ကျွန်တော် သည် ကိုယ်တိုင်ကိုယ်ကျ နားလည်ထားသော အကြောင်းအရာဖြစ်လင့်ကစ သူတပါးအားမှားယွင်းစွာ ပြောပြတတ်သူသာဖြစ်သည်။
ပထမ Semester စာမေးပွဲကြီးနီး လာ၍ စာဖတ်ခြင်း/တွက်ခြင်းများနှင့် အလုပ်ရှုပ်နေခဲ့သော ကျွန်တော်သည် ၀င်လာသော SMS ၏ အသံကြောင့် Hand phone စီသို့ အာရုံ ရောက်သွား သည်။
Singapore သိုရောက်ပြီး HP ကိုင်စတွင် လွယ်ကူ အဆင်ပြေခြင်းကြောင့် HP ၏ အကျိုးများကိုသာတွေ့ခဲ့သော်လည်း အချိန် ကြာလာသည်နှင့် အမျှ အကျိုးများသာမကပဲ အပြစ်အဖြစ် ရှု့မြင်နိုင်သော အနှောင့် အယှက်များပါ HP ကသယ်ဆောင်လာခဲ့သည်။
Seminar သို့မဟုတ် Lecture ခန်းဝင်လျှင် ဒုတိယ သိုမဟုတ် တတိယ တန်း အလယ်တွင် ထိုင်တတ်သော ကျွန်တော်သည် ၎င်းအခန်းများအတွင်းရှိစဉ် ဖုန်းခေါ်ခံရလျှင် အသံပိတ်ထားသည့်တိုင် ပြန်ဖြေဖို့ အမြဲအခက်တွေ့ ရသည်။ Lecture နှင့် Seminar များသည် English လိုသာပေးခြင်းဖြစ် သည့် အတွက် ကျွန်တော့အဖို့ ဘာသာ စကားတခုအပေါ်တက်၍ အတတ်ပညာတခုလှမ်းယူနေသည်နှင့်သာတူသည်။ ထိုကြောင့် ကျွန်တော့်အာရံစူးစိုက်မှုကို အနှောင်အယှက်ဖြစ်စေသော အရာမှန်သမျှအပေါ်တွင် ကျွန်တော်စိတ်ရှည်လေ့မရှိပေ။ ထို့ထက်ပို ဆိုးသည်မှာ ကျွန်တော်ဒီ Course ကို တနှစ် အတွင်းပီးမှရမည်။ ကာလထပ်ဆန့်ရန် မဖြစ်နိုင်ပေ။ အချိန်ထပ်ဆန့်ရန် (ဝါ) Semester တခုထပ်တိုးရန် ကျွန်တော် တွင်ပိုက်ဆံ အလုံအလောက်မရှိပါ။ ကံကိုယုံ ၍ လစာကောင်းသော Part Time အလုပ် ရလိမ့်မည်ဟုလည်း မစွန့်စားရဲပါ…
ထိုထိုသောအကြောင်းများကြောင့် ကျွန်တော်သိပါသည် ကျွန်တော် ခပ်ဆတ်ဆတ် ဖုန်းဖြေခဲ့မိသော ဆက်ဆံခဲ့မိသော သူငယ်ချင်းများစွာ ရှိပါသည်။ ထိုသို့သော အဖြစ် အပျက်များသည် ကျွန်ဘက်မှကြည့်လျှင် လက်ဖဝါး ထိုသူတို့ဘက်မှကြည့်လျှင် လက်ဖမို့ ကဲ့သိုသောဖြစ်ရပ်မျှသာဖြစ်၍ ထိုသူတိုကို တန်းဖိုးထားသည့်တိုင် အထွေအထူး အဖြစ်ဘယ်တုန်းကမျှ လိုက်လံမရှင်းပြဖြစ်ခဲ့ပါ…
ဒုတိယ အကြိမ်ဝင်လာသော SMS အသံက ကျွန်တော့် အတွေးစ ကိုပြတ်တောက်သွားစေသည်။ ဘယ်သူ့ဆီကဖြစ်လိမ့် မလဲ စဉ်းစားရင်း ကျွန်တော် HP ကိုကောက်ယူဖတ်လိုက်သည်… ကျွန်တော့် အမ ဆီမှ ဖြစ်သည်။ ကျွန်တော့်အား ဝမ်းသာကြည် နှူးစေသော SMS ဖြစ်သလို ယ္ခုတိုင် တွေးမိတိုင်း ဝမ်းမြောက်စေခဲ့သော SMS လည်းဖြစ်သည်။ SMS သည်တိုတို နှင့် ရှင်းရှင်း မျှသာဖြစ်၍ “ခလေးလေးရေ ငါလခဝင်လာပြီ နင် ဘာယူမလဲ” ဟူ၍ဖြစ်သည်။
ကျွန်တော့်အမ သည် ယ္ခု အသက်အရွယ်ရောက်သည့်တိုင် ကျွန်တော့်အား “ခလေးလေး” ဟူ၍သာ ခေါ်လေ့ရှိပါသည်။ ၎င်း SMS သည် တခြားသူများ အတွက်သာမာန် SMS မျှသာဖြစ်သော်လည်း စာသင်ကြားရန် ငွေကြေးအတွက် အမြဲပူပင်နေရသော ကျွန်တော့် အတွက် ခွန်အားဖြစ်စေသကဲ့သို့ ပထမဆုံးရသော လခအတွက်ပျော်ရွှင်မှုကို ကျွန်တော့အားမျှဝေပေးခဲ့သော အမ၏ မေတ္တာ အတွက်လည်းကျေးဇူးတင် မဆုံးအောင်ဖြစ်ရသည်။
သိုပေမဲ့ ကျွှန်တော် ကို ကျွန်တော်ပြန်မေးမိသည် ကျွန်တော်သူ့ကို စိတ်ချမ်းသာစေခဲ့ရဲ့လား။ ပြန်ဖြေသည့် SMS က အစ ကိုးလိုး ကန်လန့်ဖြစ်အောင် ပြန်ဖြေခဲ့ မိသည်။ “Mercedes လိုချင်သည်” ဟူ၍…
ကျွန်တော်သူ့ကို ပေးချင်ခဲ့သော Message သည် “ကျွန်တော်တို့ကြိုးစားရဦး မည်၊ အလွယ်တကူသုံး၍မရသေး၊ အကောင်းဆုံး ဆိုတာကို လူတိုင်း သုံးချင်၍ ယ္ခု လောလောဆယ် သုံး၍မဖြစ်နိုင်သေး… “ စသည်ဖြင့်ဖြစ်သည်။ သူနားလည် သွားသည် က သူ့ ကို အရွဲ့တိုက်သည် ဂွတိုက် သည် ယ္ခုလစာနှင့် မဝယ်နိုင် မှန်းသိလျှက်နှင့် သက်သက် နှိပ် ကွပ်သည်ဟု မြင်သွားသည်…
ဖြတ်သန်းခဲ့ပြီးသော ၂၈ နှစ်တွင် ကျွှန်တော်သည် သူတပါး ဘာလိုအပ်သည် ဘာလိုချင်သည် ကို ဘယ်သောအခါမှ မစဉ်းစားမိပဲ ကျွန်တော်ပေးချင်သောအရာများကို စဉ်းစား၍ပေးခဲ့သလို ကျွန်တော်ပေးခဲ့သော အရာများသည် လည်း ထိုသူတို့၏ လက်ထဲတွင် တန်ဖိုးမဲ့စွာ ကွယ်ပြောက် သွားမြဲသာဖြစ်သည်။ ကျွန်တော် ၏ တင်ပြပုံမှားယွင်းခြင်းကြောင် ကျွန်တော်၏ ပတ်ဝန်းကျင်ကို အမှားများ ထပ်မလုပ်မိရန်သာ ဆုတောင်းနေမိ ပါတော့သည်။