာအတွင်း နေ့စဉ်တိုက်ခတ်နေ သော လေကြာင့်ဖြစ်ပေါ်နေသော သမုဒ္ဒရာလှိုင်းတို့မှာ ပျှမ်းမျှအားဖြင့် လှိုင်းအလျှား မှာ မီတာ ၁၀၀ ခန့်ရှိပြီး၊ လှိုင်းအမြင့်မှာ ၂ မီတာ (လူတရပ်ကျော် ခန့်) ရှိသည်။ စူနာမီကြောင့်ဖြစ်ပေါ်သော လှိုင်းတို့မှာမူ လှိုင်းအလျှား ကီလိုမီတာ ၂၀၀ ခန့် (မိုင် ၁၂၀ ခန့်) ရှည်လျှား၍၊ လှိုင်းရွေ့လျှားနှုန်းမှာ တနာရီ ကီလိုမီတာ ၈၀၀ ခန့် (တနာရီ မိုင် ၅၀၀ ခန့်) ရှိသည်။ လှိုင်းအလျှား အင်မတန်မှ ရှည်လျှား၍ စူနာမီကြောင့်ဖြစ်ပေါ်သောလှိုင်းတို့ မှာ ပင်လယ်ရေနက်ပိုင်းတွင် သိသာထင်ရှားမှုမရှိဘဲ လှိုင်းအမြင့်မှာ ၁ မီတာ (၃ ပေကျော်ခန့်) သာရှိ သည်။

ပင်လယ် သမုဒ္ဒရာရေနက်ပိုင်းမှ ဖြစ်ပေါ်လာသော စီနာမီလှိုင်းတို့သည် ပင်လယ်ကမ်းရိုးတန်း သို့ရောက်သောအခါ ကမ်းဦးရေတိမ်ပိုင်း၏ ဆီးကြိုတားဆီး မှုကြောင့် လှိုင်းအလျှားမှာ ကီလိုမီတာ ၂၀ ခန့်အထိ လျှော့ကျသွားပြီး ရွေ့လျှားနှုန်းမှာ တနာရီ ၂၀ ကီလိုမီတာခန့် (၁ နာရီ ၁၂ မိုင်နှုန်းခန့်) အထိလျှော့ကျသွားသည်။ ဤကဲသို့ ရွေ့လျှားနှုန်း နှင့် လှိုင်းအလျှားတို့ကို ရုတ်တရက် လျှော့ချ ခံလိုက်ရ၍ စူနာမီ လှိုင်းတို့သည် ကမ်းခြေ အရောက်တွင် အင်မတန်းကြီးသော လှိုင်းလုံးကြီးများ အသွင်ပြောင်းလိုက်ကြ သည်။


 ပင်လယ်ပြင်တွင် ပြင်းထန်သောငလျှင်ကြီး များလှုပ်ခတ်ပြီး တိုင်း ကမ်းရိုးတန်းဒေသများတွင် စူနာမီ လှိုင်းကြီး များဖြစ်ပေါ်မည်၊ မဖြစ်ပေါ်မည်ကို မည်သည့်နိုင်ငံက မျှသေချာတိကျစွာ ခန့်မှန်းပြောဆိုနိုင်ခြင်း မရှိသေးပေ။ သို့သော် စူနာမီလှိုင်းများ မဖြစ်ပေါ်မီ ကမ်းရိုးတန်း ဒေသများတွင် ဖြစ်ပေါ်လေ့၊ ဖြစ်ပေါ်ထရှိသော အချင်းအရာမှာ ပင်လယ်ရေများ ရုတ်ချည်း ကျသွားပြီး၊ ယ္ခင် ရေအောက်ဖုံးနေသော ကမ်းဦးရေတိမ် ပိုင်းပေါ်လာခြင်းဖြစ်သည်။ ထိုအချင်းအရာကို သိရှိ၍ သတိထားမိပြီး ၂၀၀၄ ခုနှစ် ယိုးဒယား စူနာမီ မှ အသက်ချမ်းသာ ခဲ့ရသော မိသားစုသတင်း ကိုလည်း အတိအကျမှတ်တမ်းတင်နိုင် ခဲ့ကြသည်။

စူနာမီဖြစ်ပေါ်မည် ကို အတိအကျ ကြိုတင် မပြောဆိုနိုင်ကြသော်လည်း၊  ရေအောက် ဖိအားတိုင်း ကိရိယာ ဖြင့် စူနာမီ ဖြစ်ပေါ်နိုင်ချေရှိသည် ကို အချိန်မှီ ကြိုတင် အကြောင်းကြာနိုင်ကြသည်။ စူနာမီ ဖြစ်ပေါ်နိုင်ခြေ အများဆုံး ရှိသောဒေသများတွင် ထိုကဲ့သို့သော စူနာမီ အချက်ပေး စနစ်များ တပ်ဆင်၍ ကမ်းရိုးတန်းနေပြည်သူ တို့အားကြိုတင်အကြောင်းကြားလေ့ရှိသည်။ အမေရိကန် နိုင်ငံတွင် စူနာမီအတွက် အရေးပေါ် ကယ်ဆယ်ရေး လမ်းကြောင်းများထားရှိပေး၍၊ ဂျပန် နိုင်ငံတွင်လည်း စူနာမီ ကယ်ဆယ်ရေး အစမ်းလေ့ကျင့်မှု များမှာ မဖြစ်မနေလုပ်ရသော လေ့ကျင့်ခန်းများဖြစ်သည်။

ပစိဖိတ် သမုဒ္ဒရာ အတွင်းဖြစ်ပွါးခဲ့သော သေကြေ မှုအများ ဆုံး စူနာမီ များ ကိုလည်းအောင်ပါအတိုင်းတွေ့ရ သည်။
စူနာမီမှာ သဘာဝ ဘေးအန္တရယ် ဖြစ်သောကြောင့် မဖြစ်ပွါးအောင် ကြိုတင်၍တာဆီးမရပေ။ ထို့ကြောင့် ငလျှင်မကြာခဏ လှုပ်လေ့ရှိသောဒေသများ၊ စူနာမီ ဖြစ်ပေါ်လေ့ရှိသော ဒေသများတွင် နေထိုင်သော သူများ (သို့မဟုတ်) ထိုသို့သော ဒေသများသို့ သွားရောက်ရမည့် သူများ မှာ ကြိုတင်ပြင်ဆင်မှု များပြုသင့်သည်။ ဥပမာ အားဖြင့် ထိုအရပ်သို့သွားမည့် သူများမှာ

၁) အချိန် နှင့် အမျှ စူနာမီ နှင့် ငလျှင် သတင်းများ ရရှိနေ ရန် ဘက်ထရီ ရေဒီယို တလုံးဆောင်သွားသင့် သည်။ Text Message Earthquake Notification တွင် Sing Up လုပ်ခါ ငလျှင်သတင်း များကိုလည်း အချိန်နှင့် အမျှ ရယူ နိုင်သည်။

၂) ကယ်ဆယ်ရေး လမ်းကြောင်းများ အဆင်သင့် မရှိသော ဒေသများတွင်၊ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၅၀ ကျော်မြင့်သော အရပ်သို အမြန်ဆုံးရောက် ရှိနိုင်သော လမ်းကြောင်းများကို မိမိ ဖာသာရှာဖွေ မှတ်သား ထားသင့်သည်။

၃)  ငလျှင်လှုပ်ခါပြီးသည် နှင့် ရေဒီယိုဖွင့် ကာ စူနာမီ သတိပေးသတင်းထုတ်ပြန်ခြင်း ရှိ၊ မရှိ သတိထား၍ နားထောင် သင့်သည်။ စူနာမီ သတိပေး ကြေညာပြီးသည် နှင့် နာရီဝက် အတွင်း ကုန်းမြင့်ရာ အရပ်သို့ အရောက် သွားသင့်သည်။ ဘေးကင်းရာ အရပ်သို့ ရောက် ရန်ထို့ထက်ပို၍ အချိန်လိုအပ်ပါက စူနာမီ သတိပေး သည့်အထိ မစောင့်ဆိုင်း သင့်ပေ။

စူနာမီကြုံတွေ့ နေရဆဲ အခြေ အနေ တွင် ဘေးကင်းရန်ကွာရန် အောက်ပါအချက်တို့ ကိုလည်း ဥပမာ အားဖြင့် မှတ်သား ထားသင့်လှပေသည်။

၁) မိမိ ရောက်ရှိနေသောနေရာသည် စူနာမီ မသက်ရောက်နိုင် ဟု ထင်သော်ညားလည်း၊ သတင်းများ ကို ဂရုစိုက်၍ မပြတ်နားထောင်သင့်လှသည်။

၂) စူနာမီ ကို စောင့်ကြည့်မနေဘဲ ကုန်းမြင့်ရာ သို့ အမြန်ဆုံး ရွှေ့ပြောင်းသင့် သည်။

၃) မိမိ အနီးတွင် ကုန်းမြင့် မရှိပါက အနီးရှိ အထပ်မြင့် အဆောက်အဦး အပေါ်ဆုံးထပ် သို့ တက်ရောက်နေ့သင့် သည်။

၎) မိမိသည် သင်္ဘောပေါ်တွင်ရှိနေပြီး၊ ကမ်းပေါ်မှ ရေကြောင်းအာဏာပိုင် တို့နှင့် အဆက်အသွယ်မရတော့ ပါက ရေနက်ရာ ပင်လယ်ဘက် သို့ အမြန်ဆုံးထွက်ခွါသင့်သည်။

 စူနာမီ ဖြစ်ပွါးပြီးချိန်တွင်မတော့ သတိထားရမည့် အချက်များမှာ...

၁) သက်ဆိုင်ရာ အာဏာပိုင်တို့ မှ "All Clear" မကြေညာ မချင်း၊ စူနာမီ အရပ်သို ပြန်မသွားခြင်း

၂) ရေပြန်မကျ သရွေ့ အဆောက်အဦးအတွင်းသို့ ပြန်လည်မဝင်ရောက်ခြင်း

၃) အဆောက်အဦး များသို့ ပြန်လည်ဝင်ရောက်၍ ရသည် အခါတွင်လည်း၊ Gas ပိုက်၊ မီး - ရေ တို့ကို စနစ်တကျစစ်ဆေးခြင်း

၎) တောစီး ဖိနပ်မျိုးကိုသာဝတ်ဆင်၍ စူနာမီ ရေလှိုင်းနှင့်အတူ ပါရှိခဲ့သော မြွေ နှင့် အခြားအန္တရယ် ရှိသောသတ္တဝါများ အားသတိထားခြင်း

၅) စူနာမီ ရေလိုင်းတို့ လွှမ်းမိုးခံရပြီးသော ရေ နှင့် အစား အစာတို့ကို မစားသုံးခြင်း

စသည်ဖြင့် စူနာမီ ဖြစ်ပေါ်မှုကို မတားဆီးနိုင်သော်ငြားလည်း၊ အလွှဲသာမရှောင်သာကြုံတွေ့ခဲ့ လျှင် ဥစ္စာကံ စောင့်၊ အသက်ဥာဏ်စောင့် ဆိုသော မြန်မာစကားပုံအတိုင်း၊ အထက်ပါ အချက်များကို သတိထား၍ လိုက် နာခြင်းဖြင့်၊ ဘေးကင်းခြင်းအဖြစ်သို့ ရောက်ရှိကြပါစေကုန်။

(စာမရေးတာကြာပြီး ပြန်ရေးမယ် ဆိုတော့ တော်တော် ပျင်းနေပြီ။)

Ref: ၁)  ဝီကီ
       ၂) http://www.about.com/
       ၃) http://www.ngdc.noaa.gov/hazard/tsu.shtml

       ၄) https://sslearthquake.usgs.gov/ens/
       ၅) http://www.nationalgeographic.com/