အားရပါးရ ရယ်နေတဲ့ ကျွန်တော် ဟာ... စိတ်ဓါတ်ကျနေသူ တယောက်လို့ ဘယ်သူကထင်ပါ့မလဲ..
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေ ကို အားကျိုး မာန်တက် အားပေးနေတဲ့ ကျွန်တော်ဟာ.. စိတ်လေလွင့်နေသူတဦးဖြစ်နေတယ်ဆိုတာကို သူတို့ကိုပြောမပြရက်တဲ့ အခါ...
ကျွန်တော်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကို ကျွန်တော်ကိုယ်တိုင် မလိုက်နာတော့ တဲ့ အခါ..
ကျွန်တော့ရဲ့ ဘဝ ရည်မှန်းချက် တွေ ပျောက်ဆုံး ကုန်တဲ့ အခါ...
ဘဝ မှာ ရှေ့ဆက်လျှောက်ဖို့အတွက် တွန်းအားမှန်သမျှ ပျောက်ဆုံးသွားတဲ့ အခါ...
စာမေးပွဲကျသလိုမျိုး အရှုံးတော်တော် များများကို ရင်မှာ ပိုက်ထားရတဲ့ အခါ...
အောင်မြင်မှုတွေအတွက် စွန့်လွှတ်မှုတွေ များရပါလားလို့ သဘောပေါက်နားလည် လာတဲ့အခါ..
မစွန့်လွှတ်နိုင်သော တန်ဖိုးထားရသော အရာများအတွက် ထိုအောင်မြင်မှုဆိုတာတွေကို နာကြည်းမှုအပြည့် နဲ့ ပြစ်ထိုးလိုက်မိတဲ့ အခါ...
ဝေ့ဝါးလာတဲ့ မျက်ဝန်းအိမ်ဟာ ကျွန်တော့ပါးပြင်ပေါ် ပြိုကျမလာဖို့.. ခေါင်းကို ခတ်ဆတ်ဆတ် ခါပြစ်ရင်း...
ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်ဓါတ်ကျနေဦးမှာလဲ...
ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်လေလွင့်နေဦးမှာလဲ....
ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်အလိုလိုက်နေဦးမှာလဲ...
မေးခွန်းတွေအတွက် မဖြေမရှိတော့တဲ့ အခါ...
ကျွန်တော်ဟာ ဘာကြောင့်များ ဆက်အသက်ရှင်နေတာပါလိမ့်...