Showing posts with label NEWS. Show all posts
Showing posts with label NEWS. Show all posts

Friday, September 11, 2009

New International Airport, Myanmar

နိုင်ငံတကာ အဆင့်မှီ လေယာဉ်ကွင်း တခုကို မြန်မာနိုင်ငံ ၏ မြို့တော်သစ် အစိုးရရုံးစိုက်ရာ နေပြည်တော် တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သတင်းစာ များအရသိရှိရ သည်။ ၎င်း လေယာဉ် ကွင်းသစ်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်ခဲ့ သော ပုဂ္ဂလိကပိုင် ကုမ္မဏီ ဖြစ်သည့် Asia World ကုမ္မဏီ မှ တာဝန်ယူ တည်ဆောက်သွား မည် ဖြစ်သည်။ ၎င်းစီမံ ကိန်း တွင် အဆင့် ၃ ဆင့် ပါရှိမည် ဖြစ်ပြီး လ ၃၀ ကြာမြင့် မည်ဖြစ်သည်။ စီမံကိန်း ပထမ အဆင့် ပီးစီးသွားပါ က နှစ်စဉ် ခရီးသည် ၃.၅ သန်းဝင်ထွက် နိုင်မည်ဖြစ်ပြီး၊ စီမံကိန်းတခုလုံး ပီးစီးသွားပါက နှစ်စဉ် ခရီးသည် ၁၀.၅ သန်း ၀င် ထွက် အသုံး ပြု နိုင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ကုန်ကျစရိတ် နှင့် စီမံကိန်းပီးစီးသွားပါက လေကြောင်း လိုင်းများအား မည်သို့ စီမံ ခန့်ခွဲမည် ကိုမူ ထုတ်ဖေါ်ပြော ကြားခြင်း မရှိပေ။


Ref : AFP(NEWS)/MIZZIMA(PHOTO)

Wednesday, September 9, 2009

Kaladan Multi-Modal Transit

၂၀၀၈ခုနှစ် နှစ်ဦးပိုင်းတွင် Kaladan Multi-Modal Transit အမည်ရသော US$ 120M တန်ဖိုးရှိ Project ကို အကောင်အထည်ဖေါ်ရန် မြန်မာ နှင် India သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ၎င်း Project တွင် ကုန်းလမ်းနှင့် ရေလမ်းပို့ဆောင်ရေး နှစ်မျိုးလုံး ပါဝင်မည်ဖြစ် ပြီး၊ ၄ နှစ် အတွင်း တည်ဆောက်ပီးစီးရန် ခန့်မှန်းတားသည်။

Project တွင် အစိတ်အပိုင်း ၃ ပိုင်းပါဝင်မည်ဖြစ်ပြီး၊ ပထမ အပိုင်းမှာ အဂ်လိပ်ခေတ် ကတည်းကရှိခဲ့သော စစ်တွေ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ ဒုတိယ အပိုင်းမှာ ကုလားတန် မြစ်ကြောင်းတလျှောက် ကလက်ဝ အထိ ကုန်စည်ပို့ဆောင် နိုင်စေရေး ဖြစ်ကာ၊ တတိယ အပိုင်းမှာ ကလက်ဝ မှ စိုင်ဟာ (Saiha - Mizoram) အထိ ကုန်စည် ပို့ဆောင်နိုင်သော လမ်းဖေါက် လုပ်ရေးဖြစ်သည်။ ၎င်း လမ်းပိုင်းသည် India ပြည်ရှိ India အမျိုးသား အဝေးပြေးလမ်း (၅၄) နှင့် သွားရောက်ပေါင်းဆုံမည် ဖြစ်သည်။

စစ်တွေ ဆိပ်ကမ်းမှာ India နိုင်ငံ Mizoram ပြည်နယ် Aizawl မှ ၄၀၀ ကီလိုမီတာ ကွာဝေးပြီး၊ နယ်စပ်မှ ၂၅၀ ကီလိုမီတာ ကွာဝေးသည်။ ၎င်း ဆိပ်ကမ်းအား Maritime Company မှ ဦးစီးကာ အိန္ဒိယ မှ ကျွမ်းကျင် အလုပ်သမားများနှင့် တည်ဆောက်သွားမည် ဖြစ်သည်။

စီမံကိန်း၏ တတိယ အပိုင်းဖြစ်သော လမ်းဖေါက်လုပ်ရေးအား RITES (Rail India Technical Economic Services) မှ ဦးစီး အကောင် အထည်ဖေါ်မည် ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ် အတွင်းပြီးစီး ရန် ခန့်မှန်းထားသည်။
၎င်းစီမံကိန်းပြီးစီးသွားပါ က အိန္ဒိယနိုင်ငံ ၏ ပြည်တွင်း ပြည်ပ ကုန်သွယ်ရေး မှာ များစွာ လွယ်ကူ အဆင်ပြေသွားမည်ဖြစ်သည်။

Ref: 1) http://www.burmeseclassic.com/news_detail.php?id=1322&type=3
2) http://lyansamte.blogspot.com/2008/04/kaladan-multi-modal-transit-transport.html