မြန်မာပြည် ကိုအလည်ပြန်လည်မယ့် မောင်နှမတွေ D-FORM လျှောက်စရာလို - မလို အတွက် အသုံးဝင်မယ် ထင်လို့ပါ။
E- Departure Form ကင်းလွတ်ခွင့်ပြုသူများ
- Leave, Log, Dependent, Business အဖြစ် သတ်မှတ် ရရှိထားသူ များအနက်မှ ရက်ပေါင်း(၃၀) အတွင်း ပြန်လည်ထွက် ခွာမည့် မြန်မာနိုင်ငံသားများ၊
- ဗီဇာအမျိုးမျိုးဖြင့် ၀င်ရောက်လာပြီးနောက် ရက်ပေါင်း(၃၀) အတွင်း ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများ၊
- မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များ သံရုံးအဖွဲ့ဝင်များ၊၎င်းတို့၏ မိသားစုဝင်များနှင့် ကုလသမဂ္ဂ UN ၀န်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများနှင့် မိသားစုဝင်များ၊
တခြား အချက်အလက်များကိုလည်း အောက်ပါ Website မှာ သွားရောက်ကြည့်ရှု လို့ရပါတယ်...
Tuesday, January 26, 2010
Tuesday, January 5, 2010
၆ တန်းနှစ် ကျွန်တော့ အမှတ်တရ
သူငယ်ချင်းရဲ့ Blog ထဲက “ရခဲ့တဲ့ ဆု စူးခဲ့တဲ့ စိတ် ဒဏ်ရာ” ဆိုတဲ့ Post လေးဖတ်ရင်း ကျွန်တော် state ကျောင်းသားဘ၀ တုန်းက အမှတ်တရ အတွေ့အကြုံလေးတွေ ကို ပြန်သတိရမိသည်။
ကျွန်တော်ငယ်ငယ်က ကျောင်းစာဆိုတာကို လုံးဝစိတ်ဝင်းစားခြင်းမရှိ ဘဲတချိန်းလုံးကစားဖို့ သာ လုံးပန်းနေခဲ့သည်။ ကျောင်းမှာဆိုလျှင်လည်း ကျောင်းမှသူငယ်ချင်းများနဲ့ မျောက်ရှုံး အောင်ဆော့၊ အိမ်ပြန်လာတော့ လမ်းထဲက သူငယ်ချင်းများနှင့် နေပူပူအောက်တွင် မမောနိုင် မပန်းနိုင် ဆော့ရပြန်ပါသည်။ စာကြည့်ဖို့ မပြောနှင့် ကျွန်တော့မှာဆော့ရတာပင် လက်မလည်ပါ။ ဖေဖေ နှင့် မေမေ မှာ ညနေ ၆ နာရီမှအိမ်ပြန်ရောက်လေ့ ရှိသည့်အတွက် ကျွန်တော်နှင့် ထိတွေ့ချိန် အင်မတန် နည်းပါးလှပါသည်။ သို့သော် မိဘတို့၏ထုံးစံ အတိုင်း ကျူရှင်ပို့ခြင်း၊ ကျွန်တော့၏ တိုးတက်မှု့ အခြေနေကို ဆရာများအားစုံစမ်းမေးမြန်းခြင်းဖြင့် ကျွန်တော့ ၏ပညာရေးအတွက်အရိပ်တကြည့်ကြည့်ရှိခဲ့သည်။ မည်သို့ပင် ဆရာများထံ အပ်နှံ၍ ဆို ဆုံးမစေကာမူ ကျွန်တော့ပညာရေးအခြေအနေ မှာတိုးတက်မလာခဲ့ပါ။ “မရှု့ သား စာမေးရင်မျက်လုံးကြီးကလည်ကလည်နဲ့စားမရ ဘူး” ဟူ၍သာမကြာခဏအတိုင်ခံခဲ့ကြရ သည်။ စာပင်မရသော်လည်း အရှိန်ခပ်ပြင်းပြင်းဖြင့် ရှေ့ မှဖြတ်သွားသော ဆိုက်ကားနောက်မှီး ပေါ်သို ဖတ်ခနဲဆို ပါသွားတတ်သော၊ လူကြီးသူမ များပင်သွားလေ့ မရှိသည့် မြစ်ကမ်းဘေး ချောင်းကမ်းဘေး၊ ရပ်ကွက်ကြို ရပ်ကွက်ကြားပါကျန် သွားရောက် ကစားတတ်သော ကျွန်တော့ ကို ကျွန်တော့မိဘ များက စိတ်အပျက်ကြီး ပျက်လျှက်ရှိကြသည်။ စိတ်ပျက်မည် ဆိုလျှင်လည်း ပျက်စရာပင်။ ကျွန်တော့ အကိုမှာ ထိပ်တန်းမှ စာတော်သူဟု မဆိုနိုင်သော် လည်း စာညံ့သူ၊ စာမရသူအဖြစ် အတိုင်မခံရပေ။ ကျွန်တော့ အမ မှာလည်း ပထမ ဆုကို ကန်ထရိုက် ဆွဲထားသလား ဆိုရအောင် ဆုအမြဲရသူ။ ကျွန်တော့ ကျမှသာ မကြာခဏ အတိုင်ခံရ၍ ဒီတယောက်တော့သွားပြီးဟု (နောင်အခါ ကျွန်တော့မိဘများ ပြန်ပြောပြမှ သိရသည်) စိတ်ညစ်လျှက်ရှိကြသည်။
ကျွန်တော် လေးတန်းနှစ်တွင်တော့ ကျွန်တော့ အမေက ကျွန်တော်စာမရ၍ အတိုင်ခံရသည် ကိုရှက် ကြောင်း၊ ကစားကို ရှော့ ၍ စာကြည့်ရန်ဆုံးမသည်။ ကျွန်တော့ ကြောင့် အမေရှက်သည် ဆို၍၊ ရှက်ခြင်းကို သေသေချာချာ လုံးစေ့ပတ်စေ့ နားမလည်သော် လည်း စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် ကစားခြင်းကိုရှော့၍ ကျွန်တော့ အိမ်၌ရှိစေ ချင်သော မေမေ့ အလိုကျ ကျောင်းမှပြန်လာ လျှင် အိမ်မှာသာ နေ၍ လမ်းအတွင်းမှ သူငယ်ချင်းများ နှင့်ထွက် မကစားဖြစ်တော့ပေ။ ကျောင်းစာ နှင့်နီးလာ သည်ဟု ဆိုနိုင်သော် လည်းကျွန်တော် စာမကြည့်ဖြစ်သေးပါ။ အိမ်၌ အိပ်သည်၊ စားသည် အဖွါးအား မေမေ မေးလျှင် စာကြည့်ကြောင်း ညာခိုင်းသည်။ အဖွါးက လည်းကျွန်တော့ ကို အသည်း ဆိုတော့ “ အမေ့ မြေးစာကြည့်လား” ဟုမေး လျှင် “အေး… အိမ်မှာပဲ စာကြည်တယ်” ဟုကာကွယ် ပေးသည်။
ဤသို့လှုပ်လီ လှုပ်လဲ့ နှင့် ကျွန်တော် ၆ တန်းသို့ရောက်လာသည်။ ၆ တန်းမရောက်မီ ၃ တန်းမှ စတင်၍ ကျွန်တော်ပေါင်း သင်းခဲ့သော သူငယ်ချင်း နှစ်ဦးမှာ စာအင်မတန်စာတော် သော သူငယ်ချင်းများဖြစ်သည်။ ပထမ ဆု နှင့် ဒုတိယ ဆုကို သူတို့ကသာတောက်လျှောက် ယူထားသည်။ ၆ တန်းနှစ် ၏ ပထမ ဆုံး အဂ်လိပ် စာ အချိန်တွင် အဂ်လိပ်စာ ဆရာ ထုတ်ခိုင်းလိုက်သည် က မြန်မာစာ ဖတ်စာ အုပ်ပေ။ ထို့နောက် “ထိပ်ဆုံး သို့” အမည်ရသော ကဗျာ ရှိသည့် စာမျက်နှာသို့ လှန်ခိုင်းကာ၊ ထိုကဗျာလေးအား သံနေသံထား ဖြင့် ဖတ်ပြ၍ ကဗျာ၏ အဓိပ္ပါယ် ကို စေ့စေ့ငုငု ရှင်းပြသည်။ ထိုကဗျာလေး ကိုယနေ့ တိုင်ကျွန်တော် မှတ်မိနေပါသေး သည်။
“ထိပ်ဆုံး သို့”
တတောင်ပေါ် တတောင်ဆင့်၊ တောင်အမြင့် ပတ်ခြံရံ
တတောင်ဆုံးပြန်တော့၊ တလုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်
ခါတလေတကယ်ပန်းတာကြောင့်၊ တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ် မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့ တနေ့မှာ၊ ဆုံးရာရောက်ပါလိမ့်မယ်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့၊ စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေးအေးရယ်နှင့်၊ ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပ၊ ချစ်ဖွယ်လူသား။
ကျွန်တော့ဘ၀ တွင်စိတ်ဓါတ်ကျနေသည့် အချိန်များ၊ အခက်အခဲတခုကို လက်လျှော့လိုက်လို သည့် အခါများတွင် ထိုကဗျာလေး အားသတိရမိကာ အခက်ခဲအား လုံးလွယ်ခဲ့ရသည်။ ထို ကဗျာလေးအား သတိရမိသည် နှင့်အမျှ ထိုကဗျာ လေးအားရွတ်ဆို၍ ဆုံးမခဲ့ သော ကျွန်တော် တို့၏ ဆရာ ဦးညွန်ရွှေ အားလည်း သတိရ ကျေးဇူးတင် မဆုံးရှိရသည်။ ၆ တန်းနှစ် ကျွန်တော် တို့အတန်း၏ အတန်းပိုင်ဆရာမှာ ပထ၀ီဘာသာ သင်သော ဆရာမ ဒေါ်အေးအေးစိုး ဖြစ်သည်။ ပထမဆုံး အချိန်စ၀င် ကတည်းက ဆရာမ က စည်းကမ်းတင်း ကြပ်မည်ဖြစ်ကြောင်း၊ အားကစားရေးရာနှင့် အပန်းဖြေမှု အပိုင်းတွင် သူများအခန်းများ ထက်ရရှိ အောင်လုပ်ပေးမည်ဖြစ်ပြီး၊ ပညာရေးတွင် အနည်းငယ်မျှ အလျှော့ပေးမည် မဟုတ် ကြောင်း၊ ရှက်တတ်သူအား ရှက်တတ်သည့် အလျှောက်၊ ကြောက်တတ်သူအား ကြောက်တတ်သည့် အလျှောက် ဆိုဆုံးမ၍ ကျောင်းသားများ၏ ပညာရေး အရည်အသွေး မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုးစားနိုင်ပါသော ဥာဏ်ရည် ဥာဏ်သွေးရှိလျှက် နှင့် ကြိုးစားချင်စိတ်မရှိသော၊ မကြိုးစားသော တပည့်များအားထိထိရောက်ရောက် ဆုံးမကာ အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။ ကျွန်တော်လည်း ဆရာများထံမှ ကြားနေကျစကား ဖြစ်၍ ဆရာမ၏ စကားအဘယ်မျှ ရည်ရွယ်ကြောင်း မရိပ်မိခဲ့ပေ။ ဆရာမထံ၌ စာသင်ကြားနေ ရင်းတဖြည်းဖြည်း နှင့်မှ ဆရာမသည်ပြော သည့်အတိုင်းဖြစ်အောင် လုပ်ကြောင်းသိရှိလာရ သည်။ အားကစား ၀ါသနာပါသော တပည့်များအတွက် ကျောင်းမှအားကစားပစ္စည်းများ မလုံလောက် လျှင် သူ့ကိုယ်ပိုင်ငွေနှင့် စိုက်ထုတ်ခါ မတည်ပေးသည်။ စားမေးပွဲများ နီးလားလျှင် လည်း ကျေင်းသားများအား လေ့လာရေးခရီးပို့ဆောင် ပေးခြင်း၊ ၆ တန်းအရွယ် ခလေးများ စိတ်ဝင်စားနိုင်မည့် သုတ ရဿ ပေးနိုင်သော ဗီဒီယို များကြည့်နိုင်ရန်စီစဉ် ပေးခြင်း စသည်ဖြင့် နှစ်လုံးပေါက် အလုပ်ရှုပ်လျှက်ရှိသည်။ ၆ တန်းနှစ်တွင် ကျွန်တော့ အတန်း၏ မော်နီတာခေါ် အတန်းခေါင်းဆောင် မှာ ကျွန်တော်ဖြစ်သည်။ ထိုကြောင့် အတန်း မော်နီတာအဖြစ် ဆရာများအား အနီးကပ်ကူညီခွင့်ရ ခဲ့ပြီး ဆရာတော်တော် များများ၏ စိတ်နေစိတ် ထား လုပ်ပုံကိုင်ပုံတို့ကို အတုယူ သင်ကြားခွင့်ရခဲ့ သလို၊ ဆရာများကလည်းသူ တို့တပည့် ကျွန်တော့၏ပညာရေး ခြေအနေကို အရင်းအတိုင်း သုံးသတ်နိုင်ခဲ့သည်။ သို့နှင့် ဆရာမက ကျွန်တော့အားကြိုးစားရန် မကြိုးစားလျှင် နောင်ကျင်အောင် ဆုံးမည်ဟု ဆိုထားခဲ့ သည်။ မည်သို့ပင်ဆရာများက ဆုံးမသောလည်း ကျွန်တော့ ပညာရေးအခြေအနေ မှာတိုး တက်မှုမရှိဘဲ၊ ခုံနံပတ် ၁ မှ ၁၀ အတွင်းပင်မ၀င်ပေ။
သို့နှင့် ကျောင်းနှစ်ပတ်လည် ဆုနှင်းသဘင် နီးလာသော အခါ အတန်း၏မော်နီတာဖြစ်သည့် အားလျှော်စွာ၊ ထိုအခမ်းအနားတွင် ကြိုဆိုနေရာချထား နှင့် ဧည်ခံရေး အဖွဲ့ တွင်ပါဝင် ရမည် ဖြစ်ကြောင်း ဆရာမ ကတာဝန်ပေးသည်။ ထိုအချိန် ထိလည်းဆရာမ ဘာကိုစောင်းပေး၍ လုပ်ကိုင် နေကြောင်း စိုးစဉ်း မျှမရိပ်မိခဲ့ပါ။ ရိပ်မိ သိရှိသည့် အချိန် တွင်တော့ မှာ ရှက်ရွံ့ အား ငယ်မှု၊ ခံပြင်းမှု ဟု မဆိုသာသော ခံပြင်းမှု တို့နှင့် “ကြိုးစားရမည်” ဟူသော စိတ်ဓါတ် ကိုပိုင် ဆိုင်ခဲ့ပေတော့သည်။ ခဏမျှသော ပိုင်ဆိုင်မှု မဟုတ်ပဲ ယ္ခုတိုင် အမြဲ တမ်းအတွက်ပိုင်ဆိုင် ခဲ့ပြီဖြစ်သော ထို စိတ်ဓါတ်အတွက် ဆရာမအားအမြဲ အမှတ်ရကာ၊ အမှတ်ရတိုင်းလည်း ကျေးဇူးတင်လျှက်ရှိ ရသည်။
ဆုနှင်းသဘင် နေ့တွင်ထုံးစံ အတိုင်း အခမ်းအနားဖြစ် မြောက်ရေးအဖွဲ့ဝင် အဖြစ်စောစီးကာ ရောက်ရှိပြီး ဆရာ ဆရာမများနှင့် ဧည့်သည်များအား နေရာချပေး၊ အစားအသောက်များစီစဉ် ပေးခြင်းဖြင့် အလုပ်ရှုပ်နေစဉ်၊ ဆရာမက “ဟိုမှာ ငြိမ်းအောင်သက် နဲ့ လင်းထွဋ္ဋ်နိုင် လာနေပြီ နေရာချပေး လိုက်ဦး၊ မင်းသူတို့နေရာသိတယ် မဟုတ်လား” ဟုဆိုသည်။ ထိုသူနှစ်ယောက် မှာ ကျွန်တော်နှင် ခင်လှစွာအမြဲတွဲသည့် သူယ်ချင်း ၂ ဦးပါပေ။ သူတိုကိုကြည့် လိုက်တော့ ကျွန်တော့ လိုပဲ လည်ကတုန်းရှပ်အဖြူ၊ တိုက်ပုံနှင့် ကျောင်းစိမ်းနှင့်ပင်။ ကျွန်တော်တို့ သူငယ်ချင်းပင် ဖြစ်သော်ညားလည်း၊ အခမ်းအနားတစ်ခု ကို တူညီဝတ်စုံဝတ်၍ တက်ရောက်ရ သော်ညားလည်း၊ တက်ရောက်ခွင့် ရပုံရနည်းခြင်း၊ အခမ်းအနားကို ပါဝင်ရပုံခြင်း မတူ ကျွန်တော့မှာ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကူညီပေးရသူ(အကူ)၊ သူငယ်ချင်း များကတော့ ထို အခမ်းအနား ဖြင့် ဂုဏ်ပြုခြင်းခံရသူများ ဟူသော အားငယ်မိသည့် ခံစားချက် ကို သူငယ်ချင်းများ အားလိုက်လံ နေရာချပေးရင်း ခံစားမိသည်။ ထို အခိုက်အတန့်လေး ကို သတိထပ်ချပ် မကွာစောင့်ကြည့်နေသော ဆရာမ က ထိုမျှနှင့် မပြီးသေးပါ၊။ အစားအသောက် ချပေးနေသော ကျောင်းသူ အများအပြားရှိပါ လျှက် ကျွန်တော့ နောက်မှ ကပ်လိုက်လာပြီးလျှင် “သူတို့ကို စားစရာတွေ ချပေးလိုက်ဦး” ဟုဆိုသည်။ ကျွန်တော့ မှာအားငယ်စိတ် နှင့်သူငယ်ချင်းနှစ်ဦးအနား လည်းမသွာလိုတော့ပါ၊ မေ့မေ့ပြောက်ပြောက် အခြားဧည့် သည်များကိုသာ သွားရောက်ဧည့်ခံ လိုသော်လည်း ဆရာမ အမိန့်ကို မလွန်ဆန်ရဲပြန်ပါ။ သို့နှင် စားသောက်ဖွယ်ရာ ပုဂံ များကိုကိုင်လျှက် ထိုသူငယ်ချင်း နှစ်ဦးထံ သွားမည်ဟု လှမ်းအကြည့် မိဘအဆွေအမျိုးများနှင့် ပညာရည်ချွန်ဆု ယူရန်တက် ရောက်လာသော သူငယ်ချင်း နှစ်ဦးမှာစကား ဖေါင်ဖွဲ့လျှက် မိန့်မိန့်ကြီးထိုင်နေကြသည်။ ထိုသူတို့ထံ လှမ်းနေသော ကျွန်တော့ခြေလှမ်းများ ၀မ်းနည်းမှု အားငယ်မှု များနှင့် လေးလံနေ သည်။ ကျွန်တော့ ကိုမှခိုင်းရက်လေ ခြင်းဟု ဆရာမအား ထိုခဏ၌ စိတ်ဆိုး မိ သည်။ ထိုနေ့မှာပင် ကျွန်တော် ဆုံးဖြတ်ချက် ကိုအခိုင် အမာချခဲ့သည်။ ကျွန်တော် ချစ်သော သူငယ်ချင်းများနှင့် ပညာရည်ချွန်ဆု အတူတကွ ယူရန်၊ ထိုနေ့လိုအခမ်းအနားမျိုး၊ ထိုနေ့လိုခံစားမှု မျိုးထပ်မံ မရရန်၊ ကျွန်တော်ချစ်သော မိဘ ကျွန်တော့ကို ပိုင်ဆိုင်ရခြင်း ကြောင့် စိတ်ပျက် အရှက်ရ ရခြင်းမျိုး မဖြစ်စေရန် ကျွန်တော် မဖြစ်မနေကြိုးစားရမည် ဟူသော အသိ၊ ထိုအသိအတိုင်း ကြိုးစားအားထုတ်မည် ဟူသောဆုံးဖြတ်ချက်ပါ တပြိုင်တည်း ချမှတ်လိုက်သည်။
၆ တန်းနှစ်တွင် ကျွန်တော် တတိယ ဆုရရှိခဲ့သည်။ ၇ တန်းနှစ်တွင် ရွှေပြည်သာ အ.လ.က (၃) သို့ ကျောင်းပြောင်းတက်နေသည်ဖြစ်ရာ ၆ တန်းအတွက် ပညာထူးချွန်ဆုကို ကျောင်းတက် ခဲ့ရာ လှည်းကူ၌ ပြန်ယူရသည်။ အတန်းပိုင် ဆရာမနှင့်လည်း ပြန်တွေ့ ကာ ဆရာမ အား အထင်လွဲစွာစိတ်ဆိုးမိကြောင်းတောင်း ပန်၍ နောင်တွင် ကျွန်တော့ မိဘများ၊ ဆရာသမာများ ဖြစ်စေချင်သည့် ပုံစံအတိုင်းကြိုးစားသွား မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ထိုနှစ်မှ စ၍ အထက်တန်းကျောင်းသား ဘ၀တလျှောက် ဆုမရသော နှစ်မရှိခဲ့ သလို စက်မှုတက္ကသိုလ် သို့ တက်ရောက် ပညာသင်ကြားခွင့်ရခဲ့သည်။ အင်ဂျင်နီရာ ဆိုသော ပညာ လေးဖြင့် ဘ၀တွင် အသက်မွေးဝမ်း ကြောင်းခွင့်ရခဲ့သည်။
ကျွန်တော်စဉ်းစားကြည့် မိသည်၊ ထိုအချိန်ကသာ မိဘစကား၊ ဆရာ့စကား အဆိုဆုံးမ တို့ကို နားမ၀င်ပဲ ပညာကိုသာ စိုက်လိုက်မတ်တတ် မသင်ယူခဲ့ပါလျှင်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စာတတ် သော ကျွန်တော် ခုချိန်ဆို ဆိုက်ကားသမား သို့မဟုတ် စာရင်းငှာတော့ ကောင်းကောင်းဖြစ် နေလောက်ပေပြီ။ ကျွန်တော်ဒီနေ့ ဒီအချိန် လူများကြားမှာ ပညာဆိုသော အထောက်အပံ ဖြင့် မားမားမတ်မတ် ရပ်တည်နိုင်အောင် မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ် ခဲ့သော မိဘ၏ကျေးဇူး အထွေထွေကို လည်းကောင်း၊ အတတ်လည်းသင် ပဲ့ပြင်ဆုံးမခဲ့သော အပြားပြားသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အားလည်းကောင်း ဤ ပို့လေးဖြင့် အမှတ်တရ ဂါဝရပြု အပ်ပါသည်။

Subscribe to:
Posts (Atom)