Tuesday, May 31, 2011

စိတ္တဇ..အတွေးများ..

အားရပါးရ ရယ်နေတဲ့ ကျွန်တော် ဟာ... စိတ်ဓါတ်ကျနေသူ တယောက်လို့ ဘယ်သူကထင်ပါ့မလဲ..

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေ ကို အားကျိုး မာန်တက် အားပေးနေတဲ့ ကျွန်တော်ဟာ.. စိတ်လေလွင့်နေသူတဦးဖြစ်နေတယ်ဆိုတာကို သူတို့ကိုပြောမပြရက်တဲ့ အခါ...

ကျွန်တော်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကို ကျွန်တော်ကိုယ်တိုင် မလိုက်နာတော့ တဲ့ အခါ..

ကျွန်တော့ရဲ့ ဘဝ ရည်မှန်းချက် တွေ ပျောက်ဆုံး ကုန်တဲ့ အခါ...

ဘဝ မှာ ရှေ့ဆက်လျှောက်ဖို့အတွက် တွန်းအားမှန်သမျှ ပျောက်ဆုံးသွားတဲ့ အခါ...

စာမေးပွဲကျသလိုမျိုး အရှုံးတော်တော် များများကို ရင်မှာ ပိုက်ထားရတဲ့ အခါ...

အောင်မြင်မှုတွေအတွက် စွန့်လွှတ်မှုတွေ များရပါလားလို့ သဘောပေါက်နားလည် လာတဲ့အခါ..

မစွန့်လွှတ်နိုင်သော တန်ဖိုးထားရသော အရာများအတွက် ထိုအောင်မြင်မှုဆိုတာတွေကို နာကြည်းမှုအပြည့် နဲ့ ပြစ်ထိုးလိုက်မိတဲ့ အခါ...

ဝေ့ဝါးလာတဲ့ မျက်ဝန်းအိမ်ဟာ ကျွန်တော့ပါးပြင်ပေါ် ပြိုကျမလာဖို့.. ခေါင်းကို ခတ်ဆတ်ဆတ် ခါပြစ်ရင်း...

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်ဓါတ်ကျနေဦးမှာလဲ...

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်လေလွင့်နေဦးမှာလဲ....

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်အလိုလိုက်နေဦးမှာလဲ...

မေးခွန်းတွေအတွက် မဖြေမရှိတော့တဲ့ အခါ...

ကျွန်တော်ဟာ ဘာကြောင့်များ ဆက်အသက်ရှင်နေတာပါလိမ့်...

9 comments:

မိုးခါး said...

ခံစားချက် တူနေတယ် ..း(
ခုရက်ပိုင်း လူက နဲနဲလွတ်ချင်ချင်ဖြစ်နေတာ ..
အဲ .. ဒါကြောင့် ဥပုသ်တွေ စောင့်နေတာလား .. :D

AlinZ4People said...

ဟာဗျာ... စိတ်ထွက်ပေါက်တွေ အများကြီးပါ... လူတိုင်းဖြစ်နေကျပါဗျာ... ကျွန်တော်ကတော့ စိတ်ညစ်စရာတွေ ဖြစ်လာရင် ဒါဟာငါ့အတွက် သေလောက်အောင် အရေးမပါဘူး ဆိုပြီးလျော့ပစ်တတ်တယ်ဗျာ... နည်းနည်းတော့ သက်သာ သွားတာပေါ့... ဟီး...ဟီး...

noblemoe said...

ွင်္်FIGHTING!!!!!!!!!!!!!!!!!!!!!!!!!!!!!!

***(ကျွန်တော်ဟာ ဘာကြောင့်များ ဆက်အသက်ရှင်နေတာပါလိမ့်...)*** @-@

ကြိုးစားရင်ဘုရားတောင်ဖြစ်နိုင်သေးတာပဲ။
ူKLLZ အမြန်စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ပြီး
ဘဝရည်မှန်းချက်များအမြန်အောင်မြန်လာပါစေ... တောင်းဆုပြုပါတယ်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

LLKW said...

Hi Ko Ko Lin Lin..........

LLKW said...

Hi Ko Ko Lin Lin.......

SHWE ZIN U said...

အတွေးကမ္ဘာရေ

အကြံပေးချက် အတွက် ကျေးဇူးအထူးတင် ပါတယ် ဖေဖေ ကလည်း မင်္ဂလာဒုံ မှာ ဘဲခွဲမယ်ဆိုလို့ စာရင်း သွားသွင်း ပါတယ်

ပြင်သစ် အဖွဲ့ ၁၉ ရက် ၁၁ လ မှာ လာခွဲမယ် ဆိုလို့ စာရင်းပေးသွင်းခဲ့ပါတယ် အဲဒီအဖွဲ့ နဲ့ အဆင်မပြေရင် ၈ရက် ၁၂ လမှာ ဘယ်လ်ဂျီယန် တဖွဲ့ ရှိပါသေးတယ်

ခင်မင်လေးစားလျှက်
ရွှေစင်ဦး

စံပယ်ချို said...

ဆက်အသက်ရှင်နေမှာပါ
နောက်ပြီးစာတွေလဲရေးပါ
သူငယ်ချင်းတွေဆီလဲသွားလည်ပါ
သီချင်းလေးတွေနားထောင်ပါ
ချစ်ရသူဆီ ဖုန်းဆက်ပါ
ခင်မင်တဲ့ မဂျက်

စံပယ်ချို said...

စိတ္တဇ..အတွေးများ ထဲမှာချာချာလည်ခဲ့ရပါပြီ
ကျွန်တော်ဟာ ဘာကြောင့်များ ဆက်အသက်ရှင်နေတာပါလိမ့်---
အဲလိုလေးတွေးနေတာမကြာခဏ
ခင်ခင်မင်မင် jasmine

mstint said...

ဒီလိုအဖြစ်အပျက်တွေဟာ လူသားတိုင်း ကြုံတွေ့ရတဲ့
အဖြစ်အပျက်လေးတွေပါ LLZ ရေ။
အဲဒီလိုခံစားချက်တွေဖြစ်နေတဲ့အချိန်တွေမှာ
တစ်ယောက်အထီးကျန်နေရင်
ခံစားချက်ကပိုဆိုးတယ်လို့ထင်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်