Friday, July 16, 2010

၁ဝ တန်းအောင်ဂါထာ

ဥုံ မပျင်းနဲ့၊ မပျင်းနဲ့
ခုလည်းမပျင်းနဲ့၊ နောင်လည်းမပျင်းနဲ့
ဘယ်တော့မှ မပျင်းနဲ့။

မှတ်ချက်။ ။ ၁ဝ တန်းနှစ် Assembly တွင် ဆရာ ဦးကြည်သန်း ပေးခဲ့သော ဂါထာတပုဒ်ဖြစ်ပါသည်။

ရည်မှန်းချက်

ရည်မှန်းချက် တက်ကြွသောအခါ
အိမ်ရှေ့ ဥပရာဇာ။
ရည်မှန်းချက် ပျက်မွသောအခါ
နောက်ဖေး သုဘရာဇာ။
လောကထဲမှာ ငါ...
တခါတခါ အိမ်ရှေ့ ဥပရာဇာ၊
တခါတခါ နောက်ဖေးသုဘရာဇာ။

မှတ်ချက်။ ၁ဝ တန်းနှစ် ဆရာ ဦးကြည်သန်း ပြောကြားသော ဆုံးမစကားမှ မှတ်မိသော အပိုဒ်ကလေးဖြစ်ပါသည်။

Saturday, July 3, 2010

ဇူလိုင် လ ၏ အတွေးမိုးစက်များ

ဇူလိုင်လ သို့ရောက်လာပြန်ပေပြီ။ ယ္ခင်ကဆိုလျှင်တော့ ကျွန်တော်တို့ပြည်မှာ မိုးဖြိုင်ဖြိုင်ကျ ပြီမို့ တောင်သူလယ်သမား ဦးကြီးများ အလုပ်များရသော အချိန်ပေ။ လယ်သမားဦးကြီး များသာမက၊ ထိုသူတို့၏ သားငယ် သမီးငယ် များပါ လယ်တောလိုက်ဆင်းသူ ဆင်း၊ အိမ်တွင် ကလေးထိန်းသူ ထိန်းပေ မို့ ကျောင်းဖွင့်ပြီးသည့်တိုင် ကျောင်းတက်ပျက်ကွက်သူ များသောကာလ လည်းဖြစ်သည်။ ကျောင်းသူ ကျောင်းသားများကို မိဘများ နည်းတူ မေတ္တာထားကြသော ဆရာ ဆရာမ များ ထီးတချောင်း နှင့် ကျောင်းတက်ရန်၊ ကျောင်တက်မပျက်ကွက် ရန်တိုက်တွန်းနှိုးဆော် ရင်း တအိမ်တက် တအိမ်ဆင်း နှင့် အလုပ်များရသော ကာလလည်းဖြစ် ပေတော့သည်။

ဇူလိုင် လနှင့်ပက်သက်၍ ငယ်ငယ်က အော်ကျက်ခဲ့ရသော အဓိပ္ပါယ်ပြည့်ဝ သည့်ကဗျာလေးများကိုလည်း သတိရမိသည်။

"မျက်ရည် သွန်လို့၊ ဘဝင်ညှိုး
ဇူလိုင် ၁၉"

သြော်...သတိရမဲ့ ရပြန်တော့၊ စိတ်အစဉ်ကို ညို့မှိုင်းအုပ်ဆိုင်းစေ သည့် ထိုအပိုဒ် မျိုးလေတွေမှ ဘာကြောင့် သတိရ မိရပါလိမ်။ အဘယ့်ကြောင် ဆိုသော် ကျွန်တော်တို့ ငယ်ငယ် က ဇူလိုင်လ ၁၉ ရက်နေ့တိုင်းကျရောက်သော အာဇာနည် နေ့ကို စနစ်တကျ ကျင်းပမြဲသာဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီ ၄၅ ဝန်းကျင် တွင်ဖြစ် မည်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဥသြော ဆွဲသည်။ ကြားသမျှပြည်သူ အပေါင်းက လုပ်သမျှ အလုပ်အားလုံးရပ်ကာ တမိနစ်ခန့် ငြိမ်ပေးရသည်။ တဦးတယောက် ကိုမှ လော်စပိကာ နှင့် တိုက်တွန်းရန် မလို့၊ အားလုံးတညီတညာ တည်း အသိတရားအပြည့် နှင့် ခေတ္တြိငိမ် သက်ကြသည်။ ဥသြောသံ မဆုံးမခြင်း၊ ရပ်နေလျှက်ပင် ကြက်သီးဖြန်းဖြန်းထ ၍ မျက်ရည်ဆို့ကြရသည် ဆို့ကြရပါသည်။ ယ္ခုခေတ်တွင်မတော့ ဤအစဉ်အလာ တို့လည်းမရှိတော့ပြီ။ သိမှီ လိုက်သောကျွန်တော်၏ အာရုံတွင်ပင် ရေးရေးမျှ သာ ရှိတော့သော ဤအကြောင်းအရာ အဖြစ်အပျက် တို့သည်၊ ခေတ်လူငယ်များအဖို့ အိပ်ရာဝင် ပုံပြင်မျိုးအဖြစ်သာ ခံစားမိကြပေမည်။ ခေတ်တွေမည်သို့ပင်ပြောင်းပါစေ ၁၉၆၅ ဝန်းကျင်က ဆရာဇော်ဂျီ ရေးသားသော "ပြောလိုက်ပါဘိ ဟောပါဘိ" ကဗျာမှာ လည်း မမေ့နိုင်စရာ သမိုင်းဝင် ကဗျာလေးဖြစ်ရပေသည်။ ထိုကဗျာလေး အားမမေ့ မလျှော့ မှတ်တမ်းတင်ရလျှင်၊
"ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင့်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏၊

ထိုနေ့ကပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ၊ ကြွေလိုက်ရ၏
မြေခ သတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်
သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာဆုံပေါင်း
ယောင်္ကျာံးကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ (၁၉၆၅ - ဇော်ဂျီ)

ပညာတတ် စာပေရှင်တို့၏ စာပေလင်္ကာံတို့ သည် သမိုင်း အားမှတ်တမ်း တင်သလို ခေတ်ကိုလည်း ပေါ်လွင်စေသည်မို့၊ ထာဝစဉ် ကျန်သော လက်စွမ်းများ၊ ခေတ် တစ်ခေတ် ကိုလေ့လာ အကဲခတ်နိုင် သော စာပေလက်ရာများဟုသာဆိုချင်ပါသည်။ ဆရာဇော်ဂျီ ၏ တို့တိုင်းပြည် ကဗျာ ၊ သင်သေသွားသော် ကဗျာ များကိုလေ့လာကြည့် မည်ဆိုလျှင်လည်း ဆရာ့ စေတနာ နှင့် ပွင့်လင်းပြောင်မြောက်သောအရေး အသားတို့ကိုတွေ့ရမည် မှာမလွဲပေ။

သင်သေသွားသော်

သြော်...လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကာ၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်ကျန်စေသတည်း။ ။(ဇော်ဂျီ)

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲ နှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံးလ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။ (ဇော်ဂျီ)